အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ဝတ်ကျောင်းများကို တည်ဆောက်ပြီး လေဝိအမျိုးမဟုတ်သော သာမန်လူများအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထား၏။
၄ ရာ 17:27 - မြန်မာ့စံမီသမ္မာကျမ်း အဆီးရီးယားဘုရင်က “ထိုပြည်မှ သင်တို့ဖမ်းခေါ်သွားသောယဇ်ပုရောဟိတ်တစ်ပါးကိုလွှတ်၍ ထိုပြည်သို့ပြန်လာနေထိုင်စေပြီး ထိုပြည်စောင့်ဘုရား၏ဓလေ့ထုံးတမ်းကို သူတို့အား သွန်သင်ပြသစေလော့”ဟု မိန့်ဆို၏။ Common Language Bible မင်းကြီးက``ထိုပြည်မှငါတို့ဖမ်းဆီးခဲ့ သောသုံ့ပန်းများအနက် ယဇ်ပုရောဟိတ် တစ်ပါးကိုပြန်၍စေလွှတ်လော့။ လူတို့အား ထိုပြည်စောင့်ဘုရား၏တရားကိုသွန်သင် ပေးနိုင်ရန်သူ့အား ထိုပြည်သို့ပြန်လည် သွားရောက်နေထိုင်စေကြလော့'' ဟုမိန့် တော်မူ၏။- Garrad Bible အာ ရှု ရိ ဘု ရင် က ထို ပြည် မှ သုံ့ ဘမ်း ခဲ့ သော ပ ရော ဟိတ် တစ် ပါး ကို ပြန် ပို့၍ ထို ပြည့် ရှင် ဘု ရား၏ တ ရား သွန် သင် လျက် နေ ပါ လေ စေ ဟု မိန့် ဆို သည့် အ တိုင်း Judson Bible အာရှုရိရှင်ဘုရင်က၊ ထိုပြည်မှသိမ်းခဲ့သော ယဇ်ပုရောဟိတ်တစ်ယောက်ကို ပြန်ပို့ကြ။ သူသည်သွား၍ ထိုပြည်စောင့်ဘုရား၏ တရားကို သွန်သင်လျက်နေပါလေစေဟု မိန့်တော်မူသည်အတိုင်း၊ |
အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ဝတ်ကျောင်းများကို တည်ဆောက်ပြီး လေဝိအမျိုးမဟုတ်သော သာမန်လူများအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထား၏။
ထိုသူသည် ထာဝရဘုရားဆင့်ဆိုစေသည့်အတိုင်း ယဇ်ပလ္လင်ကိုဆန့်ကျင်လျက် “အို ယဇ်ပလ္လင် ယဇ်ပလ္လင်၊ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ဒါဝိဒ်အမျိုးအနွယ်မှ ယောရှိအမည်ရှိသောသားတစ်ယောက် မွေးဖွားလိမ့်မည်။ သူသည် အထွတ်အမြတ်ထားရာကုန်းမြင့်များ၌ နံ့သာပေါင်းမီးရှို့ပူဇော်သောယဇ်ပုရောဟိတ်တို့ကို သင့်အပေါ်တွင် ပူဇော်လိမ့်မည်။ လူ၏အရိုးတို့ကို သင့်အပေါ်တွင် မီးရှို့လိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ကြွေးကြော်လေ၏။
ထိုသူတို့က “အရှင်မင်းကြီး ခေါ်ထုတ်လာပြီး ရှမာရိမြို့တွင် နေထိုင်စေသောလူတို့သည် ထိုပြည်စောင့်ဘုရား၏ဓလေ့ထုံးတမ်းကို မသိကြပါ။ ထို့ကြောင့် ထိုပြည်စောင့်ဘုရားသည် သူတို့ထံ ခြင်္သေ့ကိုစေလွှတ်ပြီး သူတို့ကိုကိုက်သတ်စေပါပြီ”ဟူသောသတင်းကို အဆီးရီးယားဘုရင်အား ကြားလျှောက်ကြလျှင်
ထို့ကြောင့် ရှမာရိမြို့မှ သူတို့ဖမ်းခေါ်သွားသောယဇ်ပုရောဟိတ်တစ်ပါး ပြန်ရောက်လာကာ ဗေသလမြို့တွင် နေထိုင်ပြီး ထာဝရဘုရားအား မည်သို့ကြောက်ရွံ့ရိုသေရမည်ကို သူတို့အား သွန်သင်ပြသပေး၏။
ယေရောဗောင်မင်းကြီးသည် အထွတ်အမြတ်ထားရာနေရာများ၊ ဆိတ်ရုပ်တုများ၊ မိမိကိုယ်တိုင်လုပ်သောနွားသငယ်ရုပ်တုများအဖို့ ယဇ်ပုရောဟိတ်များကို ခန့်ထား၏။
သင်ဧဇရသည်လည်း သင်ခံယူရရှိသောဘုရားသခင်၏ဉာဏ်ပညာတော်နှင့်အညီ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ ဘုရားသခင်၏ပညတ်တရားကို သိနားလည်သူအပေါင်းတို့အား စီရင်အုပ်ချုပ်ရန် အုပ်ချုပ်သူများနှင့် တရားသူကြီးများကိုခန့်အပ်ရမည်။ ပညတ်တရားမသိသောသူတို့ကိုလည်း သွန်သင်ပေးရမည်။
မိက္ခာကလည်း “ငါသည် လေဝိအမျိုးကို ငါ၏ယဇ်ပုရောဟိတ်အဖြစ်ရရှိထားသောကြောင့် ယခုမှာ ထာဝရဘုရားသည် ငါ့ကို ကောင်းစားစေတော်မူမည်ကိုငါသိ၏”ဟု ဆို၏။