မြို့သားများသည် ဧလိရှဲထံသို့လာ၍ “ကြည့်ပါ။ အရှင်မြင်သည့်အတိုင်းပင် ဤမြို့သည် နေရာကောင်းသော်လည်း ရေမကောင်းသဖြင့် မြေအသီးအနှံ မဖြစ်ထွန်းပါ”ဟု လျှောက်ကြ၏။
၄ ရာ 2:20 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဧလိရှဲက “ပန်းကန်အသစ်တစ်ခုထဲတွင် ဆားထည့်ပြီး ငါ့ထံယူခဲ့ပါ”ဟု ဆိုလျှင် သူတို့ယူခဲ့ကြ၏။ Common Language Bible ဧလိရှဲက``အိုးသစ်တွင်ဆားအနည်းငယ်ထည့် ၍ယူခဲ့ကြလော့'' ဟုဆိုသည့်အတိုင်းယူခဲ့ကြ သောအခါ၊- Garrad Bible အိုး သစ် တစ် လုံး ကို ဆား ထည့်၍ ယူ ခဲ့ ကြ လော့ ဟု မိန့် ဆို သည့် အ လျောက် ယူ ခဲ့ ကြ ရာ Judson Bible ဧလိရှဲက၊ ဘူးသစ်တစ်လုံးကို ဆားထည့်၍ ယူခဲ့ကြလော့ဟုဆိုသည်အတိုင်း ယူခဲ့ကြ၏။ |
မြို့သားများသည် ဧလိရှဲထံသို့လာ၍ “ကြည့်ပါ။ အရှင်မြင်သည့်အတိုင်းပင် ဤမြို့သည် နေရာကောင်းသော်လည်း ရေမကောင်းသဖြင့် မြေအသီးအနှံ မဖြစ်ထွန်းပါ”ဟု လျှောက်ကြ၏။
ထို့နောက် ဧလိရှဲသည် စမ်းရေထွက်သောနေရာသို့သွား၍ ထိုနေရာကိုဆားခတ်ပြီးလျှင် “ထာဝရဘုရားက ‘ဤရေကို ငါသန့်ရှင်းစေပြီ။ နောက်တစ်ဖန် အပင်သေခြင်း၊ မဖြစ်ထွန်းခြင်း မရှိတော့စေရ’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။
ရွှံ့နွံစိမ့်စမ်းတို့မှ ရေများမူကား ရေချိုဖြစ်လာမည်မဟုတ်။ ဆားငန်ရေပင် ဖြစ်နေလိမ့်မည်။
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အဘိမလက်သည် ထိုနေ့တစ်နေ့လုံး ထိုမြို့ကိုတိုက်ခိုက်ပြီး မြို့ကိုသိမ်းယူ၍ မြို့သားတို့ကို သတ်ပစ်၏။ မြို့ကိုဖျက်ဆီးပြီး ဆားနှင့် ပက်လေ၏။