ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်နှင့် ရှင်ဘုရင်နန်းတော်တည်းဟူသော အဆောက်အအုံနှစ်ခုကို တည်ဆောက်ချိန် အနှစ်နှစ်ဆယ်ကြာသောအခါ
၃ ရာ 9:11 - မြန်မာ့စံမီသမ္မာကျမ်း တိုင်ရာဘုရင်ဟိရံမင်းကြီးသည် ရှောလမုန်မင်းကြီးအား သစ်ကတိုးသား၊ ထင်းရှူးသားနှင့် ရွှေတို့ကို အလိုရှိသမျှပံ့ပိုးပေးခဲ့သဖြင့် ရှောလမုန်မင်းကြီးသည် ဟိရံမင်းကြီးအား ဂါလိလဲပြည်ရှိ မြို့နှစ်ဆယ်မြို့ကိုပေးလေ၏။ Common Language Bible တုရုဘုရင်ဟိရံသည်ရှောလမုန်၏တည်ဆောက် ရေးအတွက် လိုသမျှသောသစ်ကတိုးသား၊ ထင်း ရှူးသားနှင့်ရွှေကိုပေးပို့လေသည်။ တည်ဆောက် ရေးပြီးဆုံးချိန်၌ရှောလမုန်မင်းသည်ဟိရံ အားဂါလိလဲနယ်မြေရှိမြို့နှစ်ဆယ်ကိုပေး တော်မူ၏။- Garrad Bible ရှော လ မုန် မင်း သ ဘော တော် အ တိုင်း သစ် က တိုး၊ ထင်း ရူး သား နှင့် တ ကွ၊ ရွှေ များ ကို ပေး ပို့ သော တု ရု ဘုရင် ဟိ ရံ မင်း အား ဂါ လိ လဲ ပြည် နယ် အ တွင်း မြို့ ရွာ နှစ် ဆယ် ကို ပေး ရာ Judson Bible တုရုမင်းကြီးဟိရံသည် ရှောလမုန်လိုချင်သမျှအတိုင်း အာရဇ်သစ်သား၊ ထင်းရှူးသစ်သားနှင့် ရွှေအခွက်တစ်ရာနှစ်ဆယ်ကို ပေးနှင့်သည်ဖြစ်၍၊ ရှောလမုန်မင်းကြီးသည် ဂါလိလဲပြည်၌ မြို့နှစ်ဆယ်ကို ဟိရံမင်းကြီးအားပေး၏။ |
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်နှင့် ရှင်ဘုရင်နန်းတော်တည်းဟူသော အဆောက်အအုံနှစ်ခုကို တည်ဆောက်ချိန် အနှစ်နှစ်ဆယ်ကြာသောအခါ
ထို့ကြောင့် ဟိရံမင်းကြီးသည် တိုင်ရာမြို့မှထွက်လာ၍ ရှောလမုန်မင်းကြီးပေးသောမြို့များကို သွားရောက်ကြည့်ရှုရာ ထိုမြို့များကို စိတ်တိုင်းမကျဖြစ်လျက်
အကျွန်ုပ်တို့သည် မင်းကြီးအလိုရှိသမျှ လက်ဘနွန်တောင်မှသစ်တို့ကိုခုတ်ပြီး ယုပ္ပေမြို့အထိ ပင်လယ်လမ်းအတိုင်း ဖောင်ဖွဲ့၍ပို့လိုက်မည်။ ထိုနေရာမှ ဂျေရုဆလင်မြို့သို့ မင်းကြီးပြန်သယ်ယူပါ”ဟူ၍ ဖြစ်၏။
ရှောလမုန်မင်းကြီးသည် မိမိအား ဟုရံမင်းကြီးပေးထားသောမြို့ရွာများကို ပြန်လည်တည်ဆောက်ပြီး အစ္စရေးအမျိုးသားတို့အား ထိုမြို့များတွင် နေထိုင်စေ၏။
တစ်ဖန် ထာဝရဘုရားက “တိုင်ရာမြို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ညီအစ်ကိုချင်းဖွဲ့သောပဋိညာဉ်ကို မအောက်မေ့ဘဲ ပြည်သူတစ်ရပ်လုံးကို ဧဒုံပြည်သို့ အပ်လိုက်လေပြီ။
ထို့ကြောင့် သူတို့သည် ဂါလိလဲပြည်၊ နဿလိတောင်ပေါ်ဒေသရှိ ကေဒေရှမြို့၊ ဧဖရိမ်တောင်ပေါ်ဒေသရှိ ရှေခင်မြို့၊ ယုဒတောင်ပေါ်ဒေသရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့တို့ကို ရွေးချယ်၏။