အာခဇိမင်းကြီး၏သားတော် ယုဒဘုရင်ယောရှမင်းကြီး နန်းစံနှစ်ဆယ့်သုံးနှစ်တွင် ယေဟုမင်းကြီး၏သားတော် ယောခတ်သည် အစ္စရေးပြည်၌နန်းတက်ပြီး ရှမာရိမြို့တွင်တစ်ဆယ့်ခုနစ်နှစ် စိုးစံ၏။
ယုဒဘုရင်အာခဇိ၏သားတော်ယောရှ၏နန်း စံနှစ်ဆယ့်သုံးနှစ်မြောက်၌ ယေဟု၏သားတော် ယောခတ်သည် ဣသရေလပြည်ဘုရင်အဖြစ် နန်းတက်၍ ရှမာရိမြို့တွင်တစ်ဆယ့်ခုနစ်နှစ် နန်းစံလေသည်။-
အာ ခ ဇိ မင်း သား တော်၊ ယု ဒ ဘု ရင် ယော ရှ မင်း နန်း စံ နှစ် ဆယ့် သုံး နှစ် တွင် ယေ ဟု မင်း သား တော် ယော ခတ် မင်း နန်း တက်၍ ရှ မာ ရိ မြို့၌ ဣ သ ရေ လ နိုင် ငံ ကို ဆယ့် ခု နစ် နှစ် စိုး စံ ရ ရာ၊
ယုဒရှင်ဘုရင်အာခဇိသား ယောရှနန်းစံ နှစ်ဆယ်သုံးနှစ်တွင်၊ ယေဟုသားယောခတ်သည် ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခုနစ်နှစ်စိုးစံ၏။
ထာဝရဘုရားက ယေဟုအား “သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်မှန်ကန်စွာ ပြုလေပြီ။ အာဟပ်မင်းမျိုးမင်းနွယ်ကို ငါပြုစေလိုသည့်အတိုင်း သင်ပြုသောကြောင့် သင်၏သားစဉ်မြေးဆက်လေးဆက်တိုင်တိုင် အစ္စရေးရာဇပလ္လင်ပေါ်တွင် စံမြန်းရလိမ့်မည်”ဟု မိန့်တော်မူ၏။
ယဟောရှနန်းတက်သောအခါ သက်တော်ခုနစ်နှစ်သာ ရှိသေး၏။
ခုနစ်နှစ်မြောက်တွင် ယောယဒသည် ကိုယ်ရံတော်တပ်နှင့် အစောင့်တပ်တို့၏ရာတပ်မှူးများကို လူလွှတ်ခေါ်၍ သူတို့သည် ထာဝရဘုရား၏အိမ်တော်သို့ ရောက်လာလျှင် ထာဝရဘုရား၏အိမ်တော်တွင်ပင် သူတို့နှင့် ကတိသစ္စာပြု၍ ကျိန်ဆိုစေပြီးမှ ဘုရင့်သားတော်ကို ထုတ်ပြ၏။
ယေဟုမင်းကြီးနန်းတက်ပြီး ခုနစ်နှစ်အကြာတွင် ယဟောရှနန်းတက်၍ ဂျေရုဆလင်မြို့တွင် အနှစ်လေးဆယ် စိုးစံ၏။ မယ်တော်ကား ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။
သူ၏အမှုထမ်းများဖြစ်သော ရှိမတ်၏သားယောဇကာနှင့် ရှောမာ၏သားယဟောဇဗဒ်တို့ကပင် သူ့ကိုလုပ်ကြံလိုက်ခြင်းဖြစ်၏။ သူသည် အနိစ္စရောက်၍ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာမဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ယုဒဘုရင်ယောရှမင်းကြီး နန်းစံသုံးဆယ့်ခုနစ်နှစ်တွင် ယောခတ်မင်းကြီး၏သားတော်ယဟောရှသည် အစ္စရေးပြည်တွင် နန်းတက်၍ ရှမာရိမြို့တွင် တစ်ဆယ့်ခြောက်နှစ် စိုးစံ၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုများကို ပြု၏။ အစ္စရေးလူမျိုးကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီး ပြုသောအပြစ်တို့ကို မလွှဲမရှောင်ဘဲ ထိုအပြစ်တို့နောက်သို့လိုက်၏။
ဤသည်မှာ “သင်၏သားမြေးလေးဆက်အထိ အစ္စရေးလူမျိုးတို့၏ရာဇပလ္လင်တွင် စံမြန်းရမည်”ဟု ထာဝရဘုရားက ယေဟုအား မိန့်မှာထားသည့်စကားအတိုင်း ပြည့်စုံလာခြင်းဖြစ်၏။
အာခဇိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်နှစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်နှစ်စိုးစံ၏။ မယ်တော်ကား အစ္စရေးဘုရင်ဩမရိမင်းကြီး၏မြေးတော် အာသလိအမည်ရှိ၏။