တွန်းလှည်းဆယ်ခုအတွက် အချင်းလေးတောင်ရှိပြီး ရေဗတ်လေးဆယ်စီဆံ့သည့် ကြေးနီအင်တုံဆယ်လုံးကိုလည်း သွန်းလုပ်၍ တွန်းလှည်းတစ်ခုစီအပေါ်တွင် အင်တုံတစ်လုံးစီတင်ထား၏။
၃ ရာ 7:39 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် တွန်းလှည်းငါးခုကို အိမ်တော်၏ယာဘက်ခြမ်း၌လည်းကောင်း၊ ကျန်ငါးခုကို ဝဲဘက်ခြမ်း၌လည်းကောင်း နေရာချထား၏။ ရေကန်ကိုမူ အိမ်တော်၏ယာဘက်ခြမ်း အရှေ့တောင်ထောင့်တွင် နေရာချထား၏။ Common Language Bible ဟိရံသည်ဗိမာန်တော်တောင်ဘက်၌လှည်းငါးစီး၊ မြောက်ဘက်၌အခြားလှည်းငါးစီးကိုနေရာချ ထား၍ ရေကန်ကိုမူအရှေ့တောင်ထောင့်၌ထား၏။ Garrad Bible ဗိ မာန် တော် တောင် ဘက်၌ ငါး ခု၊ မြောက် ဘက်၌ ငါး ခု၊ ထား၍ ရေ ကန် ကို ကား ဗိ မာန် တော် အ ရှေ့ တောင် ထောင့် ၌ ထား ၏။ Judson Bible အိမ်တော်လက်ယာဘက်၌ ခုံငါးခု၊ လက်ဝဲဘက်၌ငါးခုကိုထား၍ ရေကန်ကိုကား၊ အိမ်တော်လက်ယာဘက် အရှေ့တောင်ထောင့်၌ နေရာချ၏။ |
တွန်းလှည်းဆယ်ခုအတွက် အချင်းလေးတောင်ရှိပြီး ရေဗတ်လေးဆယ်စီဆံ့သည့် ကြေးနီအင်တုံဆယ်လုံးကိုလည်း သွန်းလုပ်၍ တွန်းလှည်းတစ်ခုစီအပေါ်တွင် အင်တုံတစ်လုံးစီတင်ထား၏။
ထို့ပြင် ဟိရံသည် အင်တုံများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ထိုသို့ ဟိရံသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်၌ လုပ်ဆောင်စရာရှိသမျှကို လုပ်ဆောင်ပြီးစီးသွား၏။
ဆေးကြောရန်အတွက် အင်တုံဆယ်လုံးကိုလည်း သွန်းလုပ်၍ ယာဘက်ခြမ်းတွင်ငါးလုံး၊ ဝဲဘက်ခြမ်းတွင်ငါးလုံး ထားရှိ၏။ မီးရှို့ရာယဇ်နှင့်ဆိုင်သောအကောင်များကို ထိုအင်တုံများတွင် ဆေးကြောရ၏။ ယဇ်ပုရောဟိတ်များမူကား ရေကန်ထဲတွင် ဆေးကြောသန့်စင်ရ၏။
ထို့ပြင် စီရင်ထုံးဖွဲ့ချက်အတိုင်း ရွှေဆီမီးခုံဆယ်ခုကိုလည်း သွန်းလုပ်၍ ဗိမာန်တော်အတွင်း ယာဘက်ခြမ်းတွင်ငါးခု၊ ဝဲဘက်ခြမ်းတွင်ငါးခု ထားရှိ၏။
ဤသို့ဖြင့် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အဖို့ လုပ်ဆောင်စရာအလုံးစုံတို့ကို လုပ်ဆောင်ပြီးစီးလေ၏။ ခမည်းတော်ဒါဝိဒ်မင်းကြီး ဆက်ကပ်လှူဒါန်းထားသော ရွှေထည်ငွေထည်အသုံးအဆောင်ရှိသမျှတို့ကို ရှောလမုန်မင်းကြီးယူဆောင်လာပြီး ဘုရားသခင်၏အိမ်တော်ရှိဘဏ္ဍာတိုက်ထဲတွင် ထားရှိလေ၏။