ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယခု ငါသည် သင့်အပေါ် ဘေးဆိုးကျရောက်စေမည်။ သင့်ကို ငါသုတ်သင်ပယ်ရှင်းမည်။ အစ္စရေးပြည်ရှိ အာဟပ်မင်းကြီးအမျိုးထဲမှ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယောက်ျားအားလုံးကို ငါပယ်ရှင်းမည်။
၄ ရာ 10:17 - မြန်မာ့စံမီသမ္မာကျမ်း ယေဟုသည် ရှမာရိမြို့သို့ရောက်လာသောအခါ ထာဝရဘုရားသည် ဧလိယအား မိန့်တော်မူခဲ့သည့်စကားတော်အတိုင်း ရှမာရိမြို့၌ အာဟပ်အမျိုးကြွင်းကျန်သမျှကို အကုန်ပျက်စီးသည်အထိ သတ်လေ၏။ Common Language Bible ထိုမြို့သို့ရောက်သောအခါယေဟုသည် အာဟပ် ၏ဆွေမျိုးရှိသမျှတို့ကိုတစ်ယောက်မကျန် သတ်လေသည်။ ဤကားဧလိယအားထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ဖြစ်ပျက် ခြင်းပင်ဖြစ်သတည်း။ Garrad Bible ရှ မာ ရိ မြို့ သို့ ရောက် သော် ဧ လိ ယ အား ထာ ဝ ရ ဘု ရား ထား တော် မူ ခဲ့ သော ဗျာ ဒိတ် တော် နှင့် အ ညီ အာ ဟပ် မင်း မျိုး ကြွင်း သ မျှ ကို မ ကုန် မ ချင်း ကွပ် မျက် လေ၏။ Judson Bible ရှမာရိမြို့သို့ရောက်သောအခါ၊ ထာဝရဘုရားသည် ဧလိယအားမိန့်တော်မူသော စကားတော်အတိုင်း၊ အာဟပ်အမျိုး အကုန်အစင် ပျက်စီးသည်တိုင်အောင် ထိုမြို့၌ ကျန်ကြွင်းလေသမျှတို့ကို သတ်လေ၏။ |
ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယခု ငါသည် သင့်အပေါ် ဘေးဆိုးကျရောက်စေမည်။ သင့်ကို ငါသုတ်သင်ပယ်ရှင်းမည်။ အစ္စရေးပြည်ရှိ အာဟပ်မင်းကြီးအမျိုးထဲမှ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယောက်ျားအားလုံးကို ငါပယ်ရှင်းမည်။
ဧလိယ ဆင့်ဆိုသောထာဝရဘုရား၏စကားတော်အတိုင်း အာခဇိမင်းကြီး အနိစ္စရောက်လေ၏။ သူ၌သားမရှိသောကြောင့် ယဟောရံသည် ယောရှဖတ်မင်းကြီး၏သား ယုဒဘုရင် ယဟောရံမင်းကြီးနန်းစံနှစ်နှစ်တွင် အာခဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံ၏။
အာဟပ်မင်းမျိုးမင်းနွယ်အားလုံး ပျက်စီးသွားရလိမ့်မည်။ အစ္စရေးပြည်ရှိ အာဟပ်မင်းကြီးအမျိုးထဲမှ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယောက်ျားတို့ကို ငါပယ်ရှင်းမည်။
ယေဟုသည် အာဟပ်မင်းမျိုးမင်းနွယ်ကို ကွပ်မျက်စီရင်သောအခါ ယုဒအကြီးအကဲများနှင့် အာခဇိမင်းကြီးကိုခစားသော အာခဇိမင်းကြီး၏ဆွေမျိုးသားချင်းတို့ကို တွေ့သဖြင့် သူတို့ကိုပါ ကွပ်မျက်လေ၏။
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။