သို့သော် သူတို့က ဧလိရှဲစိတ်အနှောင့်အယှက်ဖြစ်သည့်တိုင်အောင် တောင်းဆိုကြသဖြင့် ဧလိရှဲက “သွားရှာစေ”ဟု ဆို၏။ သူတို့သည်လည်း လူအယောက်ငါးဆယ်ကိုစေလွှတ်၍ သုံးရက်တိုင်တိုင်ရှာဖွေစေသော်လည်း ဧလိယကို မတွေ့ပေ။
၄ ရာ 2:18 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရိခေါမြို့တွင် ရှိနေသောဧလိရှဲထံသို့ ထိုသူတို့ ပြန်လာကြလျှင် သူက “သင်တို့ကို ‘သွားမရှာကြနှင့်’ဟု ငါမပြောသလော”ဟု ဆိုလေ၏။ Common Language Bible ထိုအခါသူတို့သည်ယေရိခေါမြို့တွင် စောင့်လျက် နေသည့်ဧလိရှဲ၏ထံသို့ပြန်လာကြ၏။ ထိုအခါ ဧလိရှဲက``သင်တို့အားမသွားကြရန်ငါပြော သည်မဟုတ်လော'' ဟုဆိုလေ၏။ Garrad Bible ယေ ရိ ခေါ မြို့ တွင် ရှိ သေး သော ဧ လိ ရှဲ ထံ ပြန် လာ ကြ သော အ ခါ မ သွား လင့် ဟူ၍ ငါ မြစ် တား သည် မ ဟုတ် လော ဟု ဆို၏။ Judson Bible ဧလိရှဲသည် ယေရိခေါမြို့မှာ နေသေးသည်ဖြစ်၍၊ လူတို့သည် ပြန်လာသောအခါ၊ မသွားကြနှင့်ဟု ငါမြစ်တားသည် မဟုတ်လောဟု ဆို၏။ |
သို့သော် သူတို့က ဧလိရှဲစိတ်အနှောင့်အယှက်ဖြစ်သည့်တိုင်အောင် တောင်းဆိုကြသဖြင့် ဧလိရှဲက “သွားရှာစေ”ဟု ဆို၏။ သူတို့သည်လည်း လူအယောက်ငါးဆယ်ကိုစေလွှတ်၍ သုံးရက်တိုင်တိုင်ရှာဖွေစေသော်လည်း ဧလိယကို မတွေ့ပေ။
မြို့သားများသည် ဧလိရှဲထံသို့လာ၍ “ကြည့်ပါ။ အရှင်မြင်သည့်အတိုင်းပင် ဤမြို့သည် နေရာကောင်းသော်လည်း ရေမကောင်းသဖြင့် မြေအသီးအနှံ မဖြစ်ထွန်းပါ”ဟု လျှောက်ကြ၏။
ထို့နောက် ကိုယ်တော်သည် ဂျေရိခေါမြို့သို့ဝင်၍ ထိုမြို့ကိုဖြတ်သွားတော်မူ၏။