ကိုယ်တော်သည် မိုးကောင်းကင်ကို ညွတ်စေ၍ ကြွဆင်းတော်မူ၏။ အမှောင်ထုသည် ခြေတော်အောက်၌ရှိ၏။
၃ ရာ 8:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှောလမုန်မင်းကြီးမြွက်ဆိုသည်မှာ “တိမ်ထုကြီးထဲတွင် စံမြန်းတော်မူမည်ဟု ထာဝရဘုရားမိန့်ဆိုပြီ။ Common Language Bible ထိုအခါရှောလမုန်က၊ ``အို ထာဝရဘုရား၊ကိုယ်တော်သည် မိုးကောင်းကင်တွင်နေကိုထားရှိတော်မူသော်လည်း၊ မိုးတိမ်တွင်လည်းကောင်း၊မှောင်မိုက်တွင်လည်းကောင်း စံရန်ရွေးချယ်တော်မူပါ၏။ Garrad Bible ထို နောက် ရှော လ မုန် မင်း က၊ မှောင် အ တိ တွင် ငါ စံ နေ မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ပါ ပြီ။ Judson Bible ရှောလမုန်ကလည်း၊ ထာဝရဘုရားသည် ထူထပ်သောမှောင်မိုက်ထဲမှာနေတော်မူသည်ဟု စကားတော်ရှိ၏။ |
ကိုယ်တော်သည် မိုးကောင်းကင်ကို ညွတ်စေ၍ ကြွဆင်းတော်မူ၏။ အမှောင်ထုသည် ခြေတော်အောက်၌ရှိ၏။
ထိုမိုးတိမ်များကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ဆောင်၍ပင် မရကြတော့ပေ။ ဤသို့ဖြင့် ထာဝရဘုရား၏ဘုန်းတော်သည် ထာဝရဘုရား၏အိမ်တော်ကို ဖုံးလွှမ်းလျက်ရှိလေ၏။
ဧဇရသည် လူအပေါင်းတို့ထက်မြင့်သောနေရာတွင်ရပ်၍ လူအပေါင်းတို့ရှေ့တွင် ကျမ်းစာအုပ်ကိုဖွင့်လိုက်၏။ ထိုသို့ ကျမ်းစာအုပ်ကိုဖွင့်လိုက်သောအခါ လူအပေါင်းတို့သည် မတ်တတ်ရပ်ကြ၏။
မိုးတိမ်နှင့်အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိ၏။ ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်၏။
မောရှေသည် ဘုရားသခင်ရှိရာအမှောင်ထုသို့ ချဉ်းကပ်သောအခါ လူတို့သည် အဝေး၌ရပ်နေကြ၏။
အို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကယ်တင်ရှင်၊ အကယ်စင်စစ် ကိုယ်တော်သည် လျှို့ဝှက်နက်နဲသောဘုရား ဖြစ်တော်မူ၏။
“ငါသည် ကရုဏာတော်ပလ္လင်အထက်တွင် မိုးတိမ်အားဖြင့်ထင်ရှားမည်ဖြစ်၍ သင်၏အစ်ကိုအာရုန်မသေရမည့်အကြောင်း သေတ္တာပေါ်ရှိ ကရုဏာတော်ပလ္လင်ရှေ့၊ ကန့်လန့်ကာအတွင်းဘက်ရှိ သန့်ရှင်းရာဌာနထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာခြင်းမပြုရန် သူ့အားပြောလော့။
သင်တို့လည်း ချဉ်းကပ်လာ၍ တောင်ခြေရင်း၌ ရပ်နေကြ၏။ ထိုအခါ တောင်ပေါ်၌ မိုးကောင်းကင်အလယ်တိုင်အောင် မီးတောက်လောင်ပြီး မှောင်မည်းသောမိုးတိမ်နှင့်အမှောင်ထုဖုံးလေ၏။
ထာဝရဘုရားသည် တောင်ပေါ်၌ မီး၊ မိုးတိမ်နှင့် အမှောင်ထုတို့ထဲမှ ကြီးမားသောအသံဖြင့် လူအစုအဝေးတစ်ရပ်လုံးအား ဤစကားတို့ကို မိန့်တော်မူ၏။ ထို့နောက် ထပ်၍ မိန့်တော်မမူဘဲ ဤစကားတို့ကို ကျောက်ပြားနှစ်ချပ်ပေါ်၌ ရေးသားပြီး ငါ့အား ပေးအပ်တော်မူ၏။
သင်တို့သည် တို့ထိစမ်းသပ်နိုင်သောတောင်တည်းဟူသော မီးတောက်လောင်ခြင်း၊ မှုန်မှိုင်းခြင်း၊ မှောင်မည်းခြင်း၊ မိုးသက်မုန်တိုင်း၊