၄ ရာ 12:10 - မြန်မာ့စံမီသမ္မာကျမ်း ထိုသေတ္တာထဲတွင် ငွေအမြောက်အမြားရှိလာသည်ကို မြင်လျှင် ဘုရင့်စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်းတို့သည် လာ၍ ထာဝရဘုရား၏အိမ်တော်၌ရှိသောငွေများကို အိတ်ထဲထည့်ပြီး ရေတွက်လေ၏။ Common Language Bible အလှူခံသေတ္တာတွင်ငွေများလာသည့်အခါ တိုင်း ဘုရင့်အတွင်းဝန်နှင့်ယဇ်ပုရောဟိတ် မင်းတို့လာ၍ ငွေကိုထုတ်ယူကာအရည် ကြိုပြီးလျှင်ချိန်တွယ်ကြ၏။- Garrad Bible အ လှူ ငွေ မြောက် မြား သည် ကို မြင် သည့် ကာ လ သံ တော် ဆင့် နှင့် ပ ရော ဟိတ် မင်း တို့ ဝင်၍ ဗိ မာန် တော်၌ တွေ့ သော အ လှူ ငွေ ကို ရေ တွက် ထုပ် ထား ကြ ပြီး လျှင် Judson Bible ငွေများသည်ကိုသိမြင်လျှင်၊ ရှင်ဘုရင်၏စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်းသည်လာ၍ ဗိမာန်တော်၌စုသောငွေကို ထုတ်ထားလျက် စာရင်းယူ၏။ |
အဟိတုပ်၏သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်တို့ကား ယဇ်ပုရောဟိတ်များ၊ စရာယကား စာရေးတော်ကြီး၊
ထို့နောက် ရေတွက်ပြီးသောထိုငွေတို့ကို ထာဝရဘုရား၏အိမ်တော်အဖို့ ခန့်ထားသောအလုပ်ကြီးကြပ်သူတို့လက်သို့ အပ်၏။ အလုပ်ကြီးကြပ်သူတို့လည်း ထိုငွေကို ထာဝရဘုရား၏အိမ်တော်တွင် အလုပ်လုပ်သော လက်သမားများ၊ ဆောက်လုပ်ရေးသမားများ၊
မင်းကြီးသည် လျှော်တေအဝတ်ဝတ်ထားသည့် နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အသက်ကြီးသောယဇ်ပုရောဟိတ်တို့ကို အာမုတ်၏သားပရောဖက်ဟေရှာယထံသို့ စေလွှတ်၏။
ထို့နောက် ရှင်ဘုရင်က ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်၏သားအဟိကံ၊ မိက္ခာယ၏သားအာခဗော်၊ စာရေးတော်ကြီးရှာဖန်၊ ဘုရင့်အမှုထမ်းအသာယတို့အား
ထို့နောက် ရှင်ဘုရင်က ယဇ်ပုရောဟိတ်မင်းဟိလခိ၊ လက်ထောက်ယဇ်ပုရောဟိတ်များနှင့် တံခါးစောင့်များအား ဗာလဘုရား၊ အာရှရနတ်ဘုရားမနှင့် ကောင်းကင်တန်ဆာများအဖို့ပြုလုပ်ထားသောအသုံးအဆောင်များအားလုံးကို ထာဝရဘုရား၏ဗိမာန်တော်မှ ထုတ်ဆောင်လာရန် အမိန့်ပေး၏။ ရှင်ဘုရင်သည် ထိုအရာတို့ကို ဂျေရုဆလင်မြို့ပြင် ကေဒြုန်လွင်ပြင်တွင်မီးရှို့ပြီး ပြာများကို ဗေသလမြို့သို့ ယူဆောင်သွား၏။
နေမန်ကလည်း “ငွေကိုမူ နှစ်တာလန်ယူပါ။ မငြင်းပါနှင့်”ဟု တိုက်တွန်း၍ ငွေနှစ်တာလန်နှင့် အဝတ်နှစ်စုံကို အိတ်နှစ်လုံးထဲထည့်ချည်ပြီး ငယ်သားနှစ်ဦးထံသို့အပ်၍ ဂေဟာဇိရှေ့မှ ထမ်းသွားစေ၏။
ကောရေ၏မြစ်၊ ဧဗျာသပ်၏မြေး၊ ကောရ၏သား ရှလ္လုံနှင့် သူ၏ဘိုးဘေးအိမ်ထောင်စုမှ ဆွေမျိုးသားချင်းဖြစ်သော ကောရအမျိုးတို့သည် တဲတော်တံခါး စောင့်ကြပ်သောအမှုကို ထမ်းဆောင်ရသူများ ဖြစ်၏။ သူတို့၏ဘိုးဘေးများသည်လည်း ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်ဝင်ပေါက်ကို စောင့်ကြပ်ခဲ့ရသူများ ဖြစ်၏။
လေဝိအမျိုးသားတို့သည် ငွေအမြောက်အမြားရလာပြီဖြစ်ကြောင်း သိမြင်လျှင် သေတ္တာကို ဘုရင့်အမှုထမ်းများထံသို့ ယူဆောင်လာကြ၏။ ထိုအခါ စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်အကြီးအကဲတို့သည်လာ၍ သေတ္တာထဲမှ ငွေကိုထုတ်ပြီး ယူဆောင်သွား၏။ သေတ္တာကိုမူ သူ့နေရာတွင် ပြန်ထားစေ၏။ နေ့စဉ်နေ့တိုင်း ထိုသို့ပြုရာ ငွေအမြောက်အမြားကို ကောက်ခံရရှိလေ၏။
ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငွေပေး၍ခိုင်းစေ၏။ ပါးရှားဘုရင် ကုရုမင်းကြီး၏ခွင့်ပြုချက်ဖြင့် ဆီဒုန်အမျိုးသား၊ တိုင်ရာအမျိုးသားတို့ကို စားနပ်ရိက္ခာနှင့်ဆီကိုပေး၍ သစ်ကတိုးသားများကို လက်ဘနွန်တောမှ ယုပ္ပေမြို့အရောက် မျှောချစေ၏။