ထို့ပြင် ဟိရံမင်းကြီး၏သင်္ဘောများသည် ဩဖိရအရပ်မှရွှေများယူဆောင်လာသည့်အပြင် ဩဖိရအရပ်မှ စန္ဒကူးသစ်သားအများအပြားနှင့် အဖိုးတန်ကျောက်များကိုလည်း တင်ဆောင်လာပေး၏။
၃ ရာ 9:27 - မြန်မာ့စံမီသမ္မာကျမ်း ဟိရံမင်းကြီးသည် ပင်လယ်ပြင်အကြောင်းကို သိနားလည်သော မိမိ၏အမှုထမ်းသင်္ဘောသားတို့ကို ရှောလမုန်မင်းကြီး၏အမှုထမ်းတို့နှင့်အတူ သင်္ဘောလိုက်စေ၏။ Common Language Bible ဟိရံမင်းသည်လည်းအလုပ်ရည်ဝသည့်သင်္ဘော သားအချို့ကို ရှောလမုန်၏လူတို့နှင့်အတူ အမှုထမ်းရန်ပေးပို့တော်မူ၏။- Garrad Bible ပင် လယ် သွား ကျွမ်း ကျင် သူ ကိုယ့် သင်္ဘော သား တို့ ကို ရှော လ မုန် မင်း ၏ သင်္ဘော သား တို့ နှင့် အ တူ စီး စေ ၍ Judson Bible ပင်လယ်ကူးသောအမှုကို နားလည်သော မိမိကျွန်၊ သင်္ဘောသားတို့ကို ဟိရံမင်းသည် ထိုသင်္ဘောပေါ်မှာရှောလမုန်၏ လူတို့နှင့်အတူစီးစေ၏။ |
ထို့ပြင် ဟိရံမင်းကြီး၏သင်္ဘောများသည် ဩဖိရအရပ်မှရွှေများယူဆောင်လာသည့်အပြင် ဩဖိရအရပ်မှ စန္ဒကူးသစ်သားအများအပြားနှင့် အဖိုးတန်ကျောက်များကိုလည်း တင်ဆောင်လာပေး၏။
အာဟပ်မင်းကြီး၏သားတော်အာခဇိမင်းကြီးက ယောရှဖတ်မင်းကြီးအား “အကျွန်ုပ်၏အစေအပါးတို့ကို သင်၏အစေအပါးတို့နှင့်အတူ သင်္ဘောလိုက်စေပါ”ဟု တောင်းဆိုသည်ကို ယောရှဖတ်မင်းကြီးက လက်မခံခဲ့။
ထို့ကြောင့် အကျွန်ုပ်အဖို့ လက်ဘနွန်တောင်မှ သစ်ကတိုးပင်များကို ခုတ်ပေးကြရန် အမိန့်ထုတ်ပြန်ပါ။ အကျွန်ုပ်၏အမှုထမ်းတို့သည် မင်းကြီး၏အမှုထမ်းတို့နှင့်အတူ အလုပ်လုပ်ကြပါလိမ့်မည်။ မင်းကြီး၏အမှုထမ်းတို့အတွက် လုပ်အားခကိုလည်း မင်းကြီးဆိုသည့်အတိုင်း ပေးပါမည်။ မင်းကြီးသိတော်မူသည့်အတိုင်း အကျွန်ုပ်တွင် ဆီဒုန်လူမျိုးတို့ကဲ့သို့ သစ်ခုတ်ကျွမ်းကျင်သူ မရှိပါ”ဟု မှာကြားလိုက်လေ၏။
အကျွန်ုပ်၏အမှုထမ်းတို့အား လက်ဘနွန်တောင်မှသစ်တို့ကို ပင်လယ်အထိသယ်လာပြီး ဖောင်ဖွဲ့၍ပင်လယ်ရေကြောင်းအတိုင်း မျှောချမည်။ မင်းကြီးအလိုရှိသောနေရာသို့ရောက်လျှင် ဖောင်ကိုဖျက်ပြီး သစ်တို့ကို သယ်ယူသွားပါ။ မင်းကြီးလည်း အကျွန်ုပ်၏နန်းတွင်းသူနန်းတွင်းသားတို့အတွက် ရိက္ခာကို ဖြည့်ဆည်းပေးပါရန် အကျွန်ုပ်ဆန္ဒပြုပါသည်”ဟု အကြောင်းပြန်ကြားလေ၏။
ထို့ပြင် ရှောလမုန်မင်းကြီးသည် ဧဒုံပြည်၊ ပင်လယ်နီကမ်းခြေရှိ ဧလတ်မြို့အနီး ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောကိုတည်ဆောက်၏။
ဆီဒုန်မြို့သားများနှင့်အာဝဒ်မြို့သားတို့သည် တက်ခတ်သမားများဖြစ်ကြ၏။ အို တိုင်ရာမြို့၊ သင်၌ ကျွမ်းကျင်သောမာလိန်မှူးများရှိ၏။