တစ်ဖန် ဒါဝိဒ်မင်းကြီးသည် အစ္စရေးလူမျိုးထဲမှ ရွေးချယ်ထားသောစစ်သည်သုံးသောင်းကို စုဝေးစေပြီးလျှင်
၄ ရာ 23:1 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်သည် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ရှိ သက်ကြီးဝါကြီးအားလုံးကို ဆင့်ခေါ်သဖြင့် သူတို့ စုဝေးရောက်ရှိလာကြ၏။ Common Language Bible ယောရှိမင်းသည်ယုဒပြည်နှင့်ယေရုရှလင် မြို့ရှိခေါင်းဆောင်များကိုဆင့်ခေါ်ပြီးလျှင်၊- Garrad Bible ထို အ ခါ ဘု ရင် မင်း သည် ယေ ရု ရှ လင် မြို့ မှ စ၍ ယု ဒ အ မျိုး လူ ကြီး တို့ ကို ခေါ် ငင် စု ဝေး စေ ပြီး လျှင် Judson Bible ထိုအခါ ရှင်ဘုရင်သည် ယုဒပြည်သူ ယေရုရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊ |
တစ်ဖန် ဒါဝိဒ်မင်းကြီးသည် အစ္စရေးလူမျိုးထဲမှ ရွေးချယ်ထားသောစစ်သည်သုံးသောင်းကို စုဝေးစေပြီးလျှင်
ထိုအခါ ယုဒအမျိုးသားအားလုံးနှင့် ဂျေရုဆလင်မြို့သားအားလုံး၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များမှစ၍ ပြည်သူပြည်သားလူကြီးလူငယ်တစ်ယောက်မကျန် ရှင်ဘုရင်နှင့်အတူ ထာဝရဘုရား၏အိမ်တော်သို့ သွားကြ၏။ ရှင်ဘုရင်သည် ထာဝရဘုရားအိမ်တော်တွင် တွေ့ခဲ့သောပဋိညာဉ်ကျမ်းစကားအလုံးစုံကို သူတို့ကြားသိအောင် ဖတ်ပြလေ၏။
ဟေဇကိမင်းကြီးသည် မနက်စောစောထပြီး မြို့အကြီးအကဲများကို စုဝေးစေ၍ ထာဝရဘုရား၏အိမ်တော်သို့ သွား၏။
ရှင်ဘုရင်နှင့်တကွ မှူးမတ်များနှင့် ဂျေရုဆလင်မြို့ရှိလူထုအပေါင်းတို့သည် ဒုတိယလတွင် ပသခါပွဲကို ကျင်းပရန် ဆုံးဖြတ်ကြ၏။
ယောရှိ နန်းတက်သောအခါ သက်တော်ရှစ်နှစ်သာရှိသေး၏။ ဂျေရုဆလင်မြို့တွင် သုံးဆယ့်တစ်နှစ် စိုးစံ၏။
ဤစကားများကို သူတို့ကြားအောင် ငါပြောကြားနိုင်မည့်အကြောင်း၊ ကောင်းကင်နှင့်မြေကြီးကိုတိုင်တည်ပြီး သူတို့ကိုဆန့်ကျင်သည့်သက်သေကိုထူနိုင်မည့်အကြောင်း သင်တို့မျိုးနွယ်များ၏သက်ကြီးဝါကြီးများ၊ သင်တို့၏ကြီးကြပ်အုပ်ချုပ်သူများ အားလုံးကို ငါ့ထံ၌ စုရုံးစေလော့။
ထို့နောက် ယောရှုသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ကို ရှေခင်မြို့၌ စုဝေးစေပြီးလျှင် အစ္စရေးသက်ကြီးဝါကြီးများ၊ ခေါင်းဆောင်များ၊ တရားသူကြီးများနှင့် ကြီးကြပ်သူများကို ဆင့်ခေါ်သဖြင့် သူတို့သည်လည်း ဘုရားသခင်၏ရှေ့တော်၌ရပ်နေကြ၏။