ယဇ်ပုရောဟိတ်တို့ကလည်း လူတို့ထံမှငွေကို နောက်ထပ်မကောက်ယူပါ၊ အိမ်တော်အပျက်အစီးများကို မပြုပြင်ပါဟု သဘောတူကြ၏။
ယဇ်ပုရောဟိတ်တို့သည်လည်းငွေကိုပေး အပ်ရန်နှင့် ဗိမာန်တော်မွမ်းမံပြင်ဆင်မှုကို တာဝန်မယူရန်သဘောတူကြလေသည်။
ပ ရော ဟိတ် တို့ သည် လူ ပ ရိ သတ် လှူ သော ငွေ ကို လက် မ ခံ၊ ဗိ မာန် တော် အက် ကွဲ ရာ ကို လည်း မ ထေး ဖာ ပါ ဟု ဝန် ခံ ကြ ကုန် ၏။
ယဇ်ပုရောဟိတ်တို့သည် နောက်တစ်ဖန် လူများလှူသောငွေကို မခံရ။ ဗိမာန်တော်ပြိုပျက်ရာကိုလည်း မပြုပြင်ရဟု ဝန်ခံကြ၏။
ထို့ကြောင့် ယဟောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒနှင့် အခြားယဇ်ပုရောဟိတ်တို့ကို ဆင့်ခေါ်၍ “အိမ်တော်အပျက်အစီးများကို အဘယ်ကြောင့် မပြုပြင်ကြသနည်း။ ယခု ကိုယ်နှင့်ရင်းနှီးသူတို့ထံမှ ငွေကိုမယူဘဲ အိမ်တော်အပျက်အစီးကိုပြုပြင်ရန်အတွက် ကိုယ့်ငွေကို ပေးအပ်ကြလော့”ဟု မိန့်ဆို၏။
ထို့နောက် ယဇ်ပုရောဟိတ်ယောယဒသည် သေတ္တာတစ်လုံးကို ယူ၍ အဖုံးတွင်အပေါက်ဖောက်ထားပြီး ထာဝရဘုရားအိမ်တော်သို့ဝင်ရာလမ်း၏ညာဘက် ယဇ်ပလ္လင်အနားတွင် ထား၏။ တံခါးစောင့်ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာသောငွေအားလုံးကို ထိုသေတ္တာထဲသို့ ထည့်ကြ၏။
“ယဇ်ပုရောဟိတ်မင်းဟိလခိထံသွားပြီးလျှင် လူတို့ထံမှ တံခါးစောင့်တို့ကောက်ခံ၍ ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လာသောငွေကို ရေတွက်စေပါ။
ထို့နောက်တွင် ရှင်ဘုရင်၏အမိန့်တော်အတိုင်း သေတ္တာတစ်လုံးကိုပြုလုပ်ပြီး ထာဝရဘုရား၏အိမ်တော်တံခါးအပြင်ဘက်နားတွင် ထားကြ၏။