၄ ရာ 16:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထို့နောက်တွင် အာခတ်မင်းကြီးသည် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးနှင့်တွေ့ဆုံရန် ဒမတ်စကပ်မြို့သို့ သွား၏။ အာခတ်မင်းကြီးသည် ဒမတ်စကပ်မြို့ရှိယဇ်ပလ္လင်ကို တွေ့လျှင် ထိုယဇ်ပလ္လင်၏ပုံစံ၊ တည်ဆောက်ပုံအဆင့်ဆင့်တို့ကို ယဇ်ပုရောဟိတ်ဥရိယထံသို့ ပေးပို့လိုက်၏။ အခန်းကိုကြည့်ပါ။Common Language Bible10 အာခတ်မင်းသည်ဧကရာဇ်ဘုရင်တိဂလတ် ပိလေသာကိုတွေ့ဆုံရန် ဒမာသက်မြို့သို့သွား သောအခါ ထိုမြို့တွင်ရှိသောယဇ်ပလ္လင်ကိုမြင် သဖြင့် ထိုယဇ်ပလ္လင်၏ပုံတူတစ်ခုကိုစေ့စပ် သေချာစွာပြုလုပ်ပြီးလျှင် ယဇ်ပုရောဟိတ် ဥရိယထံသို့ပေးပို့လိုက်၏။- အခန်းကိုကြည့်ပါ။Garrad Bible10 အာ ခတ် မင်း သည် အာ ရှု ရိ ဘု ရင် သည် တိ ဂ လတ် ပိ လေ သာ မင်း ကို တွေ့ ဆုံ ရာ ဒ မာ သက် မြို့ သို့ ရောက် သော အ ခါ ထို မြို့ ရှိ ပူဇော် ရာ ပ လ္လင် ကို မြင် လျှင် တည် လုပ် နည်း နှင့် ပုံ စံ ပါ ပ ရော ဟိတ် ဥ ရိ ယ ထံ ပို့ လိုက် သော်၊ အခန်းကိုကြည့်ပါ။Judson Bible10 အာခတ်မင်းကြီးသည် အာရှုရိရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှာ ဒမာသက်မြို့သို့သွား၏။ ထိုမြို့မှာရှိသော ယဇ်ပလ္လင်ကိုမြင်လျှင်၊ ပလ္လင်ပုံ၊ အတိုင်းအရှည်၊ တန်ဆာရှိသမျှကိုရေး၍ ယဇ်ပုရောဟိတ်ဥရိယထံသို့ ပေးလိုက်၏။ အခန်းကိုကြည့်ပါ။ |
သူတို့ပြုခဲ့သမျှအတွက် ရှက်မည်ဆိုလျှင် အိမ်တော်ပုံစံ၊ စီစဉ်တည်ဆောက်ပုံ၊ ထွက်ပေါက်ဝင်ပေါက်စသော အိမ်တော်တစ်ခုလုံး၏ပုံစံ၊ အိမ်တော်နှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းများအားလုံး၊ ပုံစံအားလုံး၊ ဥပဒေသအားလုံး စသည်တို့ကို သူတို့သိအောင် သူတို့ရှေ့တွင်ပင် ချရေးပြလော့။ သို့မှ အိမ်တော်တစ်ခုလုံး၏ပုံစံနှင့် စည်းမျဉ်းစည်းကမ်းအားလုံးကို စောင့်ထိန်းလိုက်နာနိုင်မည်ဖြစ်သည်။
သူတို့၏တံခါးခုံများကို ငါ့တံခါးခုံနားမှာလည်းကောင်း၊ သူတို့၏တံခါးတိုင်များကို ငါ့တံခါးတိုင်နားမှာလည်းကောင်း ထားကြ၏။ သူတို့နှင့်ငါ့ကြား၌ နံရံတစ်ခုသာခြား၏။ သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ရာများကိုပြု၍ သန့်ရှင်းသောငါ့နာမကို ရှုတ်ချကြ၏။ ထို့ကြောင့် ငါအမျက်ထွက်၍ သူတို့ကို ဖျက်ဆီးခဲ့၏။
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
နောင်ကာလ၌ သူတို့က ငါတို့နှင့်ငါတို့၏မျိုးဆက်အစဉ်အဆက်တို့ကို ထိုသို့ပြောလျှင် ငါတို့က ‘ကြည့်ရှုလော့။ ငါတို့ဘိုးဘေးတို့သည် ထာဝရဘုရား၏ယဇ်ပလ္လင်နှင့်ပုံသဏ္ဌာန်တူသော ယဇ်ပလ္လင်ကိုတည်ခဲ့သည်မှာ မီးရှို့ရာယဇ်အတွက်မဟုတ်၊ ယဇ်ပူဇော်ရန်အတွက်လည်း မဟုတ်၊ ငါတို့နှင့်သင်တို့အကြား၌ သက်သေဖြစ်ရန်အတွက်သာဖြစ်၏’ဟု ပြန်ပြောနိုင်ရန်ဖြစ်၏။