နိမ်ရှိ၏သားယေဟုကို အစ္စရေးဘုရင်အဖြစ် ဘိသိက်ပေးလော့။ အာဗေလမဟောလမြို့ရှိ ရှာဖတ်၏သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အဖြစ် ဘိသိက်ပေးလော့။
၄ ရာ 2:9 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ မြစ်ကိုဖြတ်ကူးပြီးလျှင် ဧလိယက ဧလိရှဲအား “ငါသည် သင့်ထံမှ ဆောင်ယူသွားခြင်းမခံရမီ သင့်အဖို့ မည်သည့်အရာပြုပေးရမည်ကို ပြောပါလော့”ဟု ဆိုလျှင် ဧလိရှဲက “အရှင့်ထံ၌ရှိသောဝိညာဉ်မျိုး အကျွန်ုပ်၌ နှစ်ဆရှိပါစေသော”ဟု တောင်းဆို၏။ Common Language Bible ထိုအရပ်သို့ရောက်သောအခါဧလိယသည် ဧလိရှဲအား``သင်နှင့်မခွဲမခွာရမီငါ့ထံ ဆုတစ်ခုကိုတောင်းလော့'' ဟုပြော၏။ ဧလိရှဲက``အရှင်၏အရိုက်အရာကိုဆက်ခံ နိုင်ရန် သားဦးရသင့်ရထိုက်သောအရှင်၏ တန်ခိုးဝေစု ကို အကျွန်ုပ်အားပေးတော်မူပါ'' ဟုတောင်း လေ၏။ Garrad Bible မြစ် တစ် ဘက် သို့ ရောက် ကြ သော အ ခါ ဧ လိ ယ က၊ သင် နှင့် ခွဲ၍ ငါ့ ကို ရုပ် သိမ်း တော် မ မူ မီ၊ ငါ့ ထံ ဆု ကျေး ဇူး ကို တောင်း လော့ ဟု ဧ လိ ရှဲ အား ဆို လျှင် ကိုယ် တော့် ဉာဏ် ဝိ ညာဉ် အ နက် သြ ရ သ အ မွေ ကို တ ပည့် တော့် အ ပေါ် တွင် တည် ပါ စေ သော ဟု တောင်း သော်၊ Judson Bible မြစ်တစ်ဖက်သို့ ရောက်သောအခါ၊ ဧလိယက၊ သင်နှင့်ငါမကွာမီ ငါ၌ တစ်စုံတစ်ခုသောဆုကို တောင်းလော့ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက၊ ကိုယ်တော်ဝိညာဉ်နှစ်ဆသောအဖို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသောဟု တောင်းသော်၊ |
နိမ်ရှိ၏သားယေဟုကို အစ္စရေးဘုရင်အဖြစ် ဘိသိက်ပေးလော့။ အာဗေလမဟောလမြို့ရှိ ရှာဖတ်၏သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အဖြစ် ဘိသိက်ပေးလော့။
ဤများပြားလှသောကိုယ်တော်၏လူမျိုးတော်ကို မည်သူအုပ်ချုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ကိုယ်တော့်အစေအပါးအား ကိုယ်တော်၏လူမျိုးတော်ကို စီရင်အုပ်ချုပ်နိုင်ရန်နှင့် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ရန်အတွက် သိနားလည်နိုင်သောနှလုံးသားကို ပေးတော်မူပါ”ဟု တောင်းလျှောက်၏။
အို ဘုရားသခင်၊ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို ရှင်ဘုရင်အားလည်းကောင်း၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရှင်ဘုရင်၏သားတော်အားလည်းကောင်း ပေးတော်မူပါ။
ထိုနေ့ရက်တွင် ထာဝရဘုရားသည် ဂျေရုဆလင်မြို့သားတို့ကို ကာကွယ်မည်။ ထိုနေ့ရက်၌ သူတို့တွင် အားနည်းသောသူသည် ဒါဝိဒ်မင်းကြီးကဲ့သို့ဖြစ်မည်။ ဒါဝိဒ်အမျိုးအနွယ်သည် သူတို့အဖို့ ဘုရားသခင်ကဲ့သို့လည်းကောင်း၊ ထာဝရဘုရား၏ကောင်းကင်တမန်ကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
မျှော်လင့်စရာရှိသော အကျဉ်းသားတို့၊ ခံတပ်သို့ပြန်လာကြလော့။ သင်တို့ကို နှစ်ဆသောအကျိုးပေးမည်ဟု ယနေ့ပင် ငါဆိုပြီ။
ငါဆင်းလာ၍ ထိုနေရာ၌ သင်နှင့်စကားပြောမည်။ ငါသည် သင်၌ရှိသည့်ဝိညာဉ်တော်ကိုနုတ်ယူ၍ ထိုသူတို့ထဲသို့ သွင်းပေးမည်။ သူတို့သည် သင်နှင့်အတူ ထိုလူမျိုး၏ဝန်ကို ထမ်းကြရလိမ့်မည်။ သို့ဖြစ်၍ သင်တစ်ယောက်တည်း ထမ်းရတော့မည်မဟုတ်။
ထိုအခါ ထာဝရဘုရားသည် မိုးတိမ်ဖြင့် ဆင်းသက်တော်မူ၍ မောရှေနှင့်စကားပြောလေ၏။ ကိုယ်တော်သည် မောရှေ၌ရှိသည့်ဝိညာဉ်တော်ကိုနုတ်ယူ၍ သက်ကြီးဝါကြီးများဖြစ်သော လူအယောက်ခုနစ်ဆယ်တို့ထဲသို့ သွင်းပေးလေ၏။ ဝိညာဉ်တော်သည် သူတို့၌ကိန်းဝပ်တော်မူသောအခါ သူတို့သည် ပရောဖက်ပြုဟောပြောကြလေ၏။ သို့သော် နောက်တစ်ဖန် ထပ်၍မဟောပြောကြတော့ပေ။
သို့သော် ငါသည် သင်တို့အား ဟုတ်မှန်ရာကိုပြောမည်။ ငါသွားရခြင်းသည် သင်တို့အတွက်အကျိုးရှိ၏။ အဘယ်ကြောင့်ဆိုသော် ငါမသွားလျှင် ကူညီမစသူသည် သင်တို့ထံသို့လာမည်မဟုတ်။ ငါသွားလျှင်မူကား ထိုအရှင်ကို သင်တို့ထံသို့ ငါစေလွှတ်မည်။
သို့သော် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်လာသောအခါ သင်တို့သည် တန်ခိုးကိုရရှိလျက် ဂျေရုဆလင်မြို့၊ ယုဒနယ်နှင့်ရှမာရိနယ်တစ်ခုလုံးသာမက မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့နောက် ပေတရုနှင့်ယောဟန်တို့သည် သူတို့အပေါ်လက်တင်ကြသောအခါ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိကြ၏။
သင်တို့မူကား ပို၍မြတ်သောဆုကျေးဇူးတို့ကို အလွန်လိုချင်သောစိတ်ရှိကြလော့။ ငါသည် သင်တို့အား သာ၍ထူးမြတ်သောလမ်းကို ပြဦးမည်။
အမုန်းခံရသောမယား၏သားသည် သားဦးဖြစ်သည်ဟု အသိအမှတ်ပြု၍ မိမိ၌ရှိသောအရာအားလုံးမှ ထိုသားအား ဝေစုနှစ်ဆပေးရမည်။ အကြောင်းမူကား သူသည် ဖခင်၏အဦးဆုံးအားမာန်ဖြစ်၏။ သားဦးအရိုက်အရာကို သူပိုင်၏။
မောရှေသည် နုန်၏သား ယောရှုအပေါ် လက်တင်ခဲ့သောကြောင့် ယောရှုသည် ဉာဏ်ပညာနှင့်ပြည့်ဝ၏။ အစ္စရေးအမျိုးသားတို့သည် သူ၏စကားကိုနားထောင်၍ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်းပြုကြ၏။
ကောင်းစွာစီမံအုပ်ချုပ်နေသောအသင်းတော်အကြီးအကဲများ အထူးသဖြင့် နှုတ်ကပတ်တော်ဝေငှခြင်းနှင့် သွန်သင်ခြင်းတို့အတွက် အားထုတ်လုပ်ဆောင်နေသောအကြီးအကဲများသည် နှစ်ဆသောဂုဏ်ပြုခြင်းကို ခံထိုက်သည်ဟု မှတ်ယူလော့။