ဖာရောနေခေါမင်းကြီးသည် သူ့ကို ဂျေရုဆလင်မြို့တွင် နန်းချပြီး ဟာမတ်ပြည်၊ ရိဗလမြို့တွင် အကျဉ်းချထား၍ တိုင်းပြည်ကိုလည်း ငွေတာလန်တစ်ရာ၊ ရွှေတစ်တာလန် ဒဏ်တပ်လေ၏။
၄ ရာ 23:35 - မြန်မာ့စံမီသမ္မာကျမ်း ယောယကိမ်မင်းကြီးသည် ဖာရောနေခေါမင်းကြီးကို ရွှေငွေများ ဆက်သရ၏။ သူသည် ဖာရောမင်းကြီးအမိန့်ဖြင့် ဆက်သရသောအခွန်ငွေများကို ပြည်သူပြည်သားများထံ ကောက်ခံ၏။ ဖာရောနေခေါမင်းကြီးထံ ဆက်သရမည့် ရွှေငွေများကို နှုန်းထားသတ်မှတ်၍ ပြည်သူပြည်သားများထံ အဓမ္မကောက်ခံ၏။ Common Language Bible ယောယကိမ်မင်းသည်အီဂျစ်ဘုရင်တောင်းခံ သည့်အခွန်ဘဏ္ဍာကိုဆက်သနိုင်ရန် ပြည်သူ တို့ထံမှဋ္ဌနအင်အားအလိုက်အချိုးကျ အခွန်တော်ကိုကောက်ခံလေသည်။ Garrad Bible ယော ယ ကိမ် မင်း သည် ဖာ ရော မင်း တပ် ခဲ့ သော ဒဏ် ငွေ ကို ဆက် သွင်း ရန် ပြည် သူ ပြည် သား တို့ အ ပေါ်၌ ပျမ်း မျှ ဖြတ် ဆို သည့် အ လျောက် အ သီး အ သီး တို့ ရွှေ ငွေ ကို အ နိုင့် အ ထက် ကောက် ခံ၍ ဖာ ရော နေ ခေါ မင်း ထံ ဆက် သွင်း ရ လေ ၏။ Judson Bible ယောယကိမ်သည်လည်း ဖာရောဘုရင် အမိန့်တော်အတိုင်း၊ တစ်ပြည်လုံးတွင် ရွှေငွေခွဲ၍ ဖာရောဘုရင်အား အခွန်ဆက်ရ၏။ ပြည်သူပြည်သား အသီးအသီးတို့ကို ရွှေငွေခွဲသည်အတိုင်း၊ ကျပ်တည်းစွာတောင်း၍ ဖာရောနေခေါအား ဆက်လေ၏။ |
ဖာရောနေခေါမင်းကြီးသည် သူ့ကို ဂျေရုဆလင်မြို့တွင် နန်းချပြီး ဟာမတ်ပြည်၊ ရိဗလမြို့တွင် အကျဉ်းချထား၍ တိုင်းပြည်ကိုလည်း ငွေတာလန်တစ်ရာ၊ ရွှေတစ်တာလန် ဒဏ်တပ်လေ၏။
လူစည်ကားခဲ့သောမြို့ကြီး အထီးကျန်နေပါပြီတကား။ တိုင်းနိုင်ငံတို့၏ အထွတ်ရောက်ခဲ့ဖူးသောမြို့ကြီး မုဆိုးမဘဝသို့ရောက်ရပါပြီတကား။ ပြည်တကာတို့၏ဘုရင်မကြီး အစေခံဘဝသို့ရောက်ရပါပြီတကား။