အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၄ ရာ 17:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဟောရှေ​မင်းကြီး​အား အဆီးရီးယား​ဘုရင်​ရှာလမနေဇာ​မင်းကြီး ချီတက်​တိုက်ခိုက်​ရာ ဟောရှေ​မင်းကြီး​သည် သူ​၏​လက်အောက်ခံ​အဖြစ်​ခံယူ​ပြီး အခွန်​ဆက်သ​ရ​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ရှာလ​မ​နေ​ဇာ​စစ်​ချီ လာ​သော​အ​ခါ ဟော​ရှေ​သည်​အ​ရှုံး​ပေး​ပြီး လျှင်​နှစ်​စဉ်​နှစ်​တိုင်း​အ​ခွန်​ဘဏ္ဍာ​ဆက်​သ လေ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

အာ ရှု ရိ ဘု ရင် ရှာ လ မ နေ ဇာ မင်း စစ် ချီ လာ ရာ ဟော ရှေ မင်း သည် ပ ဏ္ဏာ ဆက် သွင်း၍ လက် အောက် ခံ ဖြစ် ပြီး နောက်

အခန်းကိုကြည့်ပါ။

Judson Bible

ထို​မင်း​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင် ရှာ​လ​မ​နေ​ဇာ​သည်​စစ်​ချီ၍ ဟော​ရှေ​သည်​ကျွန်​ခံ​သ​ဖြင့် အ​ခွန်​ဆက်​ရ၏။

အခန်းကိုကြည့်ပါ။



၄ ရာ 17:3
23 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် မောဘ​ပြည်​ကို​လည်း တိုက်ခိုက်​၏​။ မောဘ​ပြည်သား​တို့​ကို မြေ​ပေါ်တွင်​လှဲ​စေ​ပြီး ကြိုး​နှင့်​တိုင်း​ရာ ကြိုး​သုံးပုံနှစ်ပုံ​အတွင်း​ရောက်​နေ​သူ​များ​ကို သတ်ပစ်​ပြီး ကျန်​သုံးပုံတစ်ပုံ​ကို အသက်ချမ်းသာ​ပေး​၏​။ ဤသို့ဖြင့် မောဘ​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​လက်အောက်ခံ​ဖြစ်လာ​ပြီး အခွန်​များ​ကို​ဆက်သ​ရ​၏​။


ဆီးရီးယား​ပြည်​၊ ဒမတ်စကပ်​မြို့​တွင် မြို့စောင့်တပ်​များ​ကို​ချထား​ခဲ့​၏​။ ဆီးရီးယား​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​လက်အောက်ခံ​များ​ဖြစ်လာ​ပြီး အခွန်​ဆက်သ​ရ​၏​။ ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​စစ်ချီ​သွား​လေရာရာ​၌ အောင်ပွဲရ​စေ​တော်မူ​၏​။


အဆီးရီးယား​ဘုရင်​ပုလ​မင်းကြီး​သည် အစ္စရေး​ပြည်​ကို လာရောက်​တိုက်ခိုက်​သဖြင့် မေနဟင်​က ပုလ​မင်းကြီး မိမိ​နှင့်​လက်တွဲ​ပြီး မိမိ​လက်​ထဲ၌​နိုင်ငံ​တော်​တည်မြဲ​လာ​စေရန် ငွေ​တာလန်​တစ်ထောင်​ကို ဆက်သ​လိုက်​၏​။


ထိုသို့ အဆီးရီးယား​ဘုရင်​အား ဆက်သ​နိုင်​ရန် မေနဟင်​မင်းကြီး​သည် အစ္စရေး​ပြည်​ရှိ​သူဌေး​အားလုံး​တို့​ထံမှ တစ်ဦး​လျှင် ငွေ​ရှယ်ကယ်​ငါးဆယ်​ကို ကောက်ခံ​ခဲ့​၏​။ ဤသို့ဖြင့် အဆီးရီးယား​ဘုရင်​သည် ထို​ပြည်​တွင် ဆက်​မ​နေ​ဘဲ ပြန်လည်​ဆုတ်ခွာ​သွား​ခဲ့​၏​။


အစ္စရေး​ဘုရင်​ပေကာ​မင်းကြီး​လက်ထက်​တွင် အဆီးရီးယား​ဘုရင်​တိဂလတ်ပိလေသာ​မင်းကြီး​သည် စစ်ချီလာ​၍ ဣယုန်​မြို့​၊ အာဗေလဗက်မာခါ​မြို့​၊ ယာနော​မြို့​၊ ကေဒေရှ​မြို့​၊ ဟာဇော်​မြို့​၊ ဂိလဒ်​ပြည်​၊ ဂါလိလဲ​ပြည်​နှင့် နဿလိ​ပြည်​တစ်ပြည်လုံး​ကို သိမ်းယူ​ပြီး ပြည်သူပြည်သား​တို့​ကို အဆီးရီးယား​ပြည်​သို့ ဖမ်းခေါ်​သွား​၏​။


သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို​ပြု​သော်လည်း သူ့​အလျင်​ရှိ​ခဲ့​သော​အစ္စရေး​ဘုရင်​တို့​ကဲ့သို့ မ​ပြု​။


သို့သော် ဟောရှေ​မင်းကြီး​သည် အီဂျစ်​ဘုရင်​သွာ​မင်းကြီး​ထံသို့ တမန်​များ​စေလွှတ်​ဆက်သွယ်​သည့်​အပြင် အဆီးရီးယား​ဘုရင်​ထံ နှစ်စဉ်​ဆက်သ​ရ​မည့်​အခွန်​ကို​လည်း မ​ဆက်သ​တော့​ဘဲ ပုန်ကန်​ဖို့​လျှို့ဝှက်ကြံစည်​နေ​သည်​ကို အဆီးရီးယား​ဘုရင် သိရှိ​လျှင် အဆီးရီးယား​ဘုရင်​သည် သူ့​ကို​ဖမ်း​ပြီး ထောင်​ထဲ၌ အကျဉ်းချ​ထား​လေ​၏​။


ဟေဇကိ​၏​စကား​ကို​နား​မ​ထောင်​ကြ​နှင့်​။ အဆီးရီးယား​ဘုရင်​က ‘​ငါ​နှင့်​ငြိမ်းချမ်းရေး​ယူ​၍ ငါ့​ဘက်​သို့ လာ​ကြ​။ ငါ​လာ​၍ သင်​တို့​ကို မ​ခေါ်ဆောင်​သွား​မီ​အထိ သင်​တို့​အသီးသီး ကိုယ့်​စပျစ်သီး​၊ ကိုယ့်​သဖန်းသီး​တို့​ကို​စား​နှင့်​ကြ​။ ကိုယ့်​ရေတွင်း​မှ​ရေ​ကို​သောက်​နှင့်​ကြ​။


ထို့ကြောင့် ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​ပြီး ပြု​လေရာရာ​၌ အထမြောက်​၏​။ သူ​သည် အဆီးရီးယား​ဘုရင်​၏​လက်အောက်ခံ​အဖြစ်​မ​နေ​ဘဲ ပုန်ကန်​လေ​၏​။


အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​သည် ကြီးမြတ်​သော​၊ တန်ခိုး​နှင့်​ပြည့်စုံ​သော​၊ ကြောက်ရွံ့ရိုသေ​ဖွယ်​သော​၊ ပဋိညာဉ်​နှင့် မေတ္တာကရုဏာ​တော်​ကို​စောင့်ထိန်း​တော်မူ​သော​ဘုရား ဖြစ်​တော်မူ​ပါ​၏​။ အဆီးရီးယား​ဘုရင်​တို့​လက်ထက်​မှစ၍ ယနေ့​ထိ​တိုင် အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​၊ ဘိုးဘေး​များ​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အပေါင်း​တို့​ကြုံတွေ့​ခဲ့​ရ​သော​အခက်အခဲ​အလုံးစုံ​တို့​ကို ဘာမျှ​မ​ဟုတ်​ဟု မှတ်​တော်​မ​မူ​ပါ​နှင့်​။


အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က “​ထို​နေ့ရက်​၌ ယာကုပ်​အမျိုး​၏​ဘုန်းအသရေ​သည် မှေးမှိန်​သွား​လိမ့်မည်​။ ဝဖြိုး​သော​ကိုယ်ခန္ဓာ​သည်​လည်း ပိန်ချုံး​သွား​လိမ့်မည်​။


ယုဒ​ပြည်​ထဲသို့​ဖြတ်သန်း​စီးဝင်​၍ လည်ပင်း​တိုင်အောင် လွှမ်းမိုး​သွား​မည်​။ မိမိ​၏​တောင်ပံ​များ​ကို​ဖြန့်​၍ သင့်​ပြည်​တစ်ပြည်လုံး​သို့ ရောက်​လိမ့်မည်​၊ အို ဧမာနွေလ​”​ဟု မိန့်​တော်မူ​၏​။


အဟောလ​သည် ငါ့​အပိုင်​ဖြစ်​လျက်​နှင့် ပြည့်တန်ဆာ​လုပ်​၏​။ သူ​ချစ်​သော အိမ်နီးချင်း​အဆီးရီးယား​လူမျိုး​ကို​စွဲမက်​၍ သူ့​ထံ​ချဉ်းကပ်​၏​။


ရှာလမန်​မင်းကြီး​သည် ဗေသာဗေလ​မြို့​ကို တိုက်ခိုက်ဖျက်ဆီး​စဉ်က မိခင်​နှင့် သားသမီး​များ​ကိုင်ပေါက်​ခံရ​သကဲ့သို့ သင်​၏​လူမျိုး​တို့​တွင် အုတ်အုတ်ကျက်ကျက်​အသံ​များ ထွက်ပေါ်​လာ​လိမ့်မည်​။ သင်​၏​ခံတပ်​မြို့​များ​သည်​လည်း ဖျက်ဆီး​ခြင်း​ခံရ​မည်​။


သူ​တို့​ပြော​သော​စကား​သည် စကား​သက်သက်​သာ ဖြစ်​၏​။ ပဋိညာဉ်​ဖွဲ့​ရာ​၌ အချည်းနှီး​ကျိန်ဆို​ကြ​၏​။ ထို့ကြောင့် တရားစီရင်​ခြင်း​သည် ထွန်ကြောင်း​ပေါ်တွင် ပေါက်​သော​အဆိပ်ပင်​ကဲ့သို့ ဖြစ်​လိမ့်မည်​။


သူ​တို့​သည် လူမျိုးခြား​တို့​ထံမှ ချစ်သူ​များ​ငှားရမ်း​သော်လည်း သူ​တို့​ကို ငါ​ပြန်လည်​စုစည်း​မည်​။ ဘုရင်​နှင့် အကြီးအကဲ​တို့ တင်​သော​ဝန်​ကို လေးလံ​စွာ​ထမ်း​ရ​သောကြောင့် သူ​တို့​သည် ယုတ်လျော့စပြု​လိမ့်မည်​။


ငါ​သည် ပဋိညာဉ်​အလျောက် လက်တုံ့ပြန်​သော​ဓား​ကို သင်​တို့​အပေါ် ကျရောက်​စေ​မည်​။ သင်​တို့​သည် သင်​တို့​၏​မြို့​များ​ထဲ၌ စုဝေး​ကြ​သောအခါ သင်​တို့​အလယ်​သို့ ကပ်ရောဂါ​ဘေး​ကို ငါ​စေလွှတ်​မည်​။ သင်​တို့​သည် ရန်သူ​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​လိမ့်မည်​။