ဆစ်ထားသောကျောက် သုံးဆင့်၊ သစ်ကတိုးသားရက်မ တစ်ဆင့်တို့ဖြင့် ထာဝရဘုရား၏အတွင်းအိမ်တော်ဝင်းနှင့် အိမ်တော်ဆင်ဝင်နည်းတူ ဝင်းတံတိုင်းကြီးကို ဆောက်လုပ်ထား၏။
၃ ရာ 7:6 - မြန်မာ့စံမီသမ္မာကျမ်း တိုင်လုံးများပါရှိသည့် အလျားအတောင်ငါးဆယ်၊ အနံအတောင်သုံးဆယ်ရှိသော နန်းတော်ခန်းမဆောင်ကိုလည်း ဆောက်လုပ်၏။ ထိုတိုင်လုံးများ၏မျက်နှာစာတွင် တိုင်များနှင့်အမိုးပါသောဆင်ဝင်ဆောင်လည်း ရှိ၏။ Common Language Bible ထောက်တိုင်များပါသောခန်းမဆောင်မှာအလျား ခုနစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်ငါးပေရှိ၏။ ၎င်း၏မျက်နှာစာမှာတိုင်များနှင့်တကွ အမိုးရှိ၏။ Garrad Bible အ လျား အ တောင် ငါး ဆယ်၊ အ နံ သုံး ဆယ် ရှိ သော တိုင် စု ခေါ် မုတ် ဆောင် ကို လည်း လုပ် လျက် ၎င်း ရှေ့ စ နု ဆောင် မျက် နှာ စာ တွင် မုတ် ရိုး ထောက် တိုင် နှင့် တ ကွ စ မြင် ခံ လေ ၏။ Judson Bible တိုင်များ၊ ထုပ်ကြီးများနှင့်ပြည့်စုံ၍ အလျားအတောင်ငါးဆယ်၊ အနံအတောင်သုံးဆယ်ရှိသော ကနားပြင်ကိုလည်းလုပ်လေ၏။ |
ဆစ်ထားသောကျောက် သုံးဆင့်၊ သစ်ကတိုးသားရက်မ တစ်ဆင့်တို့ဖြင့် ထာဝရဘုရား၏အတွင်းအိမ်တော်ဝင်းနှင့် အိမ်တော်ဆင်ဝင်နည်းတူ ဝင်းတံတိုင်းကြီးကို ဆောက်လုပ်ထား၏။
အဝင်ဝတံခါးနှင့် တံခါးတိုင်ရှိသမျှတို့တွင် စတုရန်းပုံလေးထောင့်ကွက်များပါရှိပြီး ပြတင်းပေါက်သုံးတန်းနှင့် မျက်နှာချင်းဆိုင်လျက်ရှိ၏။