သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင့်ရင်သွေးဖြစ်သော သင့်သားဦးတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။
၄ ရာ 14:16 - မြန်မာ့စံမီသမ္မာကျမ်း ယဟောရှမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို အစ္စရေးဘုရင်တို့နှင့်အတူ ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယေရောဗောင်သည် သူ့အရိုက်အရာကို ဆက်ခံ၏။ Common Language Bible ယဟောရှကွယ်လွန်သောအခါ သူ့ကိုရှမာရိ မြို့ရှိဘုရင်များ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူ၏သားတော်ဒုတိယ မြောက်ယေရောဗောင်သည် ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်လေသည်။ Garrad Bible ယ ဟော ရှ မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် ရှ မာ ရိ မြို့ ရှိ ဣ သ ရေ လ ဘု ရင် တို့ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် ယေ ရော ဗောင် သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။ Judson Bible ယဟောရှသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဣသရေလရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယေရောဗောင်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။ |
သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင့်ရင်သွေးဖြစ်သော သင့်သားဦးတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။
သို့မဟုတ်လျှင် အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်ပြီးနောက်တွင် အကျွန်ုပ်နှင့် အကျွန်ုပ်၏သားရှောလမုန်သည် ရာဇဝတ်သားများ ဖြစ်ရပါလိမ့်မည်”ဟု လျှောက်တင်လေ၏။
ကျန်ရှိနေသော ယောရှမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများ၊ ယုဒဘုရင်အာမဇိမင်းကြီးနှင့် စစ်တိုက်ရာတွင် အစွမ်းသတ္တိကြီးမားခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ယောရှမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို အစ္စရေးဘုရင်တို့နှင့်အတူ ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ ယေရောဗောင်သည် သူ၏ရာဇပလ္လင်တွင် စံမြန်းလေ၏။
ယောခတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောရှသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ကျန်ရှိနေသော ယဟောရှမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ၊ ယုဒဘုရင်အာမဇိမင်းကြီးနှင့် စစ်တိုက်ခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ယောရှမင်းကြီး၏သားတော် ယုဒဘုရင်အာမဇိမင်းကြီးသည် ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယဟောရှမင်းကြီး အနိစ္စရောက်ပြီးနောက် တစ်ဆယ့်ငါးနှစ်အသက်ရှင်သေး၏။
ယောရှမင်းကြီး၏သားတော် ယုဒဘုရင်အာမဇိမင်းကြီး နန်းစံတစ်ဆယ့်ငါးနှစ်တွင် အစ္စရေးဘုရင်ယောရှမင်းကြီး၏သားတော်ယေရောဗောင် နန်းတက်ပြီး ရှမာရိမြို့တွင်လေးဆယ့်တစ်နှစ် စိုးစံ၏။
ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ၊ ယုဒပြည်အပိုင် ဒမတ်စကပ်မြို့နှင့် ဟာမတ်မြို့တို့ကို အစ္စရေးလူမျိုးအဖို့ ပြန်လည်တိုက်ခိုက်သိမ်းယူပေးခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ဤသူအပေါင်းတို့သည် ယုဒဘုရင်ယောသံမင်းကြီးလက်ထက်နှင့် အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးလက်ထက်တွင် မျိုးရိုးစဉ်ဆက်စာရင်းဝင်သူများ ဖြစ်ကြ၏။
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီးလက်ထက်၊ အစ္စရေးဘုရင် ယောရှသားယေရောဗောင်မင်းကြီးလက်ထက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗေရိ၏သားဟောရှေထံသို့ ရောက်လာ၏။
ယုဒဘုရင်ဩဇိမင်းကြီးလက်ထက်နှင့် ယောရှ၏သား အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးလက်ထက် ငလျင်မလှုပ်မီ နှစ်နှစ်တွင် တေကောမြို့သား သိုးထိန်းအာမုတ်သည် အစ္စရေးပြည်နှင့်ပတ်သက်၍ မြင်ရသည့်အတိုင်း ဆင့်ဆိုသောစကားမှာ ဤသို့ဖြစ်၏။