အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၄ ရာ 15:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကျန်ရှိ​နေ​သော မေနဟင်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

မေ​န​ဟင်​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။-

အခန်းကိုကြည့်ပါ။

Garrad Bible

မေ န ဟင် မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် သည် ဣ သ ရေ လ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

မေ​န​ဟင်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။



၄ ရာ 15:21
5 ပူးပေါင်းရင်းမြစ်များ  

ကျန်ရှိ​နေ​သော ယေရောဗောင်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ စစ်တိုက်​ခဲ့​ပုံ​များ​၊ အုပ်ချုပ်​ခဲ့​ပုံ​များ​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။


ကျန်ရှိ​နေ​သော အာခဇိ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​နှင့် သူ​ပြု​ခဲ့​သော​အရာ​များ​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။


ထိုသို့ အဆီးရီးယား​ဘုရင်​အား ဆက်သ​နိုင်​ရန် မေနဟင်​မင်းကြီး​သည် အစ္စရေး​ပြည်​ရှိ​သူဌေး​အားလုံး​တို့​ထံမှ တစ်ဦး​လျှင် ငွေ​ရှယ်ကယ်​ငါးဆယ်​ကို ကောက်ခံ​ခဲ့​၏​။ ဤသို့ဖြင့် အဆီးရီးယား​ဘုရင်​သည် ထို​ပြည်​တွင် ဆက်​မ​နေ​ဘဲ ပြန်လည်​ဆုတ်ခွာ​သွား​ခဲ့​၏​။


မေနဟင်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ သူ​၏​သား​တော်​ပေကဟိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


မ​ပြစ်မှား​ဘဲ​နေ​နိုင်​သူ တစ်ယောက်​မျှ​မ​ရှိ​သည်​ဖြစ်၍ သူ​တို့​သည် ကိုယ်တော့်​ကို​ပြစ်မှား​မိ​လျှင် ကိုယ်တော်​သည် သူ​တို့​ကို​အမျက်ထွက်​၍ ရန်သူ​လက်​သို့​အပ်လိုက်​သဖြင့် ရပ်နီး​ရပ်ဝေး​ပြည်​သို့ သူ​တို့​ကို ဖမ်းဆီးခေါ်ဆောင်​သွား​ပြီး