ယုဒဘုရင်ယောရှမင်းကြီး နန်းစံသုံးဆယ့်ခုနစ်နှစ်တွင် ယောခတ်မင်းကြီး၏သားတော်ယဟောရှသည် အစ္စရေးပြည်တွင် နန်းတက်၍ ရှမာရိမြို့တွင် တစ်ဆယ့်ခြောက်နှစ် စိုးစံ၏။
ယုဒရှင်ဘုရင်ယောရှ၏နန်းစံသုံးဆယ့်ခုနစ် နှစ်မြောက်၌ ယောခတ်၏သားတော်ယဟောရှသည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့တွင်တစ်ဆယ့်ခြောက်နှစ်နန်းစံ လေသည်။-
ယု ဒ ဘု ရင် ယော ရှ မင်း နန်း စံ သုံး ဆယ့် ခု နစ် နှစ် တွင် ယော ခတ် မင်း သား တော် ယ ဟော ရှ မင်း နန်း တက် ၍ ရှ မာ ရိ မြို့၌ ဣ သ ရေ လ နိုင် ငံ ကို ဆယ့် ခြောက် နှစ် စိုး စံ ရ ရာ
ယုဒရှင်ဘုရင်ယောရှ နန်းစံသုံးဆယ်ခုနစ်နှစ်တွင်၊ ယောခတ်သား ယဟောရှသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခြောက်နှစ် စိုးစံ၏။
ထာဝရဘုရားက ယေဟုအား “သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်မှန်ကန်စွာ ပြုလေပြီ။ အာဟပ်မင်းမျိုးမင်းနွယ်ကို ငါပြုစေလိုသည့်အတိုင်း သင်ပြုသောကြောင့် သင်၏သားစဉ်မြေးဆက်လေးဆက်တိုင်တိုင် အစ္စရေးရာဇပလ္လင်ပေါ်တွင် စံမြန်းရလိမ့်မည်”ဟု မိန့်တော်မူ၏။
ယေဟုမင်းကြီးနန်းတက်ပြီး ခုနစ်နှစ်အကြာတွင် ယဟောရှနန်းတက်၍ ဂျေရုဆလင်မြို့တွင် အနှစ်လေးဆယ် စိုးစံ၏။ မယ်တော်ကား ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။
အာခဇိမင်းကြီး၏သားတော် ယုဒဘုရင်ယောရှမင်းကြီး နန်းစံနှစ်ဆယ့်သုံးနှစ်တွင် ယေဟုမင်းကြီး၏သားတော် ယောခတ်သည် အစ္စရေးပြည်၌နန်းတက်ပြီး ရှမာရိမြို့တွင်တစ်ဆယ့်ခုနစ်နှစ် စိုးစံ၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်ပြုသမျှအပြစ်တို့ကို မလွဲမရှောင်ဘဲ လိုက်၍ပြုကျင့်၏။
ယောခတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောရှသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယောရှမင်းကြီး နန်းစံနှစ်နှစ်တွင် ယုဒဘုရင်ယောရှမင်းကြီး၏သားတော်အာမဇိ နန်းတက်၏။
ယောရှမင်းကြီး၏သားတော် ယုဒဘုရင်အာမဇိမင်းကြီးသည် ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယဟောရှမင်းကြီး အနိစ္စရောက်ပြီးနောက် တစ်ဆယ့်ငါးနှစ်အသက်ရှင်သေး၏။
ဤသည်မှာ “သင်၏သားမြေးလေးဆက်အထိ အစ္စရေးလူမျိုးတို့၏ရာဇပလ္လင်တွင် စံမြန်းရမည်”ဟု ထာဝရဘုရားက ယေဟုအား မိန့်မှာထားသည့်စကားအတိုင်း ပြည့်စုံလာခြင်းဖြစ်၏။