အထွတ်အမြတ်ထားရာကျောက်တိုင်များကို ချိုးပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်ပြီး ထိုနေရာကို လူသေအရိုးများနှင့် အုပ်ထားလိုက်လေ၏။
ယောရှိမင်းသည်ကျောက်တိုင်များကိုဖြိုဖျက် ၍ အာရှရဘုရားမ၏တံခွန်တိုင်များကို ခုတ်လှဲကာ ယင်းတို့တည်ရာဌာနများတို့ကို လူသေအရိုးတို့နှင့်ပြည့်စေလေ၏။-
ဆိုင် ရာ ကျောက် တိုင် များ ကို ချိုး ဖဲ့၍ တံ ခွန် တိုင် များ ကို ခုတ် လှဲ ပြီး လျှင် ထို ဌာ န များ ကို လူ့ အ ရိုး များ နှင့် ပြည့် စေ လေ ၏။
ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့၍ အာရှရပင်တို့ကို ခုတ်လှဲပြီးမှ၊ သူတို့တည်ရာအရပ်များကို လူသေအရိုးတို့နှင့် ပြည့်စေတော်မူ၏။
သူသည် အထွတ်အမြတ်ထားရာနေရာများကို ဖယ်ရှားပြီး ကျောက်တိုင်များကို ဖြိုလှဲပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကို လှဲချပြီး မောရှေသွန်းလုပ်ခဲ့သောကြေးနီမြွေရုပ်ကိုလည်း ထုခွဲပစ်၏။ အကြောင်းမူကား ထိုအချိန်အထိ အစ္စရေးလူမျိုးတို့သည် ထိုမြွေရုပ်ကို နဟုတ္တန် ဟုခေါ်ဆိုပြီး နံ့သာပေါင်းကို မီးရှို့ပူဇော်တတ်ကြ၏။
ထို့နောက် ယောရှိမင်းကြီးသည် ဝန်းကျင်ကိုလှည့်ကြည့်လိုက်သောအခါ တောင်ပေါ်တွင် သင်္ချိုင်းဂူများကို တွေ့သဖြင့် လူလွှတ်၍ သင်္ချိုင်းဂူအတွင်းရှိ အရိုးတို့ကိုယူစေပြီး ယဇ်ပလ္လင်ပေါ်တွင် မီးရှို့၍ ယဇ်ပလ္လင်ကို ညစ်ညူးစေ၏။ ဤသို့ဖြင့် ဘုရားသခင်၏လူ ကြိုတင်ဟောပြောခဲ့သည့်ထာဝရဘုရား၏စကားတော်များအတိုင်း ဤအရာတို့ ဖြစ်လာလေ၏။
သူတို့၏ဘုရားများကို မပျပ်ဝပ်ရ။ မကိုးကွယ်ရ။ သူတို့၏ဓလေ့ထုံးစံများအတိုင်း မပြုကျင့်ရ။ ထိုဘုရားများကို ရှင်းရှင်းဖြိုဖျက်ရမည်။ သူတို့အထွတ်အမြတ်ထားသောကျောက်တိုင်များကို အကုန်အစင်ဖြိုလှဲရမည်။
သင်သည် သူတို့၏ယဇ်ပလ္လင်များကို ဖြိုဖျက်ပစ်၍ သူတို့၏ကျောက်တိုင်များကို ဖြိုလှဲရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲရမည်။
ဤနည်းဖြင့် ကိုယ်တော်သည် ယာကုပ်အမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူ၏။ ယဇ်ပလ္လင်ကျောက်ရှိသမျှတို့ကို ထုံးကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့စေ၍ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကို ဖြိုလှဲခြင်းသည် သူ၏အပြစ်ကိုဖယ်ရှားသည့်အကြောင်းရင်း ဖြစ်၏။
‘ငါသည် သစ်တစ်ပိုင်းကိုမီးရှို့၍ မီးခဲပေါ်တွင် မုန့်ဖုတ်လေပြီ။ အသားကိုလည်း ကင်၍ စားလေပြီ။ ကျန်တစ်ပိုင်းကို စက်ဆုပ်ရွံရှာဖွယ်သောအရာဖြစ်စေရမည်လော။ သစ်တုံးရှေ့တွင် ငါပျပ်ဝပ်ရမည်လော’ဟု ဆိုနိုင်လောက်အောင် မည်သူမျှ မဆင်ခြင်၊ မည်သူမျှ အသိတရားမရှိ၊ ဉာဏ်မရှိ။
သင်တို့၏ရုပ်တုများရှေ့တွင် အစ္စရေးအမျိုးသားတို့၏အလောင်းကို ပစ်ထားမည်။ ယဇ်ပလ္လင်ဝန်းကျင်တွင် အရိုးများကို ကြဲဖြန့်ထားမည်။
ထိုမြို့ရှိ ရုပ်တုအားလုံးကို အစိတ်စိတ်အမွှာမွှာဖြစ်စေမည်။ ပြည့်တန်ဆာလုပ်၍ရသောအခအားလုံးကို မီးလောင်ကျွမ်းစေမည်။ ရုပ်တုရှိသမျှကိုလည်း အပျက်အစီးပုံဖြစ်စေမည်။ သူစုဆောင်းထားသောပြည့်တန်ဆာလုပ်အားခသည် ပြည့်တန်ဆာအခ ပြန်ဖြစ်လိမ့်မည်။”
လယ်ယာ၌နေသောသူမည်သူမဆို ဓားဖြင့်အသတ်ခံရသောသူကိုဖြစ်စေ၊ အလိုလိုသေသောသူကိုဖြစ်စေ၊ လူသေအရိုးကိုဖြစ်စေ၊ သင်္ချိုင်းဂူကိုဖြစ်စေ ထိမိလျှင် သူသည် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။
စင်ကြယ်သောသူသည် ဟုဿုပ်ညွန့်ကိုယူ၍ ထိုရေထဲသို့နှစ်ပြီး တဲနှင့် တဲထဲရှိအသုံးအဆောင်အားလုံးကိုလည်းကောင်း၊ တဲထဲရှိလူတို့ကိုလည်းကောင်း၊ လူသေအရိုး၊ အသတ်ခံရသူ၊ အလိုလိုသေသောသူ၊ သင်္ချိုင်းဂူကို ထိမိသောသူကိုလည်းကောင်း ဖျန်းရမည်။
ထိုပြည်၌နေထိုင်သောသူရှိသမျှတို့ကို သင်တို့ရှေ့မှ နှင်ထုတ်၍ သူတို့၏ကျောက်ဆစ်ရုပ်တုရှိသမျှတို့ကို ဖျက်ဆီးရမည်။ သူတို့သွန်းလုပ်သောရုပ်တုရှိသမျှတို့ကိုလည်း ဖျက်ဆီး၍ သူတို့အထွတ်အမြတ်ထားရာနေရာရှိသမျှတို့ကို ဖြိုဖျက်ရမည်။
ထို့ကြောင့် သူတို့ကို ဤသို့ပြုရမည်။ သူတို့၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကျောက်တိုင်များကို ဖြိုလှဲရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကို ခုတ်လှဲ၍ ရုပ်တုဆင်းတုများကို မီးရှို့ပစ်ရမည်။