ယောခတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောရှသည် သူ့အရိုက်အရာကို ဆက်ခံ၏။
သူကွယ်လွန်သောအခါရှမာရိမြို့တွင်သူ့ကို သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်ယဟောရှ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
ယော ခတ် မင်း သည် ဘေး တော်၊ ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် ရှ မာ ရိ မြို့ တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် ယ ဟော ရှ သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။
ယောခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယဟောရှသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
အစ္စရေးလူမျိုးတစ်မျိုးလုံး သူ့အတွက် ငိုကြွေးမြည်တမ်းလျက် သူ့ကို သင်္ဂြိုဟ်ကြလိမ့်မည်။ ယေရောဗောင်မင်းမျိုးမင်းနွယ်တွင် သူသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏စိတ်တော်နှင့်တွေ့သူဖြစ်၏။ ထို့ကြောင့် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲတွင် သူတစ်ဦးတည်းသာ သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းခံရလိမ့်မည်။
ယေဟုမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ရှမာရိမြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောခတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ယုဒဘုရင်ယောရှမင်းကြီး နန်းစံသုံးဆယ့်ခုနစ်နှစ်တွင် ယောခတ်မင်းကြီး၏သားတော်ယဟောရှသည် အစ္စရေးပြည်တွင် နန်းတက်၍ ရှမာရိမြို့တွင် တစ်ဆယ့်ခြောက်နှစ် စိုးစံ၏။
ယောရှမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို အစ္စရေးဘုရင်တို့နှင့်အတူ ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ ယေရောဗောင်သည် သူ၏ရာဇပလ္လင်တွင် စံမြန်းလေ၏။
ကျန်ရှိနေသော ယောခတ်မင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာအားလုံး၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ထို့နောက် အာမဇိမင်းကြီးသည် ယေဟုမင်းကြီး၏မြေးတော်၊ ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင် ယဟောရှမင်းကြီးထံသို့ တမန်ကိုစေလွှတ်၍ “လာပါ။ ငါတို့ ရင်ဆိုင်တိုက်ခိုက်ကြစို့”ဟု ပြောကြားစေ၏။