ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့ခဲ့စဉ်က သူတို့အား “အခြားသောဘုရားများကို ကြောက်ရွံ့ခြင်းမရှိရ။ ထိုဘုရားတို့ကို မကိုးကွယ်ရ၊ ဝတ်မပြုရ၊ ယဇ်မပူဇော်ရ။
ထာဝရဘုရားသည်သူတို့နှင့်ပဋိညာဉ်ဖွဲ့ တော်မူ၍``သင်တို့သည်အခြားဘုရားများ ကိုဝတ်မပြုရှိမခိုးကြနှင့်။ သူတို့ရှေ့တွင် ဦးမညွှတ်ကြနှင့်။ သူတို့အားဝတ်ပြုကိုးကွယ် မှုကိုသော်လည်းကောင်း၊ ယဇ်ပူဇော်မှုကို သော်လည်းကောင်းမပြုကြနှင့်၊-
ထာ ဝ ရ ဘု ရား သည် ယာ ကုပ် အ မျိုး သား တို့ နှင့် ပ ဋိ ညာဉ် ဖွဲ့၍ မိန့် မှာ တော် မူ ခဲ့ သည် မှာ အ ခြား ဘု ရား များ ကို ခန့် ညား၊ ရှိ ခိုး၊ ဝတ် ပြု၊ ပူ ဇော် ခြင်း မ ပြု ရ။
ထာဝရဘုရားသည် ထိုအမျိုးသားတို့နှင့် ပဋိညာဉ်ဖွဲ့၍၊ သင်တို့သည် အခြားတစ်ပါးသောဘုရားတို့ကို မရိုသေ၊ ဦးမညွှတ်၊ ဝတ်မပြု၊ ယဇ်မပူဇော်ရ။
ပြဋ္ဌာန်းချက်များ၊ ဘိုးဘေးတို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်များ၊ သူတို့အား ပြတော်မူသောသက်သေခံချက်များကို စွန့်ပယ်ကြ၏။ မိမိတို့ဝန်းကျင်ရှိလူမျိုးခြားတို့နောက်သို့မလိုက်ရ၊ သူတို့ကဲ့သို့မပြုရဟု ထာဝရဘုရားမိန့်တော်မူလျက်နှင့် သူတို့သည် အချည်းနှီးသောအရာများနောက်သို့လိုက်ပြီး အချည်းနှီးသောသူများဖြစ်ကြ၏။
သင်၌ ငါမှတစ်ပါး အခြားဘုရား မရှိစေရ။
ထိုအရာသည် သခွားခင်းရှိ စာခြောက်ရုပ်နှင့်တူ၏။ စကားလည်းမပြောနိုင်။ လမ်းလည်းမလျှောက်နိုင်သဖြင့် ထမ်းသွားရ၏။ အန္တရာယ်မပေးနိုင်သလို ကောင်းကျိုးလည်း မပေးနိုင်သောကြောင့် ထိုအရာတို့ကို မကြောက်ကြနှင့်”ဟု မိန့်တော်မူ၏။
အခြားဘုရားများနောက်သို့လိုက်၍ မပျပ်ဝပ် မကိုးကွယ်ကြနှင့်။ သင်တို့လက်နှင့်လုပ်သောအရာများဖြင့် ငါ့အမျက်ကို မနှိုးဆော်ကြနှင့်။ သို့ပြုလျှင် သင်တို့ကို ငါဒဏ်ခတ်မည်မဟုတ်’ဟု ဆင့်ဆိုခဲ့ကြသော်လည်း
ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ ငါတို့နှင့်ပဋိညာဉ်ဖွဲ့တော်မူ၏။
ထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သဝန်တိုတတ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏မျိုးဆက် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် ဖခင်တို့၏အပြစ်အတွက် သားမြေးတို့ကို ဒဏ်ခတ်သောဘုရား၊
အခြားဘုရားများ၊ သင်တို့ပတ်လည်ရှိလူမျိုးတို့၏ဘုရားများကို မဆည်းကပ်ရ။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်ပဋိညာဉ်ကို သင်တို့ချိုးဖောက်၍ အခြားဘုရားများအား သွားရောက်ဝတ်ပြုကိုးကွယ်လျှင် ထာဝရဘုရားသည် သင်တို့အပေါ် အမျက်ထွက်တော်မူသဖြင့် သင်တို့သည် ကိုယ်တော်ပေးတော်မူသည့်သာယာဝပြောသောပြည်တွင် အလျင်အမြန်ပျက်စီးသွားရလိမ့်မည်”ဟု ဆိုလေ၏။
သင်တို့တွင် ကျန်နေသေးသောလူမျိုးတို့နှင့်ပေါင်းဖော်ခြင်းမပြုနှင့်၊ သူတို့ဘုရားများ၏နာမကိုမတနှင့်၊ မတိုင်တည်နှင့်။ ထိုဘုရားတို့ကိုဝတ်မပြုနှင့်၊ ရှိခိုးကိုးကွယ်ခြင်းမပြုနှင့်။
သင်တို့ကိုလည်း ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်တို့နေထိုင်သောပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားများကို မကြောက်ရဟု ငါမိန့်ဆိုခဲ့သော်လည်း သင်တို့သည် ငါ၏စကားကိုနားမထောင်ကြ’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။