ယေဟုကလည်း ဝတ်လုံတိုက်မှူးအား “ဗာလဘုရားကို ဝတ်ပြုသူတို့အဖို့ ဝတ်လုံများကို ထုတ်ယူခဲ့လော့”ဟု အမိန့်ပေးသဖြင့် သူသည် လူတို့အတွက် ဝတ်လုံများကို ထုတ်ပေး၏။
၄ ရာ 22:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယဇ်ပုရောဟိတ်ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသာယတို့သည် ဂျေရုဆလင်မြို့နေရာသစ်တွင်နေထိုင်သော ဟရဟတ်၏မြေး၊ တိကဝ၏သား ဝတ်လုံတော်ထိန်းရှလ္လုံ၏မယားဖြစ်သူ ပရောဖက်မ ဟုလဒထံသွား၍ စကားပြောဆိုကြရာ Common Language Bible ဟိလခိ၊ ရှာဖန်၊ အဟိကံ၊ အာခဗော်နှင့်အ သဟိတို့သည် ယေရုရှလင်မြို့သစ်တွင်နေ ထိုင်သူဟုလဒနာမည်ရှိ အမျိုးသမီး ပရောဖက်ထံသို့သွားရောက်၍စုံစမ်းမေးမြန်း ကြရာ (ထိုအမျိုးသမီး၏ခင်ပွန်းမှာဟရ ဟတ်၏မြေး၊ တိကဝ၏သားရှလ္လုံဖြစ်၍သူ သည် ဗိမာန်တော်ဆိုင်ရာဝတ်လုံများကိုတာဝန် ယူထိန်းသိမ်းရသူဖြစ်၏။-) Garrad Bible ပ ရော ဟိတ် ဟိ လ ခိ၊ အ ဟိ ကံ အာ ခ ဗော်၊ ရှာ ဖန်၊ အ သာ ယ တို့ သည် ယေ ရု ရှ လင် မြို့ ဒု တိ ယ အ ရပ် တွင် နေ ထိုင် သူ၊ ဟ ရ ဟတ် မြေး၊ တိ က ဝ သား၊ အ ချုပ် ဝန် ရှ လ္လုံ၏ ခင် ပွန်း ပ ရော ဖက် မ ဟု လ ဒ ထံ သွား ရောက် မေး မြန်း ကြ ရာ၊ Judson Bible ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ၏သား၊ အချုပ်ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒသည် ယေရုရှလင်ပြင်မြို့၌နေသည် ဖြစ်၍၊ ယဇ်ပုရောဟိတ် ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသဟိတို့သည် ထိုမိန်းမထံသို့သွား၍ ပြောဆိုကြ၏။ |
ယေဟုကလည်း ဝတ်လုံတိုက်မှူးအား “ဗာလဘုရားကို ဝတ်ပြုသူတို့အဖို့ ဝတ်လုံများကို ထုတ်ယူခဲ့လော့”ဟု အမိန့်ပေးသဖြင့် သူသည် လူတို့အတွက် ဝတ်လုံများကို ထုတ်ပေး၏။
ပရောဖက်မက သူတို့အား “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင်တို့ကို ငါ့ထံသို့စေလွှတ်သောသူအား ဤသို့ပြန်ပြောလော့။
ထိုအခါ ဟိလခိနှင့်ရှင်ဘုရင်စေလွှတ်လိုက်သူတို့က ဂျေရုဆလင်မြို့၏နေရာသစ်တွင်နေထိုင်သော ဟရဟတ်၏မြေး၊ တိကဝ၏သား ဝတ်လုံတော်ထိန်းရှလ္လုံ၏မယားဖြစ်သူ ပရောဖက်မ ဟုလဒထံသွား၍ ဤအကြောင်းများကို ပြောပြရာ
အခြားသူတို့ကလည်း ရွှေဒင်္ဂါးပြားနှစ်သောင်း၊ ငွေမိနာ့နှစ်ထောင်၊ ယဇ်ပုရောဟိတ်ဝတ်စုံ ခြောက်ဆယ့်ခုနစ်စုံကို ပေးလှူကြ၏။
အာရုန်၏အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကိုကိုင်လျက် မိန်းမအပေါင်းတို့သည်လည်း ပတ်သာတီးလျက်၊ ကခုန်လျက် သူ့နောက်သို့လိုက်သွားကြ၏။
သူတို့သည် ယေရမိကို ထောင်ဝင်းထဲမှ ထုတ်ယူပြီးလျှင် ရှာဖန်၏မြေး၊ အဟိကံ၏သား ဂေဒလိထံသို့ သူ့ကိုအပ်၍ အိမ်သို့ပြန်ပို့စေ၏။ ဤသို့ဖြင့် ယေရမိသည် မိမိလူမျိုးတို့နှင့်အတူ နေထိုင်ရလေ၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘အချင်းလူသား၊ စိတ်ထင်ရာကို ပရောဖက်ပြုဟောပြောတတ်သော သင့်လူမျိုးသမီးပျိုတို့ကို ဆန့်ကျင်လော့။ သူတို့ကို ဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။
ငါသည် သင့်ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ရွေးနုတ်ခေါ်ဆောင်ခဲ့ပြီ။ သင့်ကိုဦးဆောင်မည့် မောရှေ၊ အာရုန်နှင့်မိရိအံတို့ကို စေလွှတ်ပေးခဲ့ပြီ။
ထိုနေ့ရက်၌ ငါးတံခါးဝမှ ငိုကြွေးသံ၊ မြို့၏နေရာသစ်မှ မြည်တမ်းသံ၊ တောင်ကုန်းများပေါ်မှကျယ်လောင်သော အက်ကွဲသံတို့ကို ကြားရလိမ့်မည်။
ထိုနေရာ၌ အာရှာအနွယ်မှ ဖနွေလ၏သမီး အန္နအမည်ရှိသော အသက်ကြီးရင့်သည့် ပရောဖက်မတစ်ဦးရှိ၏။ သူသည် ပျိုရွယ်သောအချိန်မှစ၍ ခင်ပွန်းနှင့်အတူ ခုနစ်နှစ်နေထိုင်ပြီးလျှင်
သို့သော် ဦးခေါင်းမဖုံးဘဲ ဆုတောင်းခြင်း၊ သို့မဟုတ် ပရောဖက်ပြုဟောပြောခြင်းအမှုကို ပြုသောမိန်းမတိုင်းသည် မိမိဦးခေါင်း၏အသရေကိုရှုတ်ချ၏။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် ခေါင်းတုံးရိတ်ထားသည်နှင့်တူ၏။
ထိုကာလ၌ လပိဒုတ်၏မယား ပရောဖက်မဒေဗောရသည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရ၏။