ဖာရောမင်းကြီးသည် ယောသပ်၏အမည်ကို ဇာဖဏာသဖာဏ ဟုမှည့်ခေါ်၍ ယောသပ်ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်နှင့်ထိမ်းမြားပေး၏။ ထို့နောက် ယောသပ်သည် အီဂျစ်ပြည်ကိုလှည့်လည်ကြည့်ရှုရန်ထွက်သွား၏။
၄ ရာ 23:34 - မြန်မာ့စံမီသမ္မာကျမ်း ဖာရောနေခေါမင်းကြီးသည် ယောရှိမင်းကြီး၏သားတော်ဧလျာကိမ်ကို ခမည်းတော်ယောရှိ၏အရိုက်အရာကို ဆက်ခံစေပြီး ယောယကိမ် ဟုအမည်ပြောင်းပေး၏။ ယောခတ်မင်းကြီးကို အီဂျစ်ပြည်သို့ ခေါ်ဆောင်သွားပြီး ထိုပြည်တွင်ပင် သူအနိစ္စရောက်လေ၏။ Common Language Bible နေခေါမင်းသည်ယောရှ၏သားတော်ဧလျာကိမ် အား ယောယကိမ်ဟူသောနာမည်သစ်ကိုပေး၍ ခမည်းတော်၏အရိုက်အရာ၌နန်းတင်လေ သည်။ ယောခတ်ကိုမူအီဂျစ်ပြည်သို့ခေါ်ဆောင် သွား၏။ ယောခတ်သည်ထိုပြည်၌ပင်ကွယ်လွန် လေသည်။ Garrad Bible ဖာ ရော နေ ခေါ မင်း သည် ယော ရှိ မင်း သား တော် ဧ လျာ ကိမ် ကို ယော ယ ကိမ် အ မည် သစ် ပြောင်း ၍ ခ မည်း တော့် အ ရိုက် အ ရာ၌ နန်း တင် လျက် ယော ခတ် မင်း ကို အိ ဂျစ် ပြည် သို့ ယူ သွား ရာ ထို ပြည် တွင် ကွယ် လွန် လေ ၏။ Judson Bible ဖာရောနေခေါသည်လည်း၊ ယောရှိသားဧလျာကိမ်ကို ခမည်းတော်အရာ၌ နန်းတင်၍ ယောယကိမ် အမည်သစ်ကို ပေး၏။ ယောခတ်ကို အဲဂုတ္တုပြည်သို့ယူသွား၍ ထိုပြည်၌ ယောခတ်သည် သေ၏။ |
ဖာရောမင်းကြီးသည် ယောသပ်၏အမည်ကို ဇာဖဏာသဖာဏ ဟုမှည့်ခေါ်၍ ယောသပ်ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်နှင့်ထိမ်းမြားပေး၏။ ထို့နောက် ယောသပ်သည် အီဂျစ်ပြည်ကိုလှည့်လည်ကြည့်ရှုရန်ထွက်သွား၏။
ယောရှိမင်းကြီးလက်ထက်တွင် အီဂျစ်ဘုရင်ဖာရောနေခေါမင်းကြီးသည် အဆီးရီးယားဘုရင်ကိုတိုက်ခိုက်ရန် ယူဖရေးတီးမြစ်သို့ စစ်ချီသွားသည်ကို ယောရှိမင်းကြီးထွက်လာ၍ မေဂိဒ္ဒေါအရပ်တွင် သူ့ကိုရင်ဆိုင်တိုက်ခိုက်ရာ သူသည် ယောရှိမင်းကြီးကိုတွေ့ပြီး ကွပ်မျက်လိုက်လေ၏။
ထို့ပြင် ဘေဘီလုံဘုရင်သည် ယောယခိမ်မင်းကြီး၏ဘထွေးတော်မတ္တနိကို မင်းကြီး၏အရိုက်အရာဆက်ခံစေပြီး ဇေဒကိဟုအမည်ပြောင်းပေး၏။
ယောရှိ၏သားများမှာ သားဦးယောဟနန်၊ ဒုတိယသားယောယကိမ်၊ တတိယသားဇေဒကိ၊ စတုတ္ထသားရှလ္လုံ တို့ဖြစ်ကြ၏။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီးလက်ထက်နှင့် ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ဇေဒကိမင်းကြီး နန်းစံတစ်ဆယ့်တစ်နှစ်၊ ပဉ္စမလ ဂျေရုဆလင်မြို့သားတို့ ဖမ်းခေါ်သွားခြင်းခံရသည့်အချိန်ထိ ယေရမိထံသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ကား ဤသို့ဖြစ်၏။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီးအုပ်စိုးချိန်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၍
နန်းတော်အုပ်က သူတို့အား နာမည်သစ်များပေး၏။ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိယကို ရှာဒရက်၊ မိရှေလကို မေရှက်၊ အာဇရိကို အဗေဒနေဂေါ ဟုအမည်ပေး၏။
ထိုမှ အရာဗလွင်ပြင်မြောက်ဘက်မျက်နှာချင်းဆိုင် တောင်စောင်းတစ်လျှောက် ဆက်ဆင်းလာပြီး အရာဗလွင်ပြင်သို့ ရောက်၏။