အို အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော့်အစေအပါးဆုတောင်းအသနားခံသည်ကို ဂရုစိုက်လှည့်ပါ။ ယနေ့ ကိုယ်တော့်ရှေ့တော်တွင် ကိုယ်တော့်အစေအပါး တောင်းလျှောက်သောဆုတောင်းသံ၊ အော်ဟစ်သံကို နားညောင်းတော်မူပါ။
အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ် သည်ကိုယ်တော်၏အစေခံဖြစ်ပါ၏။ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ ယနေ့ အကျွန်ုပ်လျှောက်ထားပန်ကြားချက်ကိုနား ညောင်းတော်မူပါ။-
အို ထာ ဝ ရ ဘု ရား သ ခင်၊ ကျွန် တော် မျိုး တောင်း လျှောက် ချက်၊ အ သ နား တော် ခံ ချက် ကို ငဲ့၍ ယ နေ့ ပြု သော ပ ဌ နာ ကို နား ညောင်း တော် မူ သ ဖြင့်၊
သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ယနေ့ကြွေးကြော်လျက် ပတ္ထနာပြု၍ တောင်းလျှောက်သောစကားကို နားခံနာယူတော်မူပါ။
သို့သော် ထာဝရဘုရားသည် သူတို့ကို သနားတော်မူ၏။ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကြောင့် သူတို့ကို သနားစုံမက်၍ ကြည့်ရှုတော်မူ၏။ သူတို့ကို မဖျက်ဆီးလိုသောကြောင့် ယနေ့တိုင်အောင် သူတို့ကို ရှေ့တော်မှ မဖယ်ရှားဘဲနေတော်မူ၏။
အို အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော့်အစေအပါးဆုတောင်းအသနားခံသည်ကို ဂရုစိုက်လှည့်ပါ။ ကိုယ်တော့်ရှေ့တော်တွင် ကိုယ်တော့်အစေအပါး တောင်းလျှောက်သောဆုတောင်းသံ၊ အော်ဟစ်သံကို နားညောင်းတော်မူပါ။
မျက်စိကိုဖွင့်၊ နားကိုစွင့်တော်မူ၍ ကိုယ်တော်၏အစေအပါးအစ္စရေးလူမျိုးတို့အတွက် ရှေ့တော်၌ နေ့ညမပြတ်ဆုတောင်းပေးသောကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ အစ္စရေးလူမျိုးတို့ ကျူးလွန်မိသောအပြစ်၊ အကျွန်ုပ်နှင့်အကျွန်ုပ်၏ဘိုးဘေးအမျိုးအနွယ်တို့ ကျူးလွန်မိသောအပြစ်တို့ကို ဝန်ချတောင်းပန်ပါ၏။
အကျွန်ုပ်၏ဆုတောင်းချက်သည် ကိုယ်တော်၏ရှေ့တော်၌ နံ့သာပေါင်းကဲ့သို့လည်းကောင်း၊ အကျွန်ုပ်လက်ကိုမြှောက်ချီခြင်းသည် နေဝင်ချိန်၏ပူဇော်သက္ကာကဲ့သို့လည်းကောင်း မှတ်ယူခြင်းခံရပါစေသော။
အကျွန်ုပ်ကိုဖြောင့်မတ်စေတော်မူသော ဘုရားသခင်၊ အကျွန်ုပ်ခေါ်သောအခါ အကျွန်ုပ်ကိုထူးတော်မူပါ။ အကျွန်ုပ်ဆင်းရဲဒုက္ခထဲရောက်သောအခါ ကိုယ်တော်သည် အကျွန်ုပ်ကို ချမ်းသာပေးတော်မူပါပြီ။ အကျွန်ုပ်ကိုသနား၍ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်၏စကားကို စူးစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်၏ညည်းညူသံကို သတိပြုတော်မူပါ။
အကျွန်ုပ်၏ရှင်ဘုရင်နှင့်အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံ ဆုတောင်းသည်ဖြစ်၍ အကျွန်ုပ်၏အော်ဟစ်သံကို အာရုံစိုက်နားထောင်တော်မူပါ။
အို ဘုရားရှင်၊ အကျွန်ုပ်ကိုသနားတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်ကို တစ်နေ့လုံးခေါ်ပါ၏။
ထို့နောက် ဟေဇကိမင်းကြီးက ထာဝရဘုရားထံတော်သို့
ထို့နောက် စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အစဉ်ဆုတောင်းရမည့်အကြောင်း ကိုယ်တော်သည် ပုံဥပမာအားဖြင့် လူတို့အား မြွက်ဆိုတော်မူသည်မှာ
ဘုရားသခင်သည်လည်း မိမိထံ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်နေသည့် မိမိရွေးကောက်တော်မူသောသူတို့အတွက် တရားသဖြင့်မစီရင်ဘဲ ကြာရှည်စွာဆိုင်းထားတော်မူလိမ့်မည်လော။
မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အရာရာ၌ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် သင်တို့တောင်းခံလိုသောအရာများကို ဘုရားသခင်အား သိစေကြလော့။