အာမုန်နန်းတက်သောအခါ သက်တော်နှစ်ဆယ့်နှစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်နှစ်စိုးစံ၏။ မယ်တော်ကား ယုပ်ဘာမြို့သား ဟာရုပ်၏သမီး မေရှုလမက်အမည်ရှိ၏။
၄ ရာ 21:18 - မြန်မာ့စံမီသမ္မာကျမ်း မနာရှေမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ ဩဇဥယျာဉ်ဟုခေါ်သော နန်းတော်ဥယျာဉ်တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာမုန်သည် သူ့အရိုက်အရာကို ဆက်ခံ၏။ Common Language Bible မနာရှေကွယ်လွန်သောအခါ သူ့အားသြဇ ဥယျာဉ်ခေါ်နန်းတော်ဥယျာဉ်တွင်သင်္ဂြိုဟ်ကြ ၏။ ထိုနောက်သူ၏သားတော်အာမုန်သည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။ Garrad Bible မ နာ ရှေ မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် နန်း တွင်း ရှိ သြ ဇ ခေါ် ဥ ယျာဉ် တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် အာ မုန် သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။ Judson Bible မနာရှေသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဩဇဥယျာဉ်တည်းဟူသော မိမိအိမ်နှင့်ဆိုင်သော ဥယျာဉ်၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာမုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။ |
အာမုန်နန်းတက်သောအခါ သက်တော်နှစ်ဆယ့်နှစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်နှစ်စိုးစံ၏။ မယ်တော်ကား ယုပ်ဘာမြို့သား ဟာရုပ်၏သမီး မေရှုလမက်အမည်ရှိ၏။
အာမုန်မင်းကြီးအား ဩဇဥယျာဉ်ရှိ သူ၏သင်္ချိုင်းတွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောရှိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
သူသည် သက်တော်သုံးဆယ့်နှစ်နှစ်တွင် နန်းတက်၍ ဂျေရုဆလင်မြို့၌ ရှစ်နှစ်စိုးစံ၏။ သူအနိစ္စရောက်သောအခါ မည်သူမျှဝမ်းမနည်း။ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်တို့သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြပေ။
သူသည် အစ္စရေးနိုင်ငံတွင် ဘုရားသခင်နှင့်အိမ်တော်အတွက်ကောင်းသောအမှုများကို ပြုသောကြောင့် သူ့ကို ဒါဝိဒ်မြို့တွင် ဘုရင်များနှင့်အတူ သင်္ဂြိုဟ်ကြ၏။
သူတို့ ပြန်သွားသောအခါ ယောရှမင်းကြီးကို ဒဏ်ရာအပြင်းအထန်နှင့်ထားခဲ့၏။ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒ၏သားကို သတ်သောအပြစ်ကြောင့် သူ၏အမှုထမ်းတို့သည် သူ့ကိုလုပ်ကြံ၍အိပ်ရာထက်တွင်ပင် သူ့ကိုကွပ်မျက်လိုက်ကြ၏။ ထို့ကြောင့် သူသည် အနိစ္စရောက်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြချေ။
အာခတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ့ကို ဂျေရုဆလင်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သို့သော် အစ္စရေးဘုရင်တို့၏သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြပေ။ သူ၏သားတော်ဟေဇကိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ဟေဇကိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဒါဝိဒ်သားမြေးတို့၏သင်္ချိုင်းမြေရှိရာတောင်ကုန်းပေါ်တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူအနိစ္စရောက်သောအခါ ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည် သူ့ကို ဂုဏ်ပြုကြ၏။ သူ၏သားတော်မနာရှေသည် သူ့အရိုက်အရာကို ဆက်ခံ၏။
မနာရှေမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို သူ့နန်းတော်တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာမုန်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
မြည်းကိုသင်္ဂြိုဟ်သကဲ့သို့ သူ့ကို သင်္ဂြိုဟ်ကြလိမ့်မည်။ ဂျေရုဆလင်တံခါးအပြင်ဘက်သို့ ဆွဲထုတ်၍ ပစ်ထားကြလိမ့်မည်။
အာမုန်၏သား၊ ယုဒဘုရင်ယောရှိမင်းကြီးလက်ထက်၌ ဟေဇကိ၏တီ၊ အာမရိ၏မြစ်၊ ဂေဒလိ၏မြေး၊ ကုရှိ၏သားဇေဖနိထံသို့ ရောက်လာသောထာဝရဘုရား၏နှုတ်ကပတ်တော်ကား ဤသို့တည်း။
ရှမွေလ ကွယ်လွန်သောအခါ အစ္စရေးလူမျိုးအားလုံး စုရုံး၍ သူ့အတွက် ငိုကြွေးမြည်တမ်းကြ၏။ ထို့နောက် ရာမမြို့ရှိ သူ့အိမ်တွင် သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည်လည်း ထ၍ ပါရန်တောကန္တာရသို့ ဆင်းသွား၏။