ထို့ပြင် ရှောလမုန်မင်းကြီးသည် ဧဒုံပြည်၊ ပင်လယ်နီကမ်းခြေရှိ ဧလတ်မြို့အနီး ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောကိုတည်ဆောက်၏။
၄ ရာ 16:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုစဉ်က ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးသည် ဆီးရီးယားပြည်အတွက် ဧလတ်မြို့ကို ပြန်လည်သိမ်းပိုက်ပြီး ဧလတ်မြို့တွင်နေထိုင်သောယုဒလူမျိုးတို့ကို နှင်ထုတ်၏။ ထို့နောက် ဧဒုံလူမျိုးတို့သည် ထိုမြို့တွင်ဝင်ရောက်နေထိုင်ကြသည်မှာ ယနေ့ထိတိုင် ဖြစ်၏။ Common Language Bible (ထိုအချိန်၌ပင်လျှင်ဧဒုံဘုရင်သည်ဧလတ် မြို့ကိုပြန်လည်သိမ်းယူပြီးနောက် ထိုပြည်တွင် နေထိုင်သူယုဒပြည်သားတို့အားနှင်ထုတ် လိုက်လေသည်။ ဧဒုံပြည်သားတို့သည်ဧလတ် မြို့သို့လာရောက်နေထိုင်၍ယနေ့တိုင်အောင် ရှိနေကြသတည်း။-) Garrad Bible ကိုယ့် နိုင် ငံ အ ဝင် ဖြစ် ပြန် စေ ပြီး လျှင် ယု ဒ လူ မျိုး တို့ ကို မောင်း နှင် ၍ ယ နေ့ တိုင် အောင် ရှု ရိ လူ မျိုး တို့ ဝင် ရောက် နေ ထိုင် ကြ ကုန် ၏။ Judson Bible သို့ရာတွင်၊ ရှုရိရှင်ဘုရင်ရေဇိန်သည် ဧလတ်မြို့ကို ရှုရိနိုင်ငံသို့သွင်းပြန်၍၊ ယုဒလူတို့ကို နှင်ထုတ်သဖြင့်၊ ရှုရိလူတို့သည် လာ၍ ယနေ့တိုင်အောင် ဧလတ်မြို့၌ နေကြ၏။ |
ထို့ပြင် ရှောလမုန်မင်းကြီးသည် ဧဒုံပြည်၊ ပင်လယ်နီကမ်းခြေရှိ ဧလတ်မြို့အနီး ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောကိုတည်ဆောက်၏။
ခမည်းတော်သည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်ပြီးနောက် အာဇရိမင်းကြီးသည် ဧလတ်မြို့ကို ပြန်လည်တည်ဆောက်ပြီး ယုဒပြည်အပိုင်ဖြစ်စေ၏။
ခမည်းတော်သည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်ပြီးနောက် ဩဇိမင်းကြီးသည် ဧလတ်မြို့ကို ပြန်လည်တည်ဆောက်ပြီး ယုဒပြည်အပိုင်ဖြစ်စေ၏။
ထို့ကြောင့် ငါတို့သည် ငါတို့၏ညီအစ်ကိုများဖြစ်သည့် ဧသော၏သားမြေးတို့နေထိုင်သော စိရပြည်ကို အရာဗလမ်းအတိုင်း ဧလတ်အရပ်၊ ဧဇယုန်ဂါဗာအရပ်မှ ဖြတ်ကျော်သွားပြီးနောက် မောဘတောကန္တာရလမ်းအတိုင်း လှည့်၍ခရီးပြုကြ၏။