ဒမတ်စကပ်မြို့မှရှင်ဘုရင်ပြန်ရောက်လာ၍ ရှင်ဘုရင်သည် ယဇ်ပလ္လင်ကိုမြင်လျှင် ထိုယဇ်ပလ္လင်နားသို့လာ၍ ယဇ်ပလ္လင်ပေါ်သို့ တက်သွားပြီး
ဒမာသက်မြို့မှပြန်၍ရောက်ရှိလာသော အခါ အာခတ်မင်းသည်တည်ဆောက်ပြီး သည့်ယဇ်ပလ္လင်ကိုမြင်လေလျှင်၊-
ဒ မာ သက် မြို့ မှ အာ ခတ် မင်း ပြန် ရောက်၍ ထို ပ လ္လင် ကို မြင် လျှင် ချဉ်း ကပ် တက် သွား လျက်
ရှင်ဘုရင်သည် ဒမာသက်မြို့မှရောက်လာသောအခါ၊ ထိုယဇ်ပလ္လင်ကိုမြင်၍ ချဉ်းကပ်သဖြင့်၊
သူကိုယ်တိုင်သတ်မှတ်ထားသောလဖြစ်သည့် ထိုအဋ္ဌမလ၊ တစ်ဆယ့်ငါးရက်နေ့တွင် ဗေသလမြို့၌ သူတည်ခဲ့သောယဇ်ပလ္လင်တွင် ယဇ်ပူဇော်၏။ အစ္စရေးအမျိုးသားတို့အဖို့ ပွဲတော်ကို ကျင်းပပေးပြီး သူသည် ယဇ်ပလ္လင်ပေါ်သို့တက်ကာ နံ့သာပေါင်းကို မီးရှို့ပူဇော်၏။
ဘုရားသခင်၏လူတစ်ဦးသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၏။ ထိုအချိန်တွင် ယေရောဗောင်မင်းကြီးသည် နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ယဇ်ပလ္လင်နားတွင် ရပ်နေ၏။
ယဇ်ပုရောဟိတ်ဥရိယသည်လည်း ဒမတ်စကပ်မြို့မှ အာခတ်မင်းကြီးပေးပို့လိုက်သည့်ယဇ်ပလ္လင်ပုံစံအတိုင်း တည်ဆောက်ရာ အာခတ်မင်းကြီး ဒမတ်စကပ်မြို့မှပြန်မရောက်မီ ယဇ်ပုရောဟိတ်ဥရိယသည် ယဇ်ပလ္လင်ကိုတည်ဆောက်ပြီး ဖြစ်၏။
မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ပူဇော်၏။ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်း၍ ယဇ်ပလ္လင်ကို မိတ်သဟာယယဇ်အသွေးဖြင့် ဖျန်းလေ၏။
သူက “ဆီးရီးယားဘုရင်၏ဘုရားတို့သည် သူတို့ကို ကူညီ၏။ ထိုဘုရားတို့ကို ယဇ်ပူဇော်လျှင် ငါ့ကိုလည်းကူညီလိမ့်မည်”ဟု တွေးလျက် သူ့ကို တိုက်ခိုက်နှိမ်နင်းခဲ့သောဒမတ်စကပ်မြို့သားတို့၏ဘုရားများကို ယဇ်ပူဇော်လေ၏။ သို့သော် ထိုဘုရားတို့သည် သူနှင့်အစ္စရေးတစ်မျိုးနွယ်လုံးကို ကျရှုံးစေ၏။
ယုဒပြည်ရှိ မြို့တိုင်းတွင် အခြားဘုရားတို့ကို နံ့သာပေါင်းမီးရှို့ပူဇော်ရန်အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို တည်၏။ ဤသို့ဖြင့် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို အမျက်ထွက်စေ၏။