သူသည် ဖိလိတ္တိလူမျိုးတို့ကို ဂါဇမြို့နှင့် နယ်နိမိတ်တစ်လျှောက်၊ ကင်းစောင့်မျှော်စင်မှ ခံတပ်မြို့အထိ ချေမှုန်းနိုင်ခဲ့၏။
၄ ရာ 17:9 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရားကို ဆန့်ကျင်ပြီး မဟုတ်မမှန်သောအရာများကို တိတ်တဆိတ်လုပ်ဆောင်ကြ၏။ ကင်းစောင့်ရာမျှော်စင်မှစ၍ ခံတပ်မြို့အထိ မြို့ရွာရှိသမျှတို့၌ အထွတ်အမြတ်ထားရာနေရာတို့ကို သူတို့အတွက် တည်ဆောက်ကြ၏။ Common Language Bible ဣသရေလအမျိုးသားတို့သည် မိမိတို့၏ ဘုရားသခင်ထာဝရဘုရားမနှစ်သက် သည့်အမှုတို့ကိုပြုကြ၏။ သူတို့သည်မိမိ တို့၏အငယ်ဆုံးသောရွာများမှအကြီး ဆုံးသောမြို့များတိုင်အောင် ရှိရှိသမျှသော မြို့ရွာတို့တွင်ရုပ်တုကိုးကွယ်ဝတ်ပြုရာ ဌာနများကိုတည်ဆောက်လျက်၊- Garrad Bible ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နှင့် ဆန့် ကျင် သော စဉ်း လဲ မှု များ ကို လျှို့ တ ဝှက် ပြု ခြင်း၊ ကင်း စင် မှ စ၍ ခံ မြို့ တိုင် အောင် မြို့ ရွာ တိုင်း ၌ မြင့် ရာ ဌာ န များ ကို တည် လုပ် ခြင်း၊ Judson Bible မိမိတို့ ဘုရားသခင်ထာဝရဘုရားတစ်ဖက်၌ မတရားသောအမှုကို မထင်မရှားပြုကြ၏။ ကင်းစောင့်သောမျှော်စင်ဖြစ်စေ၊ ခိုင်ခံ့သောမြို့ဖြစ်စေ၊ မြို့ရွာအလုံးစုံတို့၌ မြင့်သောအရပ်ကို တည်ကြ၏။ |
သူသည် ဖိလိတ္တိလူမျိုးတို့ကို ဂါဇမြို့နှင့် နယ်နိမိတ်တစ်လျှောက်၊ ကင်းစောင့်မျှော်စင်မှ ခံတပ်မြို့အထိ ချေမှုန်းနိုင်ခဲ့၏။
သူတို့သည် မိမိတို့အထွတ်အမြတ်ထားရာနေရာများအားဖြင့် ကိုယ်တော်ကိုအမျက်ထွက်စေပြီး မိမိတို့၏ရုပ်တုများအားဖြင့် ကိုယ်တော်ကိုသဝန်တိုစေကြ၏။
ထာဝရဘုရားမသိအောင် မိမိတို့အကြံအစည်ကို အစွမ်းကုန်ဖုံးကွယ်၍ မိမိတို့၏အမှုကို မှောင်မိုက်ထဲ၌ပြုလျက် “ငါတို့ကိုမည်သူမြင်မည်နည်း။ မည်သူသိမည်နည်း”ဟု ပြောဆိုသောသူတို့သည် အမင်္ဂလာရှိကြ၏။
သူတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း သူတို့ကို ထိုပြည်သို့ ငါခေါ်ဆောင်လာသောအခါ သူတို့သည် ကုန်းမြင့်များ၊ စိမ်းလန်းသောသစ်ပင်များကို မြင်လျှင် ထိုနေရာတို့၌ ယဇ်ပူဇော်၍ ငါ့အမျက်ကိုနှိုးဆော်သော ပူဇော်သက္ကာကို ပူဇော်ကြ၏။ မွှေးကြိုင်သောနံ့သာပေါင်းကိုလည်း တင်လှူ၍ သွန်းလောင်းရာပူဇော်သက္ကာကိုလည်း သွန်းလောင်းပူဇော်ကြ၏။
တစ်ဖန် ငါ့အား “အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်သက်ကြီးဝါကြီးတို့သည် အမှောင်ထဲတွင် မည်သို့ပြုနေကြသည်ကို သင်မြင်ပြီမဟုတ်လော။ ‘ထာဝရဘုရားသည် ပြည်တော်ကို စွန့်တော်မူပြီဖြစ်၍ ငါတို့ကို မြင်တော်မမူ’ဟု ဆိုလျက် အခန်းထဲတွင် ကိုယ်စီမိမိရုပ်တုဖြင့် ဖောက်ပြန်နေကြပြီ”ဟု မိန့်တော်မူ၏။
ဂိလဒ်ပြည်သားတို့သည် အပြစ်ဒုစရိုက်ပြု၍ အကျိုးနည်းကြပြီ။ ဂိလဂါလမြို့၌ နွားကို ပူဇော်ကြ၏။ သူတို့၏ယဇ်ပလ္လင်တို့သည်လည်း လယ်ထဲမှ ထွန်ကြောင်းများပေါ်ရှိမြေစာပုံများကဲ့သို့ များ၏။
သင်၏မအေတူဖအေကွဲညီအစ်ကိုဖြစ်စေ၊ သင်၏သားသမီးဖြစ်စေ၊ သင်၏ရင်ခွင်၌ရှိသောမယားဖြစ်စေ၊ အရင်းနှီးဆုံးမိတ်ဆွေဖြစ်စေ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသောအခြားဘုရားများဖြစ်သည့်
‘ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူသောအရာဖြစ်သည့် ရုပ်တုဆင်းတုကို လက်မှုအတတ်ဖြင့် သွန်းလုပ်၍ လျှို့ဝှက်သောနေရာ၌စိုက်ထူသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ကျယ်လောင်သောအသံဖြင့် ဆိုရမည်။ ထိုအခါ လူအပေါင်းတို့က ‘အာမင်’ဟု ပြန်ဆိုရမည်။
ထိုအခါ လူတို့က ‘သူတို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာသောအခါ သူတို့နှင့်ဖွဲ့တော်မူခဲ့သည့် ပဋိညာဉ်ကို သူတို့စွန့်ပယ်သောကြောင့်လည်းကောင်း၊