ထိုအခါ ဟေရှာယက ဟေဇကိမင်းကြီးအား “ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်လော့။
၄ ရာ 20:17 - မြန်မာ့စံမီသမ္မာကျမ်း ‘ကြည့်ရှုလော့။ သင်၏နန်းတော်ထဲရှိအရာအားလုံး၊ သင်၏ဘိုးဘေးတို့စုဆောင်းထား၍ ယနေ့တိုင်အောင်ရှိနေသည့်အရာအားလုံးတို့ကို ဘေဘီလုံမြို့သို့ ယူဆောင်သွားမည့်နေ့ ရောက်လာလိမ့်မည်။ တစ်စုံတစ်ခုမျှကြွင်းကျန်လိမ့်မည်မဟုတ်’ဟု ထာဝရဘုရားမိန့်တော်မူပြီ။ Garrad Bible နန်း တွင်း ရှိ အ ရာ ခပ် သိမ်း ကို လည်း ကောင်း၊ ယ နေ့ တိုင် ဘိုး ဘေး တို့ ဆည်း ပူး ခဲ့ သ မျှ ကိုလည်း ကောင်း၊ မ ခြွင်း မ ချန်၊ ဗာ ဗု လုန် မြို့ သို့ သိမ်း သွား ရာ နေ့ ရက် ကာ လ ရောက် လိမ့် မည်။ Judson Bible နန်းတော်၌ ရှိသမျှကိုလည်းကောင်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းပူးသမျှကိုလည်းကောင်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသောကာလသည် ရောက်လိမ့်မည်။ တစ်စုံတစ်ခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ၏။ |
ထိုအခါ ဟေရှာယက ဟေဇကိမင်းကြီးအား “ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်လော့။
ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်းပင် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့မှ ရှိသမျှကို ယူဆောင်သွား၏။ ထာဝရဘုရား၏ဗိမာန်တော်ရှိ အစ္စရေးဘုရင်ရှောလမုန်မင်းကြီးပြုလုပ်ထားခဲ့သော ရွှေအသုံးအဆောင်အားလုံးကိုလည်း ချိုးဖဲ့ဖျက်ဆီး၍ယူဆောင်သွားလေ၏။
နှစ်လည်သောအခါ နေဗုခဒ်နေဇာမင်းကြီးသည် ရဲမက်များကိုစေလွှတ်၍ ယောယခိမ်မင်းကြီးကို ဘေဘီလုံမြို့သို့ ခေါ်ဆောင်လာစေ၏။ ထာဝရဘုရား၏အိမ်တော်မှအဖိုးတန်အသုံးအဆောင်များကိုလည်း သိမ်းယူလာစေ၏။ ထို့ပြင် ယောယခိမ်မင်းကြီး၏ညီတော်ဇေဒကိကို မင်းမြှောက်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို အုပ်စိုးစေ၏။
ဘုရားသခင်၏အိမ်တော်အသုံးအဆောင်အကြီးအသေးရှိသမျှ၊ ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာများ၊ ရှင်ဘုရင်နှင့် မှူးမတ်တို့၏ဘဏ္ဍာများအားလုံးကို ဘေဘီလုံမြို့သို့ ယူဆောင်သွား၏။
ငါသည် ဤမြို့၏စည်းစိမ်ဥစ္စာ၊ ချွေးနှဲစာ၊ အဖိုးတန်ရတနာရှိသမျှတို့ကိုလည်းကောင်း၊ ယုဒဘုရင်တို့၏ဥစ္စာဘဏ္ဍာရှိသမျှတို့ကိုလည်းကောင်း ရန်သူ့လက်သို့ အပ်မည်။ ရန်သူတို့သည် သူတို့ကို လုယူတိုက်ခိုက်၍ ဘေဘီလုံမြို့သို့ ယူဆောင်သွားလိမ့်မည်။
ငါသည် သင်တို့၏မာနတန်ခိုးကိုချိုး၍ သင်တို့၏မိုးကောင်းကင်ကို သံကဲ့သို့လည်းကောင်း၊ သင်တို့၏မြေကို ကြေးဝါကဲ့သို့လည်းကောင်း ဖြစ်စေမည်။