သူတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သယ်ဆောင်လာပြီး ဒါဝိဒ်မင်းကြီး စိုက်ထူထားသောတဲတော်အတွင်းတွင် ချထား၍ ထာဝရဘုရားရှေ့တော်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြလေ၏။
၃ ရာ 8:62 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရှင်ဘုရင်နှင့်တကွ အထံတော်ရှိ အစ္စရေးလူမျိုးအပေါင်းတို့သည် ထာဝရဘုရားထံ ယဇ်ပူဇော်ကြလေ၏။ Common Language Bible ထို့နောက်ရှောလမုန်မင်းနှင့်ပြည်သူအပေါင်း တို့သည် ထာဝရဘုရားအားယဇ်များကို ပူဇော်ကြ၏။- Garrad Bible ဘု ရင် မင်း မှ စ၍ ဣ သ ရေ လ တစ် မျိုး လုံး သည် ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ဆက် ကပ် ပူ ဇော် ကြ ၏။ Judson Bible ထိုအခါ ရှောလမုန်မင်းကြီးနှင့်တကွ ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ ယဇ်ပူဇော်ကြ၏။ |
သူတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သယ်ဆောင်လာပြီး ဒါဝိဒ်မင်းကြီး စိုက်ထူထားသောတဲတော်အတွင်းတွင် ချထား၍ ထာဝရဘုရားရှေ့တော်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြလေ၏။
ထာဝရဘုရားထံ ယဇ်များကိုပူဇော်ပြီး နောက်တစ်နေ့တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် နွားထီးအကောင်တစ်ထောင်၊ သိုးထီးအကောင်တစ်ထောင်၊ သိုးသငယ်အကောင်တစ်ထောင်နှင့် သွန်းလောင်းရာပူဇော်သက္ကာများကို ပူဇော်ကြ၏။ အစ္စရေးတစ်မျိုးသားလုံးအတွက် ယဇ်များကို အမြောက်အမြား ပူဇော်ကြ၏။