ယဇ်ပုရောဟိတ်တို့သည် ကိုယ်နှင့်ရင်းနှီးသူများထံမှ လက်ခံယူပြီး အိမ်တော်ပျက်စီးသည်ကိုတွေ့လျှင် ထိုအပျက်အစီးများကို ပြုပြင်စေ”ဟု မိန့်ဆို၏။
၄ ရာ 12:6 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယဇ်ပုရောဟိတ်တို့သည် ယဟောရှမင်းကြီးနန်းစံ နှစ်ဆယ့်သုံးနှစ်တိုင်အောင် အိမ်တော်အပျက်အစီးများကို မပြုပြင်ကြ။ Common Language Bible သို့ရာတွင်ယောရှ၏နန်းစံနှစ်ဆယ့်သုံးနှစ် မြောက်သို့ရောက်ရှိသည်တိုင်အောင် ဗိမာန်တော် တွင်မည်သည့်မွမ်းမံပြင်ဆင်မှုကိုမျှမပြု ရသေးသဖြင့်၊- Garrad Bible ယော ရှ မင်း နန်း စံ နှစ် ဆယ့် သုံး နှစ် တိုင် အောင် ဗိ မာန် တော် အက် ကွဲ ရာ များ ကို ပ ရော ဟိတ် တို့ မ ထေး ဖာ သေး သည် ဖြစ် ၍ Judson Bible သို့သော်လည်း ယောရှမင်းကြီး နန်းစံနှစ်ဆယ်သုံးနှစ်တွင်၊ ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ပြိုပျက်ရာတို့ကို မပြုပြင်ကြသေး။ |
ယဇ်ပုရောဟိတ်တို့သည် ကိုယ်နှင့်ရင်းနှီးသူများထံမှ လက်ခံယူပြီး အိမ်တော်ပျက်စီးသည်ကိုတွေ့လျှင် ထိုအပျက်အစီးများကို ပြုပြင်စေ”ဟု မိန့်ဆို၏။
ထို့ကြောင့် ယဟောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒနှင့် အခြားယဇ်ပုရောဟိတ်တို့ကို ဆင့်ခေါ်၍ “အိမ်တော်အပျက်အစီးများကို အဘယ်ကြောင့် မပြုပြင်ကြသနည်း။ ယခု ကိုယ်နှင့်ရင်းနှီးသူတို့ထံမှ ငွေကိုမယူဘဲ အိမ်တော်အပျက်အစီးကိုပြုပြင်ရန်အတွက် ကိုယ့်ငွေကို ပေးအပ်ကြလော့”ဟု မိန့်ဆို၏။
ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးများကို စုရုံး၍ သူတို့အား “ယုဒမြို့ရွာများသို့သွား၍ ဘုရားသခင်၏အိမ်တော်ကို ပြုပြင်ရန်အတွက် အစ္စရေးလူမျိုးတစ်မျိုးလုံးတို့ထံမှ နှစ်စဉ်ကြေးငွေများကောက်ခံကြလော့။ ဤအမှုကို ချက်ချင်းလုပ်ဆောင်လော့”ဟု မိန့်ဆို၏။ သို့သော် လေဝိအမျိုးတို့သည် ချက်ချင်းမလုပ်ဆောင်ဘဲ နေကြ၏။
သို့သော် ယဇ်ပုရောဟိတ်အင်အားနည်းသောကြောင့် မီးရှို့ရာယဇ်ကောင်အားလုံး၏အရေခွံကို မခွာနိုင်။ ထို့ကြောင့် သူတို့၏ညီအစ်ကို လေဝိအမျိုးတို့သည် အမှုအားလုံးပြီးစီးသည်အထိ၊ အခြားယဇ်ပုရောဟိတ်တို့ မိမိကိုယ်ကို သန့်ရှင်းခြင်းဝတ်ပြုပြီးသည့်အချိန်အထိ သူတို့ကို ကူညီကြ၏။ အကြောင်းမူကား လေဝိအမျိုးတို့သည် ယဇ်ပုရောဟိတ်တို့ထက်ပင် စိတ်နှလုံးဖြောင့်မှန်၍ မိမိတို့ကိုယ်ကိုသန့်ရှင်းစေသောသူများ ဖြစ်ကြ၏။
“ငါ့ယဇ်ပလ္လင်ရှိရာသို့ဝင်၍ မီးကိုအချည်းနှီးမထွန်းရအောင် တံခါးကို မည်သူပိတ်ပေးမည်နည်း။ ငါသည် သင်တို့ကို မနှစ်သက်။ သင်တို့လက်နှင့်ပူဇော်သောယဇ်ကို ငါလက်မခံ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့၌ရှိသည့် ဘုရားသခင်၏သိုးစုကို အုပ်ထိန်းကြလော့။ မလုပ်မဖြစ်လုပ်ရခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏အလိုတော်နှင့်အညီ စေတနာစိတ်ဖြင့်လည်းကောင်း၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်ခြင်းကြောင့်မဟုတ်ဘဲ စိတ်အားထက်သန်စွာဖြင့်လည်းကောင်း ကြည့်ရှုအုပ်ထိန်းကြလော့။