နာခုန်ကောက်နယ်တလင်းသို့ ရောက်လာသောအခါ နွားခြေချော်သွား၍ ဩဇသည် ဘုရားသခင်၏သေတ္တာတော်ကို လက်နှင့်လှမ်းထိန်းလိုက်မိသောကြောင့်
၃ ရာ 8:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်တွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ်မြို့ခေါ်ဇိအုန်မြို့သို့ ယူဆောင်လာရန် ရှောလမုန်မင်းကြီးသည် အစ္စရေးသက်ကြီးဝါကြီးများ၊ အစ္စရေးအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်များဖြစ်သော အမျိုးအနွယ်တို့၏အကြီးအမှူးအပေါင်းတို့အား ရှောလမုန်မင်းကြီးရှိရာ ဂျေရုဆလင်မြို့သို့ လာရောက်စုရုံးစေ၏။ Common Language Bible ရှောလမုန်မင်းသည် ထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုဇိအုန်တည်းဟူသောဒါဝိဒ်မြို့ မှ ဗိမာန်တော်သို့ပင့်ဆောင်ရန်အတွက် ဣသရေလ ခေါင်းဆောင်များဖြစ်သည့်အနွယ်ခေါင်းဆောင်များ နှင့်သားချင်းစုခေါင်းဆောင်များအား အထံတော် သို့ဆင့်ခေါ်တော်မူ၏။- Garrad Bible ထို အ ခါ ရှော လ မုန် မင်း သည် ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ကို ဇိ အုန် ခေါ် ဒါ ဝိဒ် မြို့ တော် မှ ပင့် ဆောင် ရန် ကြံ ရွယ် လျက် ဣ သ ရေ လ လူ ကြီး တည်း ဟူ သော အ မျိုး အ နွယ် ဦး စီး ဦး ကိုင်၊ အိမ် ထောင် အ ကြီး အ ကဲ ဟူ သ မျှ ကို ယေ ရု ရှ လင် မြို့၊ အ ထံ တော် သို့ ဆင့် ခေါ် လေ ၏။ Judson Bible ထိုအခါ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဇိအုန်မည်သော ဒါဝိဒ်မြို့မှ ဆောင်ခဲ့လိုသောငှာ၊ ရှောလမုန်သည် ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီးအသီးကို အုပ်သော ခေါင်းမင်းအပေါင်းတို့ကို ယေရုရှလင်မြို့၊ ရှင်ဘုရင်ထံသို့ ခေါ်တော်မူသည်အတိုင်း၊ |
နာခုန်ကောက်နယ်တလင်းသို့ ရောက်လာသောအခါ နွားခြေချော်သွား၍ ဩဇသည် ဘုရားသခင်၏သေတ္တာတော်ကို လက်နှင့်လှမ်းထိန်းလိုက်မိသောကြောင့်
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။
ရှောလမုန်မင်းကြီးနိုးလာလျှင် အိပ်မက်ဖြစ်ကြောင်းကို သိရလေ၏။ သူသည် ဂျေရုဆလင်မြို့သို့ ပြန်သွား၍ ဘုရားရှင်၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင် ရပ်လျက် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထို့နောက် သူ၏အမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲ ကျင်းပပေးလေ၏။
ဒါဝိဒ်မင်းကြီးသည် ရဲတိုက်တွင်နေသည်ကိုအစွဲပြု၍ ထိုရဲတိုက်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆိုကြ၏။
ဤသို့ဖြင့် ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးသက်ကြီးဝါကြီးများ၊ လူတစ်ထောင်အုပ်သောသူများသည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဩဗဒေဒုံ၏အိမ်မှ ပြန်သယ်လာရန် ဝမ်းမြောက်စွာထွက်သွားကြ၏။
ဒါဝိဒ်မြို့တွင်းသို့ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော် ဝင်ရောက်လာသောအခါ ရှောလုမင်းကြီး၏သမီးတော် မိခါလသည် ပြတင်းပေါက်မှလှမ်းကြည့်ရာ ဒါဝိဒ်မင်းကြီး ကခုန်ပျော်မြူးနေသည်ကိုမြင်လျှင် သူ့စိတ်ထဲတွင် ဒါဝိဒ်မင်းကြီးကို မထီလေးစားပြုမိလေ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် သူပြင်ဆင်ထားသောနေရာသို့ ထာဝရဘုရား၏သေတ္တာတော်ကို ယူဆောင်လာရန် အစ္စရေးလူမျိုးအပေါင်းတို့ကို ဂျေရုဆလင်မြို့သို့ စုဝေးစေ၏။
ဒါဝိဒ်မင်းကြီးသည် အစ္စရေးအကြီးအကဲများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မင်းမှုထမ်းတပ်ဖွဲ့အကြီးအကဲများ၊ လူတစ်ထောင်အုပ်များနှင့် လူတစ်ရာအုပ်များအားလုံး၊ ရှင်ဘုရင်နှင့်သားတော်တို့၏ဥစ္စာပစ္စည်းများ၊ တိရစ္ဆာန်များကိုကြီးကြပ်ပေးရသူများအားလုံး၊ နန်းတွင်းအကြီးအကဲများ၊ စစ်သူရဲများနှင့် ရဲစွမ်းသတ္တိရှိသူအားလုံးတို့ကို ဂျေရုဆလင်မြို့တွင် စုဝေးစေ၏။
ဂျေရုဆလင်မြို့ရှိ ထာဝရဘုရားအိမ်တော်သို့လာ၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲတော်ကျင်းပကြရန် ဟေဇကိမင်းကြီးသည် အစ္စရေးလူမျိုး၊ ယုဒလူမျိုးအပေါင်းတို့ထံ သတင်းပို့၏။ ဧဖရိမ်လူမျိုး၊ မနာရှေလူမျိုးတို့ထံသို့လည်း စာရေးအကြောင်းကြား၏။
သတ္တမလ ရောက်သောအခါ ကိုယ့်မြို့ကိုယ့်ရွာတို့၌နေထိုင်ကြသော အစ္စရေးလူမျိုးတို့သည် ဂျေရုဆလင်မြို့သို့ တစ်စိတ်တစ်သဘောတည်းစုဝေးလာကြ၍
တိုင်းနိုင်ငံတို့နှင့်လူမျိုးတကာတို့သည် ထာဝရဘုရားကိုဝတ်ပြုရန် အတူတကွစုဝေးကြသောအခါ ထာဝရဘုရား၏နာမတော်ကို ဇိအုန်တောင်၌လည်းကောင်း၊ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ဂျေရုဆလင်မြို့၌လည်းကောင်း ပြောကြားကြရန်အတွက်ဖြစ်၏။
ဇိအုန်၌စိုးစံတော်မူသောထာဝရဘုရားကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်ပြုသောအမှုတို့ကို လူမျိုးတကာတို့အလယ်၌ ပြောကြားကြလော့။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ အစစ်ခံပြီးသောကျောက်၊ တည်ထားသောအုတ်မြစ်အတွက် အဖိုးတန်သောထောင့်ချုပ်ကျောက်ကို ဇိအုန်တောင်ပေါ်တွင် ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် စိုးရိမ်တုန်လှုပ်မည်မဟုတ်။
ငါ၏ဖြောင့်မတ်ခြင်းကို အနီးသို့ငါဆောင်ခဲ့ပြီ။ အဝေး၌ရှိသည်မဟုတ်။ ငါ၏ကယ်တင်ခြင်းသည် နှောင့်နှေးမည်မဟုတ်။ ကယ်တင်ခြင်းကို ဇိအုန်တောင်၌ ငါထားမည်။ ငါ၏ဂုဏ်ကျက်သရေကို အစ္စရေးလူမျိုးအား ငါပေးမည်။
အမျိုးအနွယ်အသီးသီးထဲမှ တစ်မျိုးတစ်ယောက်စီ သင်တို့နှင့်အတူရှိရမည်။ သူတို့တစ်ဦးစီသည် မိမိဘိုးဘေးတို့၏အိမ်ထောင်စု၌ အကြီးအမှူးဖြစ်ရမည်။
ထိုအခါ ယောရှုက အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ သက်ကြီးဝါကြီးများ၊ အကြီးအမှူးများ၊ တရားသူကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများကိုခေါ်ပြီးလျှင် “ငါသည် အသက်အရွယ်ကြီးရင့်ပြီ။
ထို့နောက် ယောရှုသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ကို ရှေခင်မြို့၌ စုဝေးစေပြီးလျှင် အစ္စရေးသက်ကြီးဝါကြီးများ၊ ခေါင်းဆောင်များ၊ တရားသူကြီးများနှင့် ကြီးကြပ်သူများကို ဆင့်ခေါ်သဖြင့် သူတို့သည်လည်း ဘုရားသခင်၏ရှေ့တော်၌ရပ်နေကြ၏။
အဘယ်ကြောင့်ဆိုသော် “ကြည့်ရှုလော့။ ရွေးကောက်ထားသည့် အဖိုးထိုက်သောထောင့်ချုပ်ကျောက်ကို ဇိအုန်၌ ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် မည်သည့်အခါမျှ အရှက်ရလိမ့်မည်မဟုတ်”ဟု ကျမ်းစာ၌ ဆိုထား၏။