ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်နှစ်တွင် အစ္စရေးပြည်၌ ယေရောဗောင်မင်းကြီး၏သားတော် နာဒပ်သည် နန်းတက်ပြီး အစ္စရေးလူမျိုးကို နှစ်နှစ်အုပ်စိုး၏။
၄ ရာ 21:19 - မြန်မာ့စံမီသမ္မာကျမ်း အာမုန်နန်းတက်သောအခါ သက်တော်နှစ်ဆယ့်နှစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်နှစ်စိုးစံ၏။ မယ်တော်ကား ယုပ်ဘာမြို့သား ဟာရုပ်၏သမီး မေရှုလမက်အမည်ရှိ၏။ Common Language Bible အာမုန်သည်အသက်နှစ်ဆယ့်နှစ်နှစ်ရှိသော အခါ ယုဒဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့၌နှစ်နှစ်မျှနန်းစံရလေသည်။ သူ ၏မယ်တော်မှာယုမ္ဘာမြို့သား ဟာရုပ်၏သမီး မေရှုလမက်ဖြစ်၏။- Garrad Bible အာ မုန် မင်း သည် အိမ် နိမ့် နှစ် ဆယ့် နှစ် ရှိ သော်၊ နန်း တက်၍၊ ယေ ရု ရှ လင် မြို့၌ နှစ် နှစ် သာ စိုး စံ ရ ၏။ မယ် တော့် အ မည် ကား ယုမ္ဘာ မြို့ သား ဟာ ရုပ် ၏ သ မီး၊ မေ ရှု လ မက် တည်း။ Judson Bible အာမုန်သည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်နှစ်စိုးစံလေ၏။ မယ်တော်ကား ယုပ္ဘါမြို့သူ ဟာရုပ်သမီး မေရှုလမက်အမည်ရှိ၏။ |
ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်နှစ်တွင် အစ္စရေးပြည်၌ ယေရောဗောင်မင်းကြီး၏သားတော် နာဒပ်သည် နန်းတက်ပြီး အစ္စရေးလူမျိုးကို နှစ်နှစ်အုပ်စိုး၏။
ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်ဆယ့်ခြောက်နှစ်တွင် ဗာရှာမင်းကြီး၏သားတော်ဧလာ နန်းတက်၍ တိရဇာမြို့၌ အစ္စရေးလူမျိုးတို့ကို နှစ်နှစ်အုပ်စိုး၏။
ယုဒဘုရင်ယောရှဖတ်မင်းကြီး နန်းစံတစ်ဆယ့်ခုနစ်နှစ်တွင် အာဟပ်မင်းကြီး၏သားတော်အာခဇိသည် အစ္စရေးပြည်၊ ရှမာရိမြို့တွင် နန်းတက်၍ အစ္စရေးလူမျိုးကို နှစ်နှစ်အုပ်စိုး၏။
ယုဒဘုရင်အာဇရိမင်းကြီး နန်းစံအနှစ်ငါးဆယ်တွင် မေနဟင်မင်းကြီး၏သားတော်ပေကဟိသည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် နှစ်နှစ်စိုးစံ၏။
မနာရှေမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ ဩဇဥယျာဉ်ဟုခေါ်သော နန်းတော်ဥယျာဉ်တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာမုန်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ထာဝရဘုရား၏အမိန့်တော်အရ မောရှေနှင့်အာရုန်သည် လေဝိအမျိုးတို့ကို မျိုးနွယ်စုအလိုက် ရေတွက်ရာတွင် တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့၏အရေအတွက်စုစုပေါင်းမှာ နှစ်သောင်းနှစ်ထောင် ဖြစ်၏။
ဟေဇကိသည် သားမနာရှေကိုရ၏။ မနာရှေသည် သားအာမုန်ကိုရ၏။ အာမုန်သည် သားယောရှိကိုရ၏။