ဆီးရီးယားပြည်၊ ဒမတ်စကပ်မြို့တွင် မြို့စောင့်တပ်များကိုချထားခဲ့၏။ ဆီးရီးယားလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံများဖြစ်လာပြီး အခွန်ဆက်သရ၏။ ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
၄ ရာ 14:28 - မြန်မာ့စံမီသမ္မာကျမ်း ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ၊ ယုဒပြည်အပိုင် ဒမတ်စကပ်မြို့နှင့် ဟာမတ်မြို့တို့ကို အစ္စရေးလူမျိုးအဖို့ ပြန်လည်တိုက်ခိုက်သိမ်းယူပေးခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ Common Language Bible ဒုတိယမြောက်ယေရောဗောင်လုပ်ဆောင်ခဲ့သည့် အခြားအမှုအရာများ၊ တိုက်ပွဲတွင်သူ၏ လက်ရုံးရည်၊ ဒမာသက်မြို့နှင့်ဟာမတ်မြို့တို့ ကို ဣသရေလနိုင်ငံနယ်မြေအတွင်းသို့ပြန် လည်သိမ်းယူခဲ့ပုံအကြောင်းတို့ကို ဣသရေလ ရာဇဝင်တွင်ရေးထားသတည်း။- Garrad Bible ယေ ရော ဗောင် မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် လက် ရုံး ရည်၊ စစ် ရေး၊ ယု ဒ နိုင် ငံ အ ဝင် ဟာ မတ် မြို့ နှင့် ဒ မာ သက် မြို့ ကို ဣ သ ရေ လ အ မျိုး အ ဖို့ ပြန် သိမ်း ခြင်း များ ပါ ဣ သ ရေ လ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ ၏။ Judson Bible ယေရောဗောင်ပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်း၊ စစ်တိုက်ခြင်း၊ အထက်က ယုဒနိုင်ငံအဝင်ဖြစ်သော ဒမာသက်မြို့နှင့် ဟာမက်မြို့ကို ဣသရေလအမျိုးအဖို့၊ ရန်သူလက်မှ နုတ်ယူခြင်းအရာတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ |
ဆီးရီးယားပြည်၊ ဒမတ်စကပ်မြို့တွင် မြို့စောင့်တပ်များကိုချထားခဲ့၏။ ဆီးရီးယားလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံများဖြစ်လာပြီး အခွန်ဆက်သရ၏။ ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
ဇောဘလူမျိုးတို့ကို ဒါဝိဒ်မင်းကြီး နှိမ်နင်းခဲ့စဉ်က ရေဇုန်သည် လူတို့ကိုစုရုံးပြီး ခေါင်းဆောင်လုပ်ကာ ဓားပြအုပ်စုဖွဲ့လေ၏။ သူတို့သည် ဒမတ်စကပ်မြို့သို့သွားရောက်နေထိုင်ပြီး ထိုမြို့တွင် ဗိုလ်ကျစိုးမိုးကြ၏။
ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ စစ်တိုက်ခဲ့ပုံများ၊ အုပ်ချုပ်ခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော အာခဇိမင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သောအရာများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ယဟောရှမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို အစ္စရေးဘုရင်တို့နှင့်အတူ ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယေရောဗောင်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ယေရောဗောင်မင်းကြီးသည် မိမိ၏ဘိုးဘေးအစ္စရေးဘုရင်များနှင့်အတူ အိပ်ပျော်ပြီးနောက် သူ၏သားတော်ဇာခရိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ဤသူအပေါင်းတို့သည် ယုဒဘုရင်ယောသံမင်းကြီးလက်ထက်နှင့် အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးလက်ထက်တွင် မျိုးရိုးစဉ်ဆက်စာရင်းဝင်သူများ ဖြစ်ကြ၏။
ဒမတ်စကပ်မြို့၏ကန့်လန့်ကျင်ကို ချိုးဖျက်ပစ်မည်။ အာဝင်ချိုင့်သားတို့နှင့် ဗေသေဒင်မြို့မှ ရာဇလှံတံစွဲကိုင်သူကို သုတ်သင်ပစ်မည်။ အာရံပြည်သားတို့ကို ကိရပြည်သို့ဖမ်းခေါ်သွားမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။