ရှောလမုန်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့တွင် သင်္ဂြိုဟ်ခြင်းခံရလေ၏။ သားတော်ရောဗောင်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံလေ၏။
၄ ရာ 14:20 - မြန်မာ့စံမီသမ္မာကျမ်း သူ့အလောင်းကို မြင်းဖြင့် ဂျေရုဆလင်မြို့သို့ပြန်သယ်လာပြီး ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်၏မြို့တွင်သင်္ဂြိုဟ်ကြ၏။ Common Language Bible သူ၏အလောင်းကိုမြင်းပေါ်တွင်တင်၍ယူ ဆောင်လာပြီးလျှင် ဒါဝိဒ်မြို့ရှိဘုရင်များ ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြလေသည်။- Garrad Bible ယေ ရု ရှ လင် မြို့ သို့ မြင်း နှင့် တင် ဆောင် လျက် ဒါ ဝိဒ် မြို့ တော် ရှိ ဘေး တော် ဘိုး တော် တို့ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ကြ ပြီး လျှင်၊ Judson Bible မြင်းပေါ်၌တင်လျက် ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ကြ၏။ |
ရှောလမုန်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့တွင် သင်္ဂြိုဟ်ခြင်းခံရလေ၏။ သားတော်ရောဗောင်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံလေ၏။
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။
သူ၏အမှုထမ်းများဖြစ်သော ရှိမတ်၏သားယောဇကာနှင့် ရှောမာ၏သားယဟောဇဗဒ်တို့ကပင် သူ့ကိုလုပ်ကြံလိုက်ခြင်းဖြစ်၏။ သူသည် အနိစ္စရောက်၍ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာမဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ဂျေရုဆလင်မြို့တွင် အာမဇိမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသဖြင့် သူသည် လာခိရှမြို့သို့ ထွက်ပြေးသွား၏။ သို့သော် လာခိရှမြို့အထိလူကိုစေလွှတ်၍ ထိုအရပ်၌ သူ့ကိုကွပ်မျက်ကြ၏။
ထို့နောက် ယုဒလူမျိုးအပေါင်းတို့သည် သက်တော်တစ်ဆယ့်ခြောက်နှစ်သာရှိသေးသော အာဇရိကို မင်းမြှောက်၍ ခမည်းတော်အာမဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံစေ၏။
ယောရံမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်လေ၏။ သူ့ကို ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာခဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
သူ၏အမှုထမ်းတို့သည် သူ့ကို ဂျေရုဆလင်မြို့သို့ ရထားဖြင့်သယ်ဆောင်သွားပြီး ဒါဝိဒ်မြို့ရှိသူ့သင်္ချိုင်းတွင် ဘိုးဘေးတို့နှင့်အတူ သူ့ကိုသင်္ဂြိုဟ်ကြ၏။
သူသည် သက်တော်သုံးဆယ့်နှစ်နှစ်တွင် နန်းတက်၍ ဂျေရုဆလင်မြို့၌ ရှစ်နှစ်စိုးစံ၏။ သူအနိစ္စရောက်သောအခါ မည်သူမျှဝမ်းမနည်း။ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်တို့သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြပေ။
ဩဇိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သွားသောအခါ “သူသည် အနာကြီးရောဂါစွဲသောသူဖြစ်၏”ဟု ဆိုလျက် သူ့ကို ဘိုးဘေးတို့နှင့်အတူ ရှင်ဘုရင်တို့၏သင်္ချိုင်းမြေတွင်သာ သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောသံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
မနာရှေမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို သူ့နန်းတော်တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာမုန်သည် သူ့အရိုက်အရာကို ဆက်ခံ၏။