ဟေဇကိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ၏သားတော်မနာရှေသည် သူ့အရိုက်အရာကို ဆက်ခံ၏။
၄ ရာ 21:1 - မြန်မာ့စံမီသမ္မာကျမ်း မနာရှေနန်းတက်သောအခါ သက်တော်တစ်ဆယ့်နှစ်နှစ်သာရှိပြီး ဂျေရုဆလင်မြို့တွင် ငါးဆယ့်ငါးနှစ်စိုးစံ၏။ မယ်တော်ကား ဟဇ္ဇိဘအမည်ရှိ၏။ Common Language Bible မနာရှေယုဒပြည်တွင်နန်းတက်ချိန်၌အသက် တစ်ဆယ့်နှစ်နှစ်ရှိ၏။ သူသည်ယေရုရှလင်မြို့ တွင် ငါးဆယ့်ငါးနှစ်နန်းစံရလေသည်။ သူ၏ မယ်တော်မှာဟဇ္ဇိဘဖြစ်၏။- Garrad Bible မ နာ ရှေ မင်း သည် အိမ် နိမ့် ဆယ့် နှစ် နှစ် ရှိ သော်၊ နန်း တက်၍ ယေ ရု ရှ လင် မြို့၌ ငါး ဆယ့် ငါး နှစ် စိုး စံ လေ ၏။ Judson Bible မနာရှေသည် အသက်တစ်ဆယ်နှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်ငါးနှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဟဇ္ဇိဘအမည်ရှိ၏။ |
ဟေဇကိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ၏သားတော်မနာရှေသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ဟေဇကိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဒါဝိဒ်သားမြေးတို့၏သင်္ချိုင်းမြေရှိရာတောင်ကုန်းပေါ်တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူအနိစ္စရောက်သောအခါ ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည် သူ့ကို ဂုဏ်ပြုကြ၏။ သူ၏သားတော်မနာရှေသည် သူ့အရိုက်အရာကို ဆက်ခံ၏။
မနာရှေ နန်းတက်သောအခါ သက်တော်တစ်ဆယ့်နှစ်နှစ်သာရှိပြီး ဂျေရုဆလင်မြို့တွင် ငါးဆယ့်ငါးနှစ်စိုးစံ၏။
သူသည် ချစ်ဖွယ်ကောင်းသောသမင်မ၊ တင့်တယ်သောဒရယ်မကဲ့သို့ဖြစ်၏။ သူ၏သားမြတ်သည် သင့်ကိုအစဉ်အမြဲ ကျေနပ်အားရစေ၍ သူ၏အချစ်၌ သင်သည် အစဉ်မပြတ်ယစ်မူးပါစေ။
သင့်ကို “စွန့်ပစ်ခံရသူ”ဟု ခေါ်တော့မည်မဟုတ်။ သင်၏မြေကိုလည်း “လူသူကင်းမဲ့ရာအရပ်”ဟု ခေါ်တော့မည်မဟုတ်။ သင့်ကို “ငါနှစ်သက်မြတ်နိုးသူ”ဟူ၍လည်းကောင်း၊ သင်၏မြေကို “လက်ထပ်ပြီးသူ”ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုနှစ်သက်မြတ်နိုးတော်မူ၏။ သင်၏မြေသည်လည်း လက်ထပ်ခွင့်ရလိမ့်မည်။
ဂျေရုဆလင်မြို့၌ ဟေဇကိ၏သား၊ ယုဒဘုရင်မနာရှေပြုခဲ့သောအမှုကြောင့် ငါသည် သူတို့အား မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် ထိတ်လန့်စရာဖြစ်စေမည်။
ငါ့နာမဖြင့်ခေါ်ဝေါ်သော ငါ့အိမ်တော်၌ ရွံရှာဖွယ်ရာများကိုထားရှိခြင်းဖြင့် ငါ့အိမ်တော်ကို ညစ်ညူးစေကြပြီ။
ဟေဇကိသည် သားမနာရှေကိုရ၏။ မနာရှေသည် သားအာမုန်ကိုရ၏။ အာမုန်သည် သားယောရှိကိုရ၏။