ကျန်ရှိနေသော ရှောလမုန်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာနှင့် သူ၏ဉာဏ်ပညာကြီးပုံတို့ကို ရှောလမုန်မင်းကြီး၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
၄ ရာ 10:34 - မြန်မာ့စံမီသမ္မာကျမ်း ကျန်ရှိနေသော ယေဟုမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအမှုများ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ Common Language Bible ယေဟု၏လက်ရုံးရည်အပါအဝင် သူလုပ် ဆောင်ခဲ့သည့်အခြားအမှုအရာရှိသမျှ ကို ဣသရေလရာဇဝင်တွင်ရေးထား၏။- Garrad Bible ယေ ဟု မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် နှင့် လက် ရုံး ရည် ပါ ဣ သ ရေ လ ရာ ဇ ဝင်၌ ရေး ထား လျက် ရှိ ၏။ Judson Bible ယေဟုပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည်၊ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ |
ကျန်ရှိနေသော ရှောလမုန်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာနှင့် သူ၏ဉာဏ်ပညာကြီးပုံတို့ကို ရှောလမုန်မင်းကြီး၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ စစ်တိုက်ခဲ့ပုံများ၊ အုပ်ချုပ်ခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှတို့ကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော အာခဇိမင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သောအရာများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ဂျော်ဒန်မြစ်အရှေ့ဘက် ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုးတို့ပိုင်သော ဂိလဒ်ပြည်တစ်လျှောက်လုံး၊ အာနုန်ချောင်းနားရှိ အာရော်မြို့မှစ၍ ဂိလဒ်ပြည်၊ ဗာရှန်ပြည်အထိ တိုက်ခိုက်သိမ်းပိုက်လိုက်လေ၏။
ယေဟုမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ရှမာရိမြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောခတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ကျန်ရှိနေသော ယောရှမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ယောခတ်မင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာအားလုံး၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။