ထိုအခါ ဗင်္ဟာဒဒ်မင်းကြီးက “ငြိမ်းချမ်းရေးအတွက် လာသည်ဖြစ်စေ၊ စစ်တိုက်ဖို့အတွက် လာသည်ဖြစ်စေ သူတို့ကို အရှင်ဖမ်းဆီးထားကြ”ဟု အမိန့်ပေး၏။
၄ ရာ 10:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေဟုက “သူတို့ကို အရှင်ဖမ်းကြ”ဟု အမိန့်ပေး၍ သူတို့ကိုအရှင်ဖမ်းပြီး ဗက်အက်ကက်အရပ်ရှိရေတွင်းနားတွင် လူလေးဆယ့်နှစ်ယောက်ကို တစ်ယောက်မကျန် သတ်ပစ်လိုက်လေ၏။ Common Language Bible ယေဟုက``ဤသူတို့အားလက်ရဖမ်းဆီး ကြလော့'' ဟုမိမိ၏လူတို့အားအမိန့်ပေး သည့်အတိုင်း ဖမ်းဆီး၍တွင်းတစ်ခုအနီး တွင်လူပေါင်းလေးဆယ့်နှစ်ယောက်တို့ကို ကွပ်မျက်လေသည်။ Garrad Bible ယေ ဟု မင်း က၊ လက် ရ ဖမ်း ကြ လော့ ဟု မိန့် ဆို သည့် အ တိုင်း ဖမ်း၍ ထို စ ရပ် ရေ တွင်း အ နီး လေး ကျိပ် နှစ် ယောက် တို့ ကို တစ် ယောက် မ ကျန် သတ် လေ ၏။ Judson Bible ယေဟုကလည်း၊ အရှင်ဖမ်းကြဟု စီရင်သည်အတိုင်း၊ အရှင်ဖမ်း၍ သိုးမွေးဇရပ်တွင်းနားမှာ လေးကျိပ်နှစ်ယောက်တို့ကို တစ်ယောက်မျှမကျန်စေဘဲ သတ်ကြ၏။ |
ထိုအခါ ဗင်္ဟာဒဒ်မင်းကြီးက “ငြိမ်းချမ်းရေးအတွက် လာသည်ဖြစ်စေ၊ စစ်တိုက်ဖို့အတွက် လာသည်ဖြစ်စေ သူတို့ကို အရှင်ဖမ်းဆီးထားကြ”ဟု အမိန့်ပေး၏။
ထို့နောက် ယေဟုသည် ရှမာရိမြို့သို့ ထ၍ထွက်သွားရာ လမ်းတွင် ဗက်အက်ကက်အရပ်သို့ ရောက်လျှင်
ယုဒဘုရင်အာခဇိမင်းကြီး၏ဆွေမျိုးသားချင်းများနှင့် ဆုံသဖြင့် ယေဟုက “သင်တို့သည် မည်သူများနည်း”ဟု မေးလျှင် သူတို့က “အကျွန်ုပ်တို့သည် အာခဇိမင်းကြီး၏ဆွေမျိုးသားချင်းများ ဖြစ်ပါ၏။ ရှင်ဘုရင်၏သားတော်များ၊ မယ်တော်မိဖုရား၏သားတော်များကို နှုတ်ဆက်ရန် လာကြပါသည်”ဟု ပြန်ဖြေ၏။
ထို့နောက် ထိုနေရာမှဆက်လက်ထွက်ခွာလာ၍ သူ့ကိုလာရောက်ကြိုဆိုသော ရေခပ်၏သားယောနဒပ်နှင့် တွေ့ဆုံနှုတ်ဆက်လျက် “သင်သည် ငါနှင့်စိတ်သဘောထားချင်းတူပါသလော”ဟုမေးလျှင် ယောနဒပ်က “တူပါ၏”ဟုပြန်ဖြေရာ ယေဟုက “သို့ဖြစ်လျှင် သင့်လက်ကို ကမ်းပေးလော့”ဟု ဆို၏။ ယောနဒပ် လက်ကမ်းပေးလျှင် ယေဟုသည် သူ့ကို ရထားပေါ်သို့ ဆွဲတင်လိုက်လေ၏။
ယေဟုကလည်း သူတို့ထံ ဒုတိယအကြိမ်စာရေးလိုက်ပြန်၏။ စာထဲ၌ “သင်တို့သည် ငါ့စကားကိုနားထောင်ပြီး ငါ့ဘက်၌နေမည်ဆိုလျှင် သင်တို့သခင်၏သားများ၏ခေါင်းကိုဖြတ်ပြီး မနက်ဖြန်ဤသို့သောအချိန်၌ ငါရှိရာယေဇရေလမြို့သို့ ယူဆောင်လာကြလော့”ဟု ရေးထား၏။ ဘုရင့်သားတော်အပါးခုနစ်ဆယ်တို့သည် အထိန်းတော်များဖြစ်သောမြို့မိမြို့ဖများနှင့်အတူ ရှိနေ၏။
အာခဇိမင်းကြီး၏မယ်တော်အာသလိသည် မိမိ၏သားတော်အနိစ္စရောက်သည်ကို သိမြင်သည်နှင့်ထ၍ တော်ဝင်မင်းမျိုးမင်းနွယ်အားလုံးကို သုတ်သင်ပစ်လေ၏။
သူသည် အာဟပ်မင်းကြီး၏သမီးတော်ကို မိဖုရားမြှောက်ထား၍ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ပြီး ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုလေ၏။
အာခဇိမင်းကြီး၏မယ်တော်အာသလိသည် မိမိ၏သားတော်အနိစ္စရောက်သည်ကို သိမြင်သည်နှင့်ထ၍ ယုဒတော်ဝင်မင်းမျိုးမင်းနွယ်အားလုံးကို သုတ်သင်ပစ်လေ၏။
ယေဟုသည် အာဟပ်မင်းမျိုးမင်းနွယ်ကို ကွပ်မျက်စီရင်သောအခါ ယုဒအကြီးအကဲများနှင့် အာခဇိမင်းကြီးကိုခစားသော အာခဇိမင်းကြီး၏ဆွေမျိုးသားချင်းတို့ကို တွေ့သဖြင့် သူတို့ကိုပါ ကွပ်မျက်လေ၏။
ရှေခင်မြို့၊ ရှိလောမြို့၊ ရှမာရိမြို့တို့မှ လူအယောက်ရှစ်ဆယ်တို့ ရောက်လာကြ၏။ သူတို့သည် မုတ်ဆိတ်ရိတ်ထားကြ၏။ သူတို့၏အဝတ်လည်း စုတ်ပြဲနေ၏။ ကိုယ်ကိုလည်း မွှမ်းထားကြ၏။ လက်ထဲတွင်လည်း ထာဝရဘုရား၏အိမ်တော်အဖို့ ဘောဇဉ်ပူဇော်သက္ကာနှင့် လော်ဗန်တို့ကို ယူဆောင်လာကြ၏။