၄ ရာ 10:6 - မြန်မာ့စံမီသမ္မာကျမ်း
ယေဟုကလည်း သူတို့ထံ ဒုတိယအကြိမ်စာရေးလိုက်ပြန်၏။ စာထဲ၌ “သင်တို့သည် ငါ့စကားကိုနားထောင်ပြီး ငါ့ဘက်၌နေမည်ဆိုလျှင် သင်တို့သခင်၏သားများ၏ခေါင်းကိုဖြတ်ပြီး မနက်ဖြန်ဤသို့သောအချိန်၌ ငါရှိရာယေဇရေလမြို့သို့ ယူဆောင်လာကြလော့”ဟု ရေးထား၏။ ဘုရင့်သားတော်အပါးခုနစ်ဆယ်တို့သည် အထိန်းတော်များဖြစ်သောမြို့မိမြို့ဖများနှင့်အတူ ရှိနေ၏။
အခန်းကိုကြည့်ပါ။
ယေဟုကလည်း``သင်တို့သည်ငါ၏ဘက်သို့ ပါ၍ ငါ့အမိန့်ကိုလိုက်နာရန်အသင့်ရှိပါ လျှင် အာဟပ်မင်း၏သားမြေးတို့၏ဦးခေါင်း များကို နက်ဖြန်ဤအချိန်အရောက်ငါ့ထံ သို့ယူဆောင်ခဲ့ကြလော့'' ဟုနောက်ထပ်စာ ရေးပေးပို့လိုက်လေသည်။ ရှမာရိမြို့ရှိမြို့မိမြို့ဖတို့သည် အာဟပ် မင်း၏သားမြေးခုနစ်ဆယ်ကိုအုပ်ထိန်း စောင့်ရှောက်လျက်ရှိကြ၏။-
အခန်းကိုကြည့်ပါ။
သင် တို့ သည် ငါ့ ဘက်၌ နေ၍၊ အ မိန့် အ တိုင်း လိုက် နာ မည် ဖြစ် လျှင်၊ သင် တို့ သ ခင့် သား တော် မြေး တော် တို့ ဦး ခေါင်း များ ကို နက် ဖြန် ယ ခု အ ချိန်၊ ငါ ရှိ ရာ ယေ ဇ ရေ လ မြို့ သို့ ယူ ခဲ့ ကြ လော့ ဟု နောက် ထပ် အ မိန့် စာ ကို ယေ ဟု မင်း ပို့ လိုက် လေ၏။ မင်း သား ခု နစ် ကျိပ် တို့ ကား မြို့၌ အ ကြီး အ ကဲ ပြု လုပ် သူ အ ကြီး တော် တို့ နှင့် အ တူ ရှိ နေ ကြ သ တည်း။
အခန်းကိုကြည့်ပါ။
ယေဟုကလည်း၊ သင်တို့သည် ငါ၏လူဖြစ်၍ ငါ့စကားကို နားထောင်လျှင်၊ သင်တို့သခင့်သားတို့၏ ဦးခေါင်းများကိုယူ၍ ယေဇရေလမြို့၊ ငါရှိရာသို့ နက်ဖြန်နေ့ယခုအချိန်၌ လာကြလော့ဟု တစ်ဖန် စာပေးလိုက်လေ၏။ ရှင်ဘုရင်၏သားတော်ပေါင်း ခုနစ်ကျိပ်ရှိသည်ဖြစ်၍၊ လုပ်ကျွေးသော မြို့သားအကြီးအကဲတို့၌ ရှိကြ၏။
အခန်းကိုကြည့်ပါ။