ယေဟုသည် အစ္စရေးပြည်တစ်ပြည်လုံးသို့ လူကိုစေလွှတ်၍ကြေညာစေသဖြင့် ဗာလဘုရားကို ဝတ်ပြုသူအားလုံး တစ်ယောက်မကျန်ရောက်လာကြ၍ ဗာလဝတ်ကျောင်းတစ်ခုလုံး ထိပ်ဆုံးမှနောက်ဆုံးအထိ လူတို့ဖြင့်ပြည့်လျှံနေလေ၏။
၄ ရာ 10:22 - မြန်မာ့စံမီသမ္မာကျမ်း ယေဟုကလည်း ဝတ်လုံတိုက်မှူးအား “ဗာလဘုရားကို ဝတ်ပြုသူတို့အဖို့ ဝတ်လုံများကို ထုတ်ယူခဲ့လော့”ဟု အမိန့်ပေးသဖြင့် သူသည် လူတို့အတွက် ဝတ်လုံများကို ထုတ်ပေး၏။ Common Language Bible ထိုအခါယေဟုသည်အမြတ်ထားသည့် ဝတ်လုံများကိုထိန်းသိမ်းရသူယဇ်ပုရော ဟိတ်အား ထိုဝတ်လုံတို့ကိုထုတ်၍ဝတ်ပြု ကိုးကွယ်သူတို့အားပေးအပ်စေ၏။- Garrad Bible ထို အ ခါ ဘ ဏ္ဍာ တော် ထိန်း အား၊ ဗာ လ ကို ဝတ် ပြု သူ တို့ ဆင် ယင် ရန် အ ဝတ် များ ကို ထုတ် ပေး လော့ ဟု ယေ ဟု မင်း မိန့် ဆို သည့် အ တိုင်း ထုတ် ပေး ပြီး နောက်၊ Judson Bible ယေဟုသည် အဝတ်တန်ဆာတိုက်စိုးကိုခေါ်၍၊ ဗာလဘုရားတပည့်တို့အဖို့ အဝတ်တန်ဆာကို ထုတ်ကြဟု ဆိုသည်အတိုင်း ထုတ်လေ၏။ |
ယေဟုသည် အစ္စရေးပြည်တစ်ပြည်လုံးသို့ လူကိုစေလွှတ်၍ကြေညာစေသဖြင့် ဗာလဘုရားကို ဝတ်ပြုသူအားလုံး တစ်ယောက်မကျန်ရောက်လာကြ၍ ဗာလဝတ်ကျောင်းတစ်ခုလုံး ထိပ်ဆုံးမှနောက်ဆုံးအထိ လူတို့ဖြင့်ပြည့်လျှံနေလေ၏။
ထို့နောက် ယေဟုနှင့် ရေခပ်၏သားယောနဒပ်သည် ဗာလဘုရားဝတ်ကျောင်းထဲသို့ဝင်သွား၍ ဗာလဘုရားကိုဝတ်ပြုသူတို့အား “ဤနေရာတွင် ထာဝရဘုရားကို ဝတ်ပြုသူတို့မပါဘဲ ဗာလဘုရားကို ဝတ်ပြုသူများသာရှိစေရန် ကိုယ့်အနီးအနားကို စစ်ဆေးကြည့်လော့”ဟု ဆို၏။
သင့်အစ်ကိုအာရုန်ဂုဏ်သရေရှိ၍ တင့်တယ်ခန့်ညားဖို့ သူ့အတွက် သန့်ရှင်းသောအဝတ်တန်ဆာကို သင်ချုပ်လုပ်ပေးရမည်။