ထိုကာလ၌ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး၏အမှုထမ်းတို့သည် ဂျေရုဆလင်မြို့ကို ချီတက်ဝိုင်းရံထား၏။
၄ ရာ 25:2 - မြန်မာ့စံမီသမ္မာကျမ်း ဇေဒကိမင်းကြီးနန်းစံ တစ်ဆယ့်တစ်နှစ်တိုင်အောင် မြို့ကိုဝိုင်းထားကြ၏။ Common Language Bible ထိုနောက်ဇေဒကိ၏နန်းစံတစ်ဆယ့်တစ်နှစ် မြောက်တိုင်အောင် မြို့ကိုဝိုင်းထား၏။- Garrad Bible ဇေ ဒ ကိ မင်း နန်း စံ ဆယ့် တစ် နှစ် တိုင် အောင် တပ် စွဲ ဝိုင်း ထား ကြ၏။ Judson Bible ဇေဒကိမင်းနန်းစံ တစ်ဆယ်တစ်နှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။ |
ထိုကာလ၌ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး၏အမှုထမ်းတို့သည် ဂျေရုဆလင်မြို့ကို ချီတက်ဝိုင်းရံထား၏။
ဇေဒကိမင်းကြီး နန်းစံကိုးနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် မိမိစစ်သည်အပေါင်းတို့နှင့်တကွ ဂျေရုဆလင်မြို့သို့စစ်ချီလာ၍ မြို့ပြင်၌စခန်းချကြ၏။ မြို့ပတ်ပတ်လည်၌ မြေကတုတ်ကိုဆောက်ကြ၏။
ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
နေဗုခဒ်နေဇာမင်းကြီးနန်းစံတစ်ဆယ့်ရှစ်နှစ်၊ ယုဒဘုရင်ဇေဒကိမင်းကြီးနန်းစံဆယ်နှစ်တွင် ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၏။
သင်ယုံကြည်ကိုးစားသော သင့်ပြည်တစ်ပြည်လုံးရှိမြို့အားလုံး၏မြင့်မားခိုင်ခံ့သောမြို့ရိုးများ မပြိုကျမချင်း သူတို့သည် သင့်ကိုဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်တစ်ပြည်လုံးရှိမြို့အားလုံးကို သူတို့ဝိုင်းထားလိမ့်မည်။