ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ယောခတ်မင်းကြီးလက်ထက်ကာလပတ်လုံး အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲခဲ့၏။
၄ ရာ 13:21 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတို့သည် လူတစ်ယောက်ကို သင်္ဂြိုဟ်နေစဉ် ထိုဓားပြအဖွဲ့လာနေသည်ကို တွေ့သဖြင့် အလောင်းကို ဧလိရှဲ၏သင်္ချိုင်းတွင်းထဲသို့ ပစ်ချကြလေ၏။ ထိုအလောင်းမှာ ဧလိရှဲ၏အရိုးများနှင့် သွားထိသောအခါ အသက်ပြန်ဝင်လာ၍ မတ်တတ်ရပ်လေ၏။ Common Language Bible အခါတစ်ပါး၌လူသေတစ်လောင်းကိုသင်္ဂြိုဟ် မည်ပြုနေစဉ် လူတို့သည်မောဘတပ်တစ်တပ် ကိုမြင်သဖြင့် အလောင်းကိုဧလိရှဲ၏သင်္ချိုင်း တွင်းသို့ပစ်ချပြီးလျှင်ထွက်ပြေးကြ၏။ ထို အလောင်းသည်ဧလိရှဲ၏အရိုးများနှင့်ထိ မိသည်နှင့်တစ်ပြိုင်နက် အသက်ပြန်ဝင်လာ ပြီးလျှင်မတ်တပ်ရပ်လေ၏။ Judson Bible ဣသရေလလူတို့သည် လူတစ်ယောက်ကို သင်္ဂြိုဟ်စဉ်တွင်၊ မောဘတပ်လာသည်ကို မြင်၍၊ အလောင်းကို ဧလိရှဲသင်္ချိုင်းတွင်း၌ ချထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲအရိုးတို့ကို ထိသောအခါ၊ အသက်ရှင်ပြန်သဖြင့် မတ်တတ်ထ၏။ |
ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ယောခတ်မင်းကြီးလက်ထက်ကာလပတ်လုံး အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲခဲ့၏။
ထို့နောက် ဧလိရှဲသည် ထ၍အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်၏။ တစ်ဖန် သူငယ်ပေါ် ပြန်၍မှောက်နေသောအခါ သူငယ်သည် ခုနစ်ကြိမ်နှာချေပြီး မျက်လုံးပွင့်လာ၏။
ကိုယ်တော်၌ သေဆုံးသောသူတို့သည် ပြန်ရှင်ကြမည်။ ငါနှင့်သက်ဆိုင်သောအသေကောင်သည် ထမြောက်မည်။ မြေမှုန့်သားတို့၊ နိုးလော့။ ရွှင်လန်းစွာသီချင်းဆိုကြလော့။ အကြောင်းမူကား ကိုယ်တော်၏နှင်းသည် နံနက်ခင်းနှင်းကဲ့သို့ဖြစ်၏။ မြေကြီးသည် သေသူ၏ဝိညာဉ်ကို မွေးဖွားစေလိမ့်မည်။
ထိုအခါ သေလွန်သောသူသည် ခြေနှင့်လက်တို့၌ ပိတ်စဖြင့်ပတ်စည်းလျက် မျက်နှာကိုလည်း ပဝါဖြင့်စည်းထားသည့်အတိုင်း ထွက်လာ၏။ ယေရှုက“သူ့ကို ဖြေပေး၍ သွားခွင့်ပေးကြလော့”ဟု လူတို့အား မိန့်တော်မူ၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏အသံကိုကြား၍ ကြားသောသူတို့သည် အသက်ရှင်မည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။
သူ့ကိုယ်ပေါ်မှ ပဝါ၊ သို့မဟုတ် ခါးစည်းအဝတ်ကိုယူသွား၍ နာမကျန်းဖြစ်သူများအပေါ်တင်လျှင် သူတို့၏ရောဂါများပျောက်ကင်း၍ နတ်ဆိုးများလည်း ထွက်သွားကြ၏။
လူတို့သည် နာမကျန်းဖြစ်သူများကို လမ်းမပေါ်သို့သယ်ဆောင်လာ၍ ခုတင်များနှင့် အိပ်ရာများပေါ်တွင် ထားကြကာ ပေတရုလာသောအခါ သူ၏အရိပ်ကိုပင် ထိုလူနာအချို့တို့အပေါ်သို့ကျရောက်စေရန် ကြိုးစားကြ၏။
သို့သော် သုံးရက်ခွဲလွန်ပြီးသောအခါ ဘုရားသခင်ထံတော်မှဇီဝအသက်သည် ထိုသူတို့အထဲသို့ဝင်၍ သူတို့သည် မိမိတို့ခြေဖြင့်မတ်တပ်ရပ်ကြ၏။ ထိုသူတို့ကိုမြင်သောသူတို့သည် အလွန်ကြောက်ရွံ့ကြ၏။