ဩဇိမင်းကြီး၏သားတော်ယောသံမင်းကြီး နန်းစံအနှစ်နှစ်ဆယ်တွင် ဧလာမင်းကြီး၏သားတော်ဟောရှေသည် ရေမလိ၏သားပေကာမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ပြီး လုပ်ကြံသတ်ဖြတ်ကာ သူ့အရိုက်အရာကို ဆက်ခံလေ၏။
၄ ရာ 17:1 - မြန်မာ့စံမီသမ္မာကျမ်း ယုဒဘုရင်အာခတ်မင်းကြီး နန်းစံတစ်ဆယ့်နှစ်နှစ်တွင် ဧလာမင်းကြီး၏သားတော်ဟောရှေသည် ရှမာရိမြို့တွင် အစ္စရေးလူမျိုးကို ကိုးနှစ်အုပ်စိုး၏။ Common Language Bible ယုဒဘုရင်အာခတ်၏နန်းစံတစ်ဆယ့်နှစ်နှစ် မြောက်၌ ဧလာ၏သားဟောရှေသည်ဣသရေ လဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့တွင် ကိုးနှစ်နန်းစံလေသည်။- Garrad Bible ယု ဒ ဘု ရင် အာ ခတ် မင်း နန်း စံ ဆယ့် နှစ် နှစ် တွင် ဧ လာ့ သား ဟော ရှေ မင်း နန်း တက်၍ ရှ မာ ရိ မြို့ ၌ ဣ သ ရေ လ နိုင် ငံ ကို ကိုးနှစ် စိုး စံ ရာ Judson Bible ယုဒရှင်ဘုရင်အာခတ် နန်းစံဆယ်နှစ်နှစ်တွင် ဧလာသားဟောရှေသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ကိုးနှစ်စိုးစံလေ၏။ |
ဩဇိမင်းကြီး၏သားတော်ယောသံမင်းကြီး နန်းစံအနှစ်နှစ်ဆယ်တွင် ဧလာမင်းကြီး၏သားတော်ဟောရှေသည် ရေမလိ၏သားပေကာမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ပြီး လုပ်ကြံသတ်ဖြတ်ကာ သူ့အရိုက်အရာကို ဆက်ခံလေ၏။
ရေမလိ၏သားပေကာမင်းကြီး နန်းစံတစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်ယောသံမင်းကြီး၏သားတော်အာခတ် နန်းတက်၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြုသော်လည်း သူ့အလျင်ရှိခဲ့သောအစ္စရေးဘုရင်တို့ကဲ့သို့ မပြု။
ဧလာမင်းကြီး၏သားတော် အစ္စရေးဘုရင်ဟောရှေမင်းကြီး နန်းစံသုံးနှစ်တွင် ယုဒဘုရင်အာခတ်မင်းကြီး၏သားတော်ဟေဇကိ နန်းတက်၏။