ယောရှိမင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်တွင် မင်းကြီးသည် မေရှုလံ၏မြေး၊ အာဇလိ၏သား စာရေးတော်ကြီးရှာဖန်ကို ထာဝရဘုရား၏အိမ်တော်သို့ စေလွှတ်၍
၄ ရာ 23:23 - မြန်မာ့စံမီသမ္မာကျမ်း ယောရှိမင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်သို့ရောက်မှသာ ထာဝရဘုရားအဖို့ ဤကဲ့သို့သောပသခါပွဲကို ဂျေရုဆလင်မြို့တွင် ကျင်းပခဲ့ကြခြင်းဖြစ်၏။ Common Language Bible ယခုယောရှိ၏နန်းစံတစ်ဆယ့်ရှစ်နှစ်မြောက် ၌ ယေရုရှလင်မြို့တွင်ပသခါပွဲကိုကျင်းပ ခြင်းဖြစ်သတည်း။ Judson Bible ယောရှိမင်းကြီးနန်းစံဆယ်ရှစ်နှစ်တွင် ထိုပွဲကို ယေရုရှလင်မြို့၌ ထာဝရဘုရားအား ဆောင်ကြသတည်း။ |
ယောရှိမင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်တွင် မင်းကြီးသည် မေရှုလံ၏မြေး၊ အာဇလိ၏သား စာရေးတော်ကြီးရှာဖန်ကို ထာဝရဘုရား၏အိမ်တော်သို့ စေလွှတ်၍
အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ခဲ့သောတရားသူကြီးများလက်ထက်မှစ၍ အစ္စရေးဘုရင်များနှင့် ယုဒဘုရင်များလက်ထက်တစ်လျှောက်လုံးတွင် ဤကဲ့သို့သောပသခါပွဲမျိုး တစ်ခါမျှမကျင်းပခဲ့ဖူးချေ။
ယောရှိမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်၌ ယဇ်ပုရောဟိတ်ဟိလခိတွေ့ရှိခဲ့သောကျမ်းတွင်ရေးသားထားသည့် ပညတ်တရားစကားတော်တို့ကို စောင့်ထိန်းရန် ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်တွင်တွေ့ရှိသော နတ်ဝင်သည်များ၊ နတ်ထိန်းများ၊ တေရပ်ရုပ်တုအပါအဝင်ရုပ်တုဆင်းတုများနှင့် စက်ဆုပ်ရွံရှာဖွယ်အရာအားလုံးတို့ကိုလည်း ဖယ်ရှားပစ်၏။
ထိုယဇ်ကောင်ကို သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ချက်ပြုတ်စားရမည်။ နံနက်အချိန်ရောက်မှ သင်သည် မိမိ၏တဲသို့ပြန်သွားရမည်။