ဧနောက်သည် ဘုရားသခင်နှင့်အတူသွားလာ၏။ ဘုရားသခင်သည် သူ့ကိုဆောင်ယူတော်မူသောကြောင့် သူသည်မရှိတော့ပေ။
၄ ရာ 2:10 - မြန်မာ့စံမီသမ္မာကျမ်း ဧလိယကလည်း “သင်သည် ရဖို့ခက်ခဲသောဆုကို တောင်းဆိုပြီ။ သင့်ထံမှ ငါဆောင်ယူသွားခြင်းခံရသည်ကို သင်မြင်လျှင် သင့်အဖို့ ထိုသို့ဖြစ်လိမ့်မည်။ သို့သော် သင်မမြင်လျှင် ထိုသို့ဖြစ်မည်မဟုတ်”ဟု ဆို၏။ Common Language Bible ဧလိယက``သင်တောင်းသောဆုကိုပေးရန် မလွယ်ကူပါ။ သို့ရာတွင်သင်သည်ငါ့အားဆောင် ယူသွားသည်ကိုတွေ့မြင်ရပါလျှင် သင်တောင်း သောဆုကိုရလိမ့်မည်။ အကယ်၍သင်မတွေ့ မမြင်ရပါမူထိုဆုကိုရမည်မဟုတ်'' ဟု ဆို၏။ Garrad Bible ဧ လိ ယ က၊ ခဲ ယဉ်း သော ဆု ကို သင် တောင်း လေ စွ။ သင့် မျက် မှောက် တွင် ငါ့ ကို ရုပ် သိမ်း တော် မူ ခဲ့ လျှင် ရ လိမ့် သ တည်း ဟု ဆို၏။ Judson Bible ဧလိယက သင်သည်ရခဲသောဆုကို တောင်း၏။ သင်နှင့်ငါကွာသည်ကို မြင်လျှင်ရမည်။ သို့မဟုတ် မရဟု ပြောဆို၏။ |
ဧနောက်သည် ဘုရားသခင်နှင့်အတူသွားလာ၏။ ဘုရားသခင်သည် သူ့ကိုဆောင်ယူတော်မူသောကြောင့် သူသည်မရှိတော့ပေ။
ထိုအခြင်းအရာကို ဧလိရှဲမြင်လျှင် “အကျွန်ုပ်အဖ၊ အကျွန်ုပ်အဖ၊ အစ္စရေးစစ်ရထားနှင့် မြင်းစီးသူရဲများပါတကား”ဟု အော်ဟစ်လေ၏။ ထိုအချိန်မှစ၍ ဧလိယကို သူ မမြင်ရတော့ပေ။ သူသည် မိမိအဝတ်ကိုကိုင်၍ နှစ်ပိုင်းဆုတ်ဖြဲ၏။
သင်တို့သည် ယခုတိုင်အောင် ငါ့နာမ၌ မည်သည့်အရာကိုမျှ မတောင်းကြသေး။ သင်တို့၏ဝမ်းမြောက်ခြင်းပြည့်ဝစုံလင်စေရန် တောင်းကြလော့။ တောင်းလျှင်ရကြလိမ့်မည်။