ထိုအခါ ပြည်သူပြည်သားတို့သည်အာမုန်မင်းကြီးအား လုပ်ကြံခဲ့သူအားလုံးကို ပြန်သတ်ပြီး ထိုပြည်သူပြည်သားတို့ကပင် မင်းကြီး၏သားတော်ယောရှိအား ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေ၏။
ထို့ကြောင့်ယုဒပြည်သူတို့ကအာမုန်အား လုပ်ကြံသူတို့ကိုကွပ်မျက်ပြီးလျှင် သူ၏ သားတော်ယောရှိအားနန်းတင်ကြလေ သည်။
ပြည် သူ ပြည် သား တို့ သည် အ တွင်း မီး ထ သူ တို့ ကို ကွပ် မျက် ပြီး လျှင် သား တော် ယော ရှိ ကို အ ရိုက် အ ရာ ၌ မင်း မြှောက် ကြ၏။
အာမုန်မင်းကြီးတစ်ဖက်၌ သင်းဖွဲ့သောသူအပေါင်းတို့ကို ပြည်သူပြည်သားတို့သည် ကွပ်မျက်၍ သားတော်ယောရှိကို ခမည်းတော်အရာ၌ နန်းတင်ကြ၏။
အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာကြ၏။ ဟေဗြုန်မြို့တွင် ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ သူတို့နှင့် ကတိသစ္စာပြုပြီးလျှင် သူတို့သည်လည်း ဒါဝိဒ်ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြ၏။
အစ္စရေးလူမျိုးတစ်မျိုးလုံးသည် ရောဗောင်ကိုမင်းမြှောက်ရန် ရှေခင်မြို့သို့ရောက်လာကြသဖြင့် ရောဗောင်သည်လည်း ရှေခင်မြို့သို့သွား၏။
ယေရောဗောင်ပြန်ရောက်လာပြီဖြစ်ကြောင်းကို အစ္စရေးလူမျိုးတစ်မျိုးလုံး ကြားသိလျှင် လူလွှတ်၍ သူ့ကို လူထုရှေ့သို့ခေါ်လာစေပြီး အစ္စရေးလူမျိုးအပေါင်းတို့ကို အုပ်ချုပ်ရန် မင်းမြှောက်လိုက်လေ၏။ ယုဒအမျိုးမှတစ်ပါး ဒါဝိဒ်မင်းမျိုးမင်းနွယ်နောက်သို့လိုက်သောသူမရှိ။
ထို့နောက် ယောယဒသည် ရှင်ဘုရင်နှင့် ပြည်သူပြည်သားတို့ကို ထာဝရဘုရား၏လူမျိုးတော်အဖြစ် တည်နေစေရန် သူတို့ကို ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ၏။ ထို့အတူ ရှင်ဘုရင်နှင့်ပြည်သူပြည်သားတို့ကိုလည်း အချင်းချင်းကတိသစ္စာပြုစေ၏။
ထို့နောက် ယုဒလူမျိုးအပေါင်းတို့သည် သက်တော်တစ်ဆယ့်ခြောက်နှစ်သာရှိသေးသော အာဇရိကို မင်းမြှောက်၍ ခမည်းတော်အာမဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံစေ၏။
သူသည် မိမိလက်ထက် နိုင်ငံတော်တည်မြဲလာသည့်အခါ ရှင်ဘုရင်ဖြစ်သောမိမိခမည်းတော်ကို လုပ်ကြံခဲ့သော မင်းမှုထမ်းတို့အား ကွပ်မျက်ပစ်လိုက်လေ၏။
ကျန်ရှိနေသော အာမုန်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ယောရှိနန်းတက်သောအခါ သက်တော်ရှစ်နှစ်သာရှိသေး၏။ ဂျေရုဆလင်မြို့တွင်သုံးဆယ့်တစ်နှစ် စိုးစံ၏။ မယ်တော်ကား ဗောဇကတ်မြို့သားအဒါယ၏သမီး ယေဒိဒအမည်ရှိ၏။
အာရပ်လူတို့နှင့်အတူ တပ်စခန်းသို့လိုက်လာသော ဓားပြအဖွဲ့သည် ယဟောရံမင်းကြီး၏သားတော်အကြီးအားလုံးကို သတ်ပစ်သောကြောင့် ဂျေရုဆလင်မြို့သားတို့သည် အငယ်ဆုံးသားတော်အာခဇိအား ခမည်းတော်၏အရိုက်အရာကိုဆက်ခံစေ၏။ ထို့ကြောင့် ယုဒဘုရင်ယဟောရံမင်းကြီး၏သားတော် အာခဇိ နန်းတက်လေ၏။
ထို့နောက် ယုဒလူမျိုးအပေါင်းတို့သည် သက်တော်တစ်ဆယ့်ခြောက်နှစ်သာရှိသေးသော ဩဇိကို မင်းမြှောက်၍ ခမည်းတော်အာမဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံစေ၏။
ထိုအခါ ပြည်သူပြည်သားတို့သည် အာမုန်မင်းကြီးအား လုပ်ကြံခဲ့သူအားလုံးကို ပြန်သတ်ပြီး ထိုပြည်သူပြည်သားတို့ကပင် မင်းကြီး၏သားတော်ယောရှိအား ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေ၏။
အာမုန်မင်းကြီး၏သားတော် ယုဒဘုရင်ယောရှိမင်းကြီး နန်းစံတစ်ဆယ့်သုံးနှစ်မှစ၍
လူအပေါင်းတို့သည် ဂိလဂါလမြို့သို့လိုက်သွားကြ၏။ သူတို့သည် ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ ရှောလုကို မင်းမြှောက်ကြပြီး ထာဝရဘုရားထံ မိတ်သဟာယယဇ်ကို ပူဇော်ကြ၏။ ရှောလုနှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် အလွန်ဝမ်းမြောက်ပျော်ရွှင်ကြ၏။