ထို့ပြင် ရှောလမုန်မင်းကြီးသည် ဧဒုံပြည်၊ ပင်လယ်နီကမ်းခြေရှိ ဧလတ်မြို့အနီး ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောကိုတည်ဆောက်၏။
၄ ရာ 14:22 - မြန်မာ့စံမီသမ္မာကျမ်း ခမည်းတော်သည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်ပြီးနောက် အာဇရိမင်းကြီးသည် ဧလတ်မြို့ကို ပြန်လည်တည်ဆောက်ပြီး ယုဒပြည်အပိုင်ဖြစ်စေ၏။ Common Language Bible သြဇိသည်ခမည်းတော်ကွယ်လွန်ပြီးသည် နောက် ဧလတ်မြို့ကိုတိုက်ခိုက်သိမ်းယူကာ ပြန်လည်ထူထောင်လေသည်။ Garrad Bible ထို မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ အ ထက် ဘု ရင် ကျိန်း စက် ပြီး နောက် ဧ လတ် မြို့ ကို ယု ဒ နိုင် ငံ အ ဝင် ပြန် ဖြစ် စေ လျက် ပြု စု လေ ၏။ Judson Bible ထိုမင်းသည် ခမည်းတော်သေသည်နောက်၊ ဧလတ်မြို့ကိုပြုစု၍ ယုဒနိုင်ငံထဲသို့ သွင်းပြန်၏။ |
ထို့ပြင် ရှောလမုန်မင်းကြီးသည် ဧဒုံပြည်၊ ပင်လယ်နီကမ်းခြေရှိ ဧလတ်မြို့အနီး ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောကိုတည်ဆောက်၏။
ထို့နောက် ယုဒလူမျိုးအပေါင်းတို့သည် သက်တော်တစ်ဆယ့်ခြောက်နှစ်သာရှိသေးသော အာဇရိကို မင်းမြှောက်၍ ခမည်းတော်အာမဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံစေ၏။
ယောရှမင်းကြီး၏သားတော် ယုဒဘုရင်အာမဇိမင်းကြီး နန်းစံတစ်ဆယ့်ငါးနှစ်တွင် အစ္စရေးဘုရင်ယောရှမင်းကြီး၏သားတော်ယေရောဗောင် နန်းတက်ပြီး ရှမာရိမြို့တွင်လေးဆယ့်တစ်နှစ် စိုးစံ၏။
ထိုစဉ်က ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးသည် ဆီးရီးယားပြည်အတွက် ဧလတ်မြို့ကို ပြန်လည်သိမ်းပိုက်ပြီး ဧလတ်မြို့တွင်နေထိုင်သောယုဒလူမျိုးတို့ကို နှင်ထုတ်၏။ ထို့နောက် ဧဒုံလူမျိုးတို့သည် ထိုမြို့တွင်ဝင်ရောက်နေထိုင်ကြသည်မှာ ယနေ့ထိတိုင် ဖြစ်၏။
ခမည်းတော်သည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်ပြီးနောက် ဩဇိမင်းကြီးသည် ဧလတ်မြို့ကို ပြန်လည်တည်ဆောက်ပြီး ယုဒပြည်အပိုင်ဖြစ်စေ၏။
ထို့နောက်တွင် ရှောလမုန်မင်းကြီးသည် ဧဒုံပြည်၊ ပင်လယ်ကမ်းခြေရှိ ဧဇယုန်ဂါဗာမြို့နှင့် ဧလတ်မြို့သို့ သွားလေ၏။
ထို့ကြောင့် ငါတို့သည် ငါတို့၏ညီအစ်ကိုများဖြစ်သည့် ဧသော၏သားမြေးတို့နေထိုင်သော စိရပြည်ကို အရာဗလမ်းအတိုင်း ဧလတ်အရပ်၊ ဧဇယုန်ဂါဗာအရပ်မှ ဖြတ်ကျော်သွားပြီးနောက် မောဘတောကန္တာရလမ်းအတိုင်း လှည့်၍ခရီးပြုကြ၏။