ဗင်္ဟာဒဒ်မင်းကြီးသည် အာသမင်းကြီး၏စကားကိုလက်ခံပြီး မိမိတပ်မှူးကြီးများကို အစ္စရေးမြို့များသို့စေလွှတ်၍ ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့မှစ၍ နဿလိနယ်ရှိသိုလှောင်ရာမြို့ရှိသမျှတို့ကို သွားရောက်တိုက်ခိုက်စေ၏။
၄ ရာ 16:9 - မြန်မာ့စံမီသမ္မာကျမ်း အဆီးရီးယားဘုရင်သည် အာခတ်မင်းကြီး၏စကားကို နားထောင်၍ ဒမတ်စကပ်မြို့ကို ချီတက်သိမ်းပိုက်ပြီး မြို့သားတို့ကို ကိရမြို့သို့ဖမ်းခေါ်သွား၏။ ရေဇိန်မင်းကြီးကိုလည်း ကွပ်မျက်လိုက်၏။ Common Language Bible တိဂလတ်ပိလေသာသည်အာခတ်မင်း၏ပန် ကြားချက်အရ မိမိ၏တပ်မတော်နှင့်အတူ ဒမာသက်မြို့ကိုချီတက်သိမ်းယူပြီးလျှင် ရေဇိန်မင်းအားလုပ်ကြံ၍ပြည်သူတို့အား ကိရမြို့သို့သုံ့ပန်းများအဖြစ်ဖမ်းသွား တော်မူ၏။ Garrad Bible ဒ မာ သက် မြို့ သို့ ချီ တက် သိမ်း ယူ ပြီး လျှင် ရေ ဇိန် မင်း ကို ကွပ် မျက် လျက်၊ မြို့ သူ မြို့ သား တို့ ကို လည်း ကိ ရ မြို့ သို့ သုံ့ ဘမ်း ဆောင် သွား လေ ၏။ Judson Bible အာရှုရိရှင်ဘုရင်သည် နားထောင်၍ ဒမာသက်မြို့သို့စစ်ချီ၍ တိုက်ယူပြီးလျှင်၊ ပြည်သားတို့ကို ကိရမြို့သို့ သိမ်းသွား၏။ ရေဇိန်မင်းကိုလည်းသတ်၏။ |
ဗင်္ဟာဒဒ်မင်းကြီးသည် အာသမင်းကြီး၏စကားကိုလက်ခံပြီး မိမိတပ်မှူးကြီးများကို အစ္စရေးမြို့များသို့စေလွှတ်၍ ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့မှစ၍ နဿလိနယ်ရှိသိုလှောင်ရာမြို့ရှိသမျှတို့ကို သွားရောက်တိုက်ခိုက်စေ၏။
အာခတ်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်၊ ဘုရင့်နန်းတော်နှင့်မှူးမတ်များထံမှ ဥစ္စာဘဏ္ဍာများကိုယူ၍ အဆီးရီးယားဘုရင်အားပေးသော်လည်း သူ့ထံမှအကူအညီမရချေ။
ထို့ကြောင့် သူ၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကို ဆီးရီးယားဘုရင်လက်သို့ အပ်လိုက်တော်မူ၏။ ဆီးရီးယားလူမျိုးတို့သည် သူ့ကိုအောင်နိုင်ပြီး သုံ့ပန်းအမြောက်အမြားကို ဒမတ်စကပ်မြို့သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။ သူသည် အစ္စရေးဘုရင်လက်သို့လည်း အပ်လိုက်ခြင်းခံရသဖြင့် ထိုဘုရင်သည် သူ့ကို အပြင်းအထန်တိုက်ခိုက်ချေမှုန်းလေ၏။
ကာလနောမြို့သည် ကာခေမိတ်မြို့ကဲ့သို့၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၊ ရှမာရိမြို့သည် ဒမတ်စကပ်မြို့ကဲ့သို့ ဖြစ်သည်မဟုတ်လော။
ဒမတ်စကပ်မြို့နှင့်ဆိုင်သောဗျာဒိတ်တော်။ “ကြည့်ရှုလော့။ ဒမတ်စကပ်မြို့သည် မြို့အဖြစ်ရှိနေတော့မည်မဟုတ်။ ယိုယွင်းပျက်စီးရာအစုအပုံ ဖြစ်လိမ့်မည်။
ဧလံအမျိုးသည် မြားကျည်တောက်ကိုယူ၍ မြင်းရထားစီးသူရဲနှင့်တကွ လာ၏။ ကိရပြည်သားသည်လည်း ဒိုင်းလွှားကို ထုတ်၏။
အို ထာဝရဘုရား၊ အကယ်စင်စစ် အဆီးရီးယားဘုရင်တို့သည် လူမျိုးအပေါင်းတို့နှင့် သူတို့၏ပြည်ကို ဖျက်ဆီးပါပြီ။
အကြောင်းမူကား ထိုသူငယ်သည် အဆိုးကိုပယ်၍ အကောင်းကိုမရွေးချယ်တတ်မီ သင်တို့ကြောက်ရွံ့သောရှင်ဘုရင်နှစ်ပါး၏ပြည်သည် စွန့်ပစ်ခြင်းခံရလိမ့်မည်။
“အုတ်များပြိုလဲလျှင်လည်း ထုဆစ်ထားသောကျောက်နှင့် ပြန်တည်ဆောက်မည်။ သင်္ဘောသဖန်းပင်များခုတ်လှဲခံရလျှင်လည်း သစ်ကတိုးပင်များနှင့် အစားထိုးမည်”ဟု ဆိုကြ၏။
ထို့ကြောင့် ထာဝရဘုရားသည် ရေဇိန်မင်းကြီး၏ရန်ဖက်တို့ကိုချီးမြှောက်တော်မူမည်။ သူ၏ရန်သူတို့ကို လှုံ့ဆော်တော်မူမည်။
ထာဝရဘုရားက “အို အစ္စရေးအမျိုးသားတို့၊ သင်တို့သည် ငါ့အဖို့ အီသီယိုးပီးယားအမျိုးသားများနှင့် တူသည်မဟုတ်လော။ အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်မှလည်းကောင်း၊ ဖိလိတ္တိလူမျိုးတို့ကို ကတ္တောရကျွန်းမှလည်းကောင်း၊ ဆီးရီးယားလူမျိုးတို့ကို ကိရပြည်မှလည်းကောင်း ငါထုတ်ဆောင်ခဲ့သည်မဟုတ်လော”ဟု မိန့်တော်မူ၏။